ဗုဒ္ဓဟူးသားသမီးများအတွက် တစ်နှစ်စာကံကြမ္မာဟောစာတမ်း

ဗုဒ္ဓဟူးသားသမီးများအတွက် တစ်နှစ်စာဟောစာတမ်း ဗုဒ္ဓဟူးသားသမီး ယခုနှစ် သူများတကာထက်ပို၍ ကြိုးစားလုပ်ကိုင်ရမည်။ လုပ်ငန်းဟောင်းမှ အခွင့်အလမ်းကောင်းများ ကြုံတွေ့ရပြိး လက်တွေ့အကောင်အထည်ဖော်ဆောင်လုပ်ကိုင်ပြိး ကြိုးစားသင်ယူပါ။ ကြိုးစားလျှင် ရည်မှန်းချက်အောင်မြင်နိုင်သည်။အထက်လူကြီးတို့၏ မြောက်စားမှုခံရခြင်း၊ အများနှင့်မတူကြိုးစားအားထုတ်မှုကြောင်း မိမိရည်မှန်ချက်အောင်မြင်မည်။ ယုံကြည်မှုလည်းရရှိလိမ့်မည်။ဒါပေမဲ့ ပတ်ဝန်းကျင်မှမိမိအား ပြစ်တင်တင်ဝေဖန် ပြောဆိုမှုများအမြဲရှိနေနိုင်ပါသည်။မကြာမီကာလတွင်မိမိအတွက်အကျိုး ဖြစ်ထွန်းသည့်အခွင်အလမ်း၊အလုပ်အကိုင်များပါရရှိမည်။ ၂၀၂၁-ခုနှစ် ဇန်နဝါရီလ(၄)ရက် ​နေ့ ယနေ့ မြေသန့်မင်္ဂလာ၊ အဝီစိတွင်းတူး၊ မျိုးစေ့ချ၊ အစုရှယ်ယာဝင်ခြင်း၊ အာမခံ၊ စက်မှုတီထွင်ခြင်း၊ ကျောက်မျက်ရတနာတူးဖော်ခြင်း တို့ကောင်း၏။ (တနင်္ဂနွေဂြိဟ် ဓနုရာသီတွင် တည်ရှိနေ၍ ရှင်ပြု၊နားသ၊လက်ထက်၊ ဝိဝါဟမင်္ဂလာ၊ အိမ်ဆောက်၊ အိမ်တတ်မင်္ဂလာအခါရှောင့်သင့်၏။) ၂၀၂၁-ခုနှစ် ဇန်နဝါရီလ(၁၄)ရက် ​နေ့ ယနေ့ ကြောငြာလုပ်ငန်းလုပ်ခြင်း၊ ရတနာစူစမ်းရှာဖွေ့ခြင်း၊ကျောက်ဆစ်ထုခြင်း၊ ကုန်ပစ္စည်းသိုလှောင်ခြင်း၊ အလှကုန်ပစ္စည်းသစ်များဖြန့်ချီခြင်းတို့ကောင်း၏။ (တနင်္ဂနွေဂြိဟ် နံနက်၈နာရီ ၃၃မိနစ်လွန် မကာရရာသီပြောင်းဖြစ်၍ … Read more

