
(၇) ရက် သားသမီးလေးတွေအတွက် အချစ်ရေး ဗေဒင်လေးကို ပြန်လည် ဝေမျှပေးလိုက်ပါတယ်နော်။ ၇ ရက်သားသမီး အချစ်ဗေဒင် အကြောင်းလေးပဲ ဖြစ်ပါတယ် တနင်္ဂနွေ သားသမီး အရမ်းချစ်တတ်ပါတယ်။ သို့သော် နှစ်ယောက်ပြိုင်တူ ထားချင်တတ်တယ်။ သူတို့ အတွေးကတော့ အချစ်ဆိုတာ တစ်ယောက်ထဲနဲ့ ပြီးရမှာလား။ အချစ်ဆိုတာ ပေးလို့ ကုန်သွားတဲ့အရာမှ မဟုတ်တာနော်လို့ များသောအားဖြင့် ခံယူထားတတ်ကြတယ်။ အခြေအနေပေးရင် တစ်ယောက်ထက်ပိုရတတ် ယူတတ်ပါတယ်။ သူများ အထင်ကြီး လေးစားအောင်ပြောဆိုတတ်ကြပါတယ်။ သူတို့နဲ့စကားပြောပြီးရင်သူတို့ကို အထင်ကြီးလေးစားသွားတတ်ကြပါတယ်။ တကယ်တမ်းကျတော့ အပြောတစ်မျိုး အလုပ်တစ်မျိုးဖြစ်တတ်ပါတယ်။ အမျိုးသားများဆို ဇွတ် အတင်းချစ်ရေးဆိုတတ်တယ်။ အမျိုးသမီးများကျတော့ ပွင့်လင်းတယ်၊ ချစ်သူအတွက်ဘာမဆို ရင်ဆိုင်ချင်တတ်ကြပါတယ်။ ချစ်သူအတွက် မိသားစုကိုတောင် စွန့်လွှတ် အဆက်သွယ်ဖြတ်ရဲတာ တနင်္ဂနွေသမီးတွေပါပဲ။ တနင်္ဂနွေ သမီးများကျတော့ အစွဲ … Read more

ယောက်ျားလေးတွေ လမ်းခွဲသွားတတ်တာ မိန်းကလေးတစ်ယောက်ရဲ့ ဒီစရိုက်(၆) ချက်ကြောင့်ပါ

ယောက်ျားလေး တွေဟာ မိန်းကလေး တွေထက် ပိုပြီးချစ်တတ်တယ်လို့ထင်စရာရှိပေမယ့် တစ်စုံတစ်ယောက်ကို နှစ်နှစ်ကာကာချစ်မိဖို့အတွက်ကတော့ မိန်းကလေး တွေထက် ပိုမိုခက်ခဲပါတယ်။ တကယ်လို့ သူတို့ အရူးအမူး ချစ်မိတဲ့အခါမှာတော့ သူ့ရဲ့အချစ်ကိုအစွမ်းကုန်ပြသကြပေမယ့် စိတ်ကုန်သွားရင်တော့ မိန်းကလေး တွေထက် ပိုမိုပြတ်သားတတ်ကြပါတယ်။ဒါကြောင့် မိန်းကလေး တွေရဲ့ ဘယ်လိုအပြုအမူတွေက ယောက်ျားလေး တွေကို စိတ်ကုန်စေလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ ၁။ သူမကသူ့ကို ပြုပြင် ဖို့ကြိုးစားနေတယ်ဆိုတာကိုသိရင် တကယ်လို့ အဲဒီလိုခံစားမှုမျိုးကို ယောက်ျားလေးတွေ ခံစားရတဲ့အခါ သူတို့ဟာကိုယ့် အားနည်းချက် ကို ကြီးကြီးမားမားစဉ်းစားတတ်ကြပြီး သူတို့ကိုယ်သူတို့ ဝေဖန်မယ့်အစား ထွက်ပေါက်ကိုစတင်ပြီး ရှာဖွေပါလိမ့်မယ်။ ဒါကြောင့် သူတို့ရဲ့လုပ်ငန်းစဉ် တွေကို အရမ်းကြီးဂရုစိုက်ခြင်းဖြင့် သင့်အတွက်မထိရောက်တဲ့အပြင် ပိုမိုပြီးအခက်တွေ့စေပါတယ်။ ဒါဟာဘာကြောင့်လည်းဆိုတော့ ယောက်ျားလေး အများစုဟာ ချစ်သူရဲ့ အထင်ကြီးမှုကို လိုချင်တာကြောင့်ဖြစ်ပါတယ်။ အယ်ဘတ်အိုင်စတိုင်းက … Read more