အချစ်ရေးမှာ ဒီလို စိတ်နေစိတ်ထားမျိုးတွေ ရှိနေရင်တော့ အဆင်ပြေမှာ မဟုတ်ပါဘူး

အချစ်ရေးကိစ္စ တွေမှာ ငါဘာလို့အမြဲအဆင်မပြေဖြစ်နေရတာလဲ ၊ ငါနဲ့ကိုက်ညီတဲ့သူတော့ဒီတစ်သက်တွေ့ပါ့မလားလို့စိတ်ပူနေတဲ့သူတွေအတွက် ပြင်ဆင်သင့်တဲ့ စိတ်နေစိတ်ထားလေးတွေလည်းရှိပါတယ်။ အချစ်ရေးအဆင်ပြေဖို့အတွက် အရေးအကြီးဆုံး အချက် (၅) ချက်ကတော့ … (1) စံနှုန်း မြင့်နေတာ လူတစ်ယောက်မှာ ကိုယ်ပိုင် အကြိုက်နဲ့ စံနှုန်းတွေရှိတတ်ပါတယ် ။ သို့ပေမယ့် ချစ်သူရွေးတဲ့အခါမှာတော့ ငါကြိုက်တဲ့အချက်တွေမရှိလို့ ၊ ငါမျှော်မှန်းထားတဲ့ချစ်သူပုံမျိုးမဟုတ်လို့ဆိုတဲ့စိတ်မျိုးရှိနေရင်လည်း ကိုယ်နဲ့ အဆင်ပြေနိုင်တဲ့သူတွေအားလုံးနဲ့ လွဲချော်ရနိုင်ပါတယ်။ (2) မညှိနှိုင်းချင်ဘူး ရန်ဖြစ်ရင်လည်း သူပဲအလျော့ပေးရမယ် ၊ ငါကတော့ ဘလိုချေပြလိုက်မယ်ဆိုတဲ့ စိတ်မျိုးရှိနေတာက အချစ်ရေးမှာလုံးဝမကောင်းပါဘူး။ ကိုယ်မကြိုက်တာတွေကို ကိုယ့်ချစ်သူကိုပြင်စေချင်သလိုမျိုးပဲ ကိုယ့်ဘက်ကလည်း အလျော့ပေးသင့်တဲ့အခါပေးရပါမယ်။ သူပဲငါမကြိုက်တာအကုန်ပြင်ရမယ် ၊ ငါကတော့ နေချင်သလိုနေမယ် ကြိုက်ရင်နေ မကြိုက်ရင် ထွက်သွားဆိုရင်တော့ ဘယ်လို relationship နဲ့မှ ကြာကြာမြဲမှာမဟုတ်ပါဘူး (3) ကိုယ်နဲ့ … Read more

ဖွင့်မပြောပေမယ့် သင့်ကိုချစ်နေတဲ့သူမှန်း သိနိုင်မယ့် လက္ခဏာ (၅)မျိုး

အချစ်ဆိုတာ လူတစ်ယောက်ချင်းစီအလိုက် ခံယူပုံချင်းကွဲပြားနိုင်ပါတယ်။ တစ်ချို့တွေက အချစ်ကို ထုတ်ဖော်ပြသတတ်ကြပေမယ့် တစ်ချို့တွေကတော့ အချစ်ကိုထုတ်မပြကြပါဘူး။ ဖွင့်မပြောပေမယ့် အဝေးကနေ သင့်ကိုချစ်နေတဲ့သူတွေရှိနိုင်ပါတယ်။ သင့်ရဲ့ Ex ဒါမှမဟုတ် သင့်သူငယ်ချင်း၊ သင်မသိတဲ့သူ စသဖြင့် ဘယ်သူမဆိုဖြစ်နေနိုင်ပါတယ်။ အဝေးကနေသင့်ကိုချစ်နေတဲ့သူမှန်း သိနိုင်မယ့်အချက်လေးတွေကို ဖတ်ကြည့်လိုက်ပါဦး။ (၁) သင့်ကိုမနာကျင်စေချင်ဘူး လူတစ်ယောက်ဟာ သင့်ကိုမနာကျင်စေချင်ဘူးလို့ အဓိပ္ပါယ်သက်ရောက်တဲ့ စကားတွေကို သင့်ကိုပြောနေတယ်ဆိုရင်တော့ ဒါဟာ သင့်ကိုချစ်လို့ပါ။ အကြောင်းကတော့ရှင်းပါတယ်။ ဘယ်သူမဆို ကိုယ်ချစ်ရတဲ့သူတစ်ယောက်ကို မနာကျင်စေချင်ပဲ သူကောင်းဖို့ကိုပဲ လိုလားပေးတတ်ကြတာ သဘာဝပါပဲ။ (၂) ချစ်သူမရှိဘူး လူတစ်ယောက်က ကိုယ့်ကိုချစ်နေတယ်ဆိုတာကို မသိစိတ်ထဲကနေ အလိုလို သိနိုင်ပါတယ်။ မသိစိတ်ကအလိုလို သိနေတဲ့အပြင် နောက်ထပ်သေချာတဲ့အချက်ကတော့ အဲဒီ့လူမှာ ချစ်သူမရှိတာပါပဲ။ လူတစ်ယောက်ဟာ သင့်ကိုချစ်တဲ့အရိပ်အယောင်တွေပြတယ်၊ ချစ်သူလည်းမရှိဘူးဆိုရင်တော့ သေချာပါတယ်။ သင့်ကိုအဝေးကနေ ချစ်နေတာပါ။ … Read more

မမျှော်လင့်ဘဲ ကောင်လေးတွေ ကြွေသွားတတ်တဲ့ မိန်းကလေးတွေရဲ့ အပြုအမူလေးများ

လူတစ်ယောက်ကို ချစ်ဖို့ အချိန် စက္ကန့်ပိုင်းပဲ လိုပါတယ်တဲ့။ တစ်ယောက် အကြောင်း တစ်ယောက် မသိဘဲနဲ့လည်း ချစ်မိတတ်ကြတာ ဒါကြောင့်ပါပဲ။ အချစ်ကို စတင်တွေ့ရှိတဲ့ အချိန်တွေ အများစုကတော့ ကောင်မလေးတွေရဲ့ အပြုအမူတစ်ခုခုကို ကောင်လေးတွေ မြင်လိုက်ရလို့ ဖြစ်ပါတယ်။ အမှတ်တမဲ့ ကောင်မလေးတွေ ပြုလုပ်တဲ့ လှုပ်ရှားမှုမှာ ကောင်လေးတွေက ကြွေသွားတာမျိုး ဖြစ်ပါတယ်။ ဘယ်လို အပြုအမူတွေကို ကောင်လေးတွေက ကြွေတတ်လဲ ဆိုရင်တော့.. စိတ်ဆိုးနေတာ ဒေါသထွက်နေတဲ့အချိန် မဟုတ်ဘဲ မိန်းကလေးတွေ စိတ်ဆိုးစိတ်ကောက် ဖြစ်တဲ့အခါမှာ ဖြစ်နေတတ်တဲ့ အလိုမကျတဲ့ မျက်နှာအနေအထားက ကောင်လေး အများစုအတွက် သဘောကျစရာ ကောင်းနေတတ်ပါတယ်။ ဒီလို မျက်နှာပေးလေးနဲ့ ဆောင့်အောင် ပြုမူနေတာမျိုးကို မြင်မိပြီးလည်း ကောင်လေးတွေက ကြွေသွားတတ်ကြပါတယ်။ ကလေးဆန်တာ ကလေးဆန်တဲ့ အပြုအမူရှိတဲ့ … Read more