မိန်းကလေးတွေက လူပျိုထက် ဘာလို့ များအိမ်ထောင်သည်ယောကျာ်းကို စွဲလမ်းမိတာဘာကြောင့်လဲ….

( ၁ )လူပျိုတွေထက် အိမ် ထောင်သည်ယောကျာ်းကပိုစီးပွားရှာနိုင်တယ်ထင်လို့ လား တကယ်က စီးပွားရှာနိုင်တယ်မရှာနိုင်ဘူးဆိုတာ တစ်ယောက်ချင်းစီအရည်အချင်းနဲ့  သက်ဆိုင်ပါတယ် ။လူပျိုထက် စီးပွားရှာနိုင်အားနည်းလို့ မိသားစုအဆင်မပြေတဲ့  အိမ်ထောင်သည်တွေအများကြီးရှိပါတယ် ။ ဒီတော့တွေးရမှာက အပျိုတစ်ယောက်အနေနဲ့ အိမ်ထောင်သည်ယောကျာ်းတစ်ယောက်ကိုမက်မောစွဲလမ်းတာက သူ့ ကိုရေများများလောင်း (ငွေများများပေး)လို့ ဖြစ်နိုင်တယ် ။ မပေးနိုင်တဲ့ နေ့ ကော … အဲ့ ဒီ့ အိမ်ထောင်သည်ကြီးကို ခွာမှာလားဒါဆို စဉ်းစားဖို့ လိုပါပြီ ။အမိဟာကိုယ့်ကိုယ်ကိုတန်ဖိုးဖြတ်နေတာကိုယ့်ကိုယ်ကိုလူမသိသူမသိတဲ့  ပြည့်တန်ဆာဘ၀ထဲသွပ်သွင်းနေတာပါ ။ ပိုက်ဆံရလို့ ကပ်တယ်ဆိုကတည်းက အဲ့ မိန်းမက ပြည့်တန်ဆာပဲ ပြည့်တန်ဆာသည်သာငွေကြေးအလို့ ငှာ ယောကျာ်းတွေနဲ့ ပလူးပရောနေတာပါ ။ (၂ )လူပျိုတွေထက် အိမ်ထောင်သည်ယောကျာ်းက ပိုပြီးချောတယ်ခန့် ညားတယ် ထင်လို … Read more

တွဲနေပေမယ့် ဘယ်တော့မှလက်ထပ်မှာမဟုတ်တဲ့ ယောက်ျားလေးတွေရဲ့ အကျင့်စရိုက်(၅)မျိုး

တချို့ ယောက်ျားလေး တွေက မိန်းကလေး တစ်ယောက်နဲ့ နှစ်အတော်ကြာတွဲနေတာတောင်ဘာကြောင့် အေးအေးဆေးဆေးနဲ့သက်တောင့်သက်သာဖြစ်နေရတာလဲ။ နှစ်ယောက်လုံးရဲ့ဆက်ဆံရေးကအဆင်ပြေနေတာမျိုးမဟုတ်ဘဲသူ့ဘက်က သွေးအေးလွန်းတဲ့အခြေအနေကိုဆိုလိုခြင်းဖြစ်ပါတယ်။ ဒါဟာမိန်းကလေးတစ်ယောက်တည်းကိုအတည်တကျလက်ထပ်ချင်တဲ့စိတ်ဆန္ဒသူတို့မှာမရှိတဲ့လက္ခဏာတွေပါပဲ။အဲဒီလိုမိန်းကလေးတစ်ယောက်ကို အပျော်တွဲရုံသာတွဲပြီး ဘယ်တော့မှ လက်ထပ်ဖို့စဉ်းစားမှာမဟုတ်တဲ့ယောက်ျားလေးတွေမှာဘယ်လိုအကျင့်စရိုက်တွေရှိသလဲဆိုတာ န်းကလေး တွေအနေနဲ့သိထားဖို့လိုပါတယ်။ အဲဒီအချက်တွေနဲ့ပတ်သက်ပြီး စုစည်းဖော်ပြပေးလိုက်ပါတယ်။ ( ၁ ) သင့်ရဲ့ ခွင့်လွှတ်နားလည်မှုကို ရယူတယ် များသောအားဖြင့်relationshipတစ်ခုမှာလက်ထပ်ဖို့ကိစ္စနဲ့ပတ်သက်လာရင်မိန်းကလေးက ယောက်ျားလေးကိုအသနားခံရတာဖြစ်လေ့ဖြစ်ထရှိတဲ့အခြေအနေလို့ပြောလို့ရပါတယ်။ ဒါပေမယ့်ထူးချွန်ထက်မြက်တဲ့ မိန်းမ တစ်ယောက်ထက်မြက်တဲ့မိန်းမတစ်ယောက်ရဲ့အချစ်ရေးမှာကျတော့ အဲဒီ မိန်းမရဲ့အချစ်ကို ပိုင်ဆိုင်ထားပေမယ့်လက်ထပ်ဖို့ဘယ်တော့မှမစဉ်းစားတဲ့ ….. ယောက်ျားလေးတွေဟာ အဲဒီမိန်းမနဲ့ရေရှည်ဆက်ဆံရေးတည်မြဲအောင်သူ့တို့ကိုယ်သူတို့နှိမ့်ချလေ့ရှိပြီးအဲဒီထက်မြက်တဲ့မိန်းမရဲ့ သနားညှာတာမှုကိုရယူလေ့ရှိကြပါတယ်။ ( ၂ ) အချိန်ဆိုင်းလေ့ရှိတယ် အထူးသဖြင့် သူတို့ပြောနေကျစကားက လက်ထပ်ဖို့အချိန်မတန်သေးဘူး၊ အချိန်မကျသေးဘူးဆိုတာပါပဲ။တခါတလေ လက်ထပ်ခါနီးအချိန်၊အားလုံးပြင်ဆင်ပြီးခါမှ သတို့သားကမင်္ဂလာပွဲကို ရောက်မလာတာမျိုးတွေ ပတ်ဝန်းကျင်မှာမြင်ဖူး၊ကြားဖူးကြမှာပါ။ဒါကြောင့် စုံတွဲတွေအနေနဲ့ သတိပြုရမှာက ဘယ်လို အရည်အချင်းပြည့်ဝတဲ့ယောက်ျားလေးပဲဖြစ်ပါစေ သူ့ရဲ့ အကြောင်းပြချက်ကိုအမှတ်တမဲ့မနေသင့်ဘူးဆိုတာပါပဲ။ ( ၃) … Read more

ယောက်ျားလေး တစ်ယောက်ရှေ့မှာ ဆွဲဆောင်မှုရှိအောင် နေနည်း (၄)နည်း

မိန်းကလေး တစ်ယောက်အနေနဲ့ ဘ၀မှာ အောင်မြင်ပျော်ရွှင်ဖို့ အထူးသဖြင့် ယောက်ျားလေး တစ်ယောက်ရှေ့မှာယုံကြည်မှု ရှိရှိနဲ့စွဲဆောင်မှုရှိနေစေဖို့လိုက်နာရမယ့် အချက် တွေများပါတယ်။ အဲဒီ အချက် အများကြီးထဲကမှရိုးရှင်းပြီး မြန်မြန်ဆန်ဆန် အကျိုးသက်ရောက်မှုဖြစ်စေမယ့် နည်းလမ်းလေးတွေ မိန်းကလေးအတွက်ဖော်ပြပေးလိုက်ပါတယ်။ (1)ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပါ မိန်းကလေး တစ်ယောက်အနေနဲ့ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတာကလည်း စွဲဆောင်မှုတစ်မျိုးရှိစေတယ်နော်။ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှု မရှိသေးဘူးဆိုရင်လည်းရှိလာအောင်လေ့ကျင့်ယူပါ။ဥပမာငါကစိတ်ရှည်တယ်၊ သူငယ်ချင်းတွေအပေါ်မှာ တော်ရုံစိတ်မဆိုးဘဲသည်းခံနိုင်တယ်စသဖြင့် ကိုယ့်ရဲ့လူမှု ပေါင်းသင်းဆက်ဆံရေး ရဲ့အားသာချက်လေးတွေကိုအမြဲတမ်းသတိထားပြီးကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတည်ဆောက်ပါ။ (2)သူ့ရဲ့favouriteအကြောင်းဆွေးနွေးပါ ဘယ်သူမဆိုကိုယ်နှစ်သက်တဲ့အရာတွေနဲ့ပတ်သက်ပြီး ဆွေးနွေးရတာ၊ ခေါင်းစဉ် တစ်ခုထားပြီးပြောရတာသဘောကျတတ်ကြပါတယ်။အဲဒီလိုပဲ ယောက်ျားလေး တစ်ယောက်ရှေ့မှာ စွဲဆောင်မှုရှိတဲ့သူတစ်ယောက်ဖြစ်ဖို့သိပ်ပြီးခက်ခက်ခဲခဲကြိုးစား စရာမလိုပါဘူး။ သူ စွဲစွဲလမ်းလမ်းလုပ်တတ်တဲ့ဝါသနာအကြောင်း၊ အရူးအမူးနှစ်သက်တဲ့ ရုပ်ရှင်အကြောင်းစသဖြင့် သင်သိ ထားတဲ့အချက်လေးတွေနဲ့ ဆက်စပ်ပြီး စကားစမြည်ပြောမယ်ဆိုရင်လည်း သင်တို့နှစ်ယောက်အတွက် ကျေနပ်စရာအခိုက် အတန့်လေးဖန်တီးနိုင်မှာပါ။ (3)နားထောင်တတ်သူတစ်ယောက်ဖြစ်ပါစေ သွက်သွက်လက်လက်တက်တက်ကြွကြွရှိတဲ့ မိန်းကလေး … Read more

ဝက်သားဒုတ်ထိုး ကြိုက်သူတွေ ဖတ်ဖြစ်အောင်ဖတ်သွား

ဆရာဝန်ညီလေးတစ်ယောက်ရဲ့ဆေးခန်းကိုလာပြတာ အသက် ၂၀ ကျော်ကောင်ကလေး၊ သူ့စအိုကနေ ( intestinal fluke လို့ခေါ်တဲ့ )အကောင်အရှင်လေးတွေ ထွက်ထွက်နေတာ ပေါ်လိုက်ပျောက်လိုက်နဲ့ ၃-၄ နှစ်လောက်ရှိပြီတဲ့…။ သတိထားမိတာတော့ အဲဒီမတိုင်ခင် ဝက်သားတုတ်ထိုးတွေ အတော်စားဖြစ်တယ်လို့ပြောတယ်။အဲဒီအကောင်လေးတွေသာ အသည်းထဲမှာတွယ်ကပ်မိရင် အတော်ကို ဆိုးဆိုးရွားရွား ဒုက္ခပေးတော့မှာ။ ဒီလပိုင်း/နှစ်ပိုင်းတွေမှာ ဆေးရုံမှာလည်းမကြာခဏတွေ့လာရတာတွေက အသက် ၃၀ ဝန်းကျင်လူနာတွေ အစာအိမ်ကင်ဆာ အူမကြီးကင်ဆာတွေနဲ့၊ တစ်ချို့ဆိုရင် ခွဲလို့မရနိုင်တော့တဲ့အခြေအနေမို့ အသက် ၃၀ ကျော်လေးမှာပဲ သေမင်းရက်ချိန်းကို ထိုင်စောင့်နေရတဲ့ဘဝတွေကိုဖြစ်လို့။ အဲဒီလိုလူနာတွေကို တွေ့ရ မြင်ရ ကြားရတိုင်း လမ်းဘေးမှာ မကျက်တကျက်ပြုတ်တွေထိုင်စားနေတဲ့ တုတ်ထိုးဆိုင်တွေ ၊ မကျက်တကျက်ကင်တဲ့အပြင် မီးခိုးငွေ့တွေ ညှော်ငွေ့တွေပါရိုက်ထားတဲ့ အကင်ဆိုင်တွေနဲ့ တစ်ခါတလေ ခေါင်းထဲ ဗိုက်ထဲက သွေးတွေတောင်ထွက်လာတတ်သေးတဲ့ငါးကင်တွေ… နောက်တစ်ခါ ဆိုင်ကြီးကနားကြီးတွေနဲ့ရောင်းပြီး ဈေးကြီးပေးစားရတဲ့ … Read more

ယောက်ျားတစ်ယောက်ကို စိတ်ရှင်းစွာနဲ့ “ချစ်တဲ့အခါ”

ယောက်ျားတစ်ယောက်ကို “ကျွန်မချစ်တဲ့အခါ” သူ့ ပိုင်ဆိုင်မှုကို ကျွန်မ မတပ်မက်ဘူး။ကျွန်မမှာ ကိုယ်ပိုင် ရပ်တည်နိုင်တဲ့ အရည်အချင်းတစ်ခု ပိုင်ဆိုင်ထားပြီးသား.. သူ့ ရာထူး/ဂုဏ်ပုဒ်တွေကလည်း ကျွန်မအတွက် အရေးမပါဘူး… ကျွန်မ ချစ်သူဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုကို လူတိုင်းရှေ့မှာ သူပြောရဲရင် ကျွန်မကျေနပ်ပြီလေ… သူရုပ်ရည် လှပနေအောင် ဂရုစိုက်နေစရာမလိုဘူး။ကျွန်မချစ်တာ မင်းသားမှ မဟုတ်ပဲ… သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းလေး နေတတ်ရင် ရပီပေါ့…. ဘယ်လိုနေနေ ကျွန်မချစ်သူက ကျွန်မမျက်စိထဲမှာ ကြည့်လို့ကောင်းပြီးသား…. 24နာရီ ကျွန်မကို အချိန်ပေးနေဖို့ ကျွန်မ မတောင်းဆိုဘူး….။ အလုပ်ချိန်/သူငယ်ချင်းတွေကို ပေးရမယ့်အချိန်/ကိုယ်ပိုင်အချိန်တွေ ပြီးရင်တော့ သူ့ကို မျှော်နေတဲ့ မိန်းခလေးတစ်ယောက်ကို သတိတရ ရှိနေပေးပေါ့… အွန်လိုင်းမှာ ရှိနေတဲ့အချိန် တခြား ကောင်မလေးတွေနဲ့ အီနေပြီး အလုပ်ရှုပ်နေတယ်လို့ မပြောကြေး … ကျူနေတယ်လို့ … Read more

သင်ကကော ဘာနေ့နံလဲ ဖတ်ကြည့်နော်…နေ့(၇) နေ့ နဲ့ သူတို့အကြောင်း…

သင်ကကောဘာနေ့နံလဲ ဖတ်ကြည့်နော်…နေ့(၇) နေ့ နဲ့ သူတို့အကြောင်း…. တနင်္ဂနွေ သားသမီး တနင်္ဂနွေ သားသမီးတွေက အရမ်းကြီး မထူးဆန်း ပေမဲ့… အခြားလူ တွေနဲ့ ကွဲပါးတဲ့ စရိုက်တွေကို ပိုင်ဆိုင်ထား သူတွေပါ… ဒါကြောင့် သူတို့ဟာ အခြား လူတွေနဲ့ ကွဲပါးနေတတ် ကြပါတယ်… တနင်္ဂနွေ သားသမီးတွေဟာ စာဖတ် ဝါသနာ ပါကြတယ်… ဗဟုသုတကို လိုက်စားတယ်… အအိပ်မက် တယ် အစားမကြီးဘူး… ဒါပေမဲ့ ခဏ ခဏ စားနေတတ် တာမျိုး… ဒေါသကြီးပေမဲ့ ကောက်ရိုးမီး လိုမျိုး… ခဏပဲ…. ပြီးရင် သူမဟုတ် သလိုမျိုး… စိတ်ဆိုး စိတ်ကောက် လွယ်တယ်…. ဒါပေမဲ့ စိတ်ပြေလွယ် တယ်.. ဒါကြောင့်မို့ သူတို့ဟာ ချစ်စရာ … Read more