ကိုယ့်ဘဝလက်တွဲဖော်အဖြစ် ဘယ်တော့မှ မရွေးချယ်သင့်တဲ့ ယောကျာ်းအမျိုးအစား(၄)မျိုး

ဘဝလက်တွဲဖော်မရွေးချယ်ခင်မှာ သေချာလေး အလေးအနက်ထား စဉ်းစားဖို့တော့ လိုအပ်ပါတယ်။ ဘဝမှာ အချစ်တစ်ခုတည်း ရှိရုံနဲ့ ဘဝကြီးက ပြီးပြည့်စုံသွားတာ မဟုတ်ပါဘူး။ ဒီတော့ ကိုယ့်ဘဝလက်တွဲဖော်ကို ရွေးချယ်တော့မယ့်အချိန်မှာ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်တွေ အများကြီး ရှိလို့နေပါတယ်။ ဒီတော့ ကိုယ့်ဘဝလက်တွဲဖော်အဖြစ် ဘယ်တော့မှ မရွေးချယ်သင့်တဲ့ သူမျိုးကို ဖော်ပြပေးလိုက်ပါတယ်။   ဦးဆောင်နိုင်စွမ်း မရှိတဲ့သူ ကိုယ့်ဘဝရဲ့ အိမ်ထောင်ဦးစီးဖြစ်လာမယ့် သူတစ်ယောက်ဟာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေနဲ့ ဦးဆောင်နိုင်စွမ်းတွေတော့ ရှိဖို့လိုအပ်ပါတယ်။ ဘဝကို အတူတူ လက်တွဲသွားကြတဲ့အခါ မိန်းမသားဖြစ်တဲ့ ကိုယ်ကချည်း ဦးဆောင်နေလို့လည်း မဖြစ်ပြန်ပါဘူး။ ကိုယ့်ဘဝရဲ့ နေ့ရက်တွေမှာ ကိုယ်ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးမယ့် ဦးဆောင်နိုင်စွမ်းရှိတဲ့ သူကသာ ကိုယ့်ရဲ့ လက်တွဲဖော်ဖြစ်သင့်ပါတယ်။ အမြဲတမ်း လိမ်ညာတတ်တဲ့ သူ လူတွေက အလိမ်အညာစကားတွေနဲ့ … Read more

သေချာပေါက် ချစ်သူကောင်လေးကို အသဲယားစေတဲ့ အပြုအမူလေးများ

ကိုယ်ချစ်ရတဲ့ ကောင်မလေးတွေဆီမှာ သေချာပေါက် ချစ်သူကောင်လေးကို အသဲယားစေတဲ့ အပြုအမူလေးများ ကိုယ်ချစ်ရတဲ့ ကောင်မလေးတွေဆီမှာ သေချာပေါက် ချစ်သူကောင်လေးကို အသဲယားစေတဲ့ အပြုအမူလေးတွေ ရှိပါတယ်။ အဲဒီအပြုအမူလေးတွေကို မိန်းကလေးတွေက မထင်မှတ်ပဲ ပြုမူတတ်ကြပြီး၊ သူမတို့ဘာသာ ဒီလို ပြုမူလိုက်ခြင်းကြောင့် ဒီလောက် ချစ်စရာကောင်းသွားလိမ့်မယ်မှန်း သိလေ့မရှိကြပါဘူး။ ဒီတော့ ယောက်ျားလေးတွေကို အသဲအရမ်းယားစေတဲ့မိန်းကလေးတွေရဲ့ အပြုအမူလေးတွေကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။ (၁) နာမည်ခေါ်တဲ့အခါ ကောင်မလေးတွေက သူတို့ချစ်ရတဲ့ ချစ်သူကို ဘယ်လိုနာမည်မျိုးခေါ်မလဲဆိုပြီး ကြိုတွေးထားတတ်ကြပါတယ်။ ဥပမာအားဖြင့် ကိုဇင်လင်းထက်ဆိုတဲ့ နာမည်ကို ကိုလင်းလို့ ခေါ်မယ်ဆိုပြီး စိတ်ထဲက ကြိုတွေထားတဲ့ သဘောမျိုးပေါ့။ တစ်ခါတလေ ကို-မောင်-ချီးထုတ်-ဂျပိုး-စတဲ့ နာမည်ပြောင်လေးတွေလည်း ဖြစ်နေတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလို ခေါ်လိုက်တဲ့ခဏမှာ အမျိုးသားတွေကို ချစ်စိတ်တွေ ပွားစေပါတယ်။ (မကြိုက်ဖူးဆိုတဲ့ … Read more

အကြောတက်၊ သွေးတိုး ၊ ခေါင်းမူး ၊ ခေါင်းကိုက် ၊ ခါးနာခြင်းတို့အတွက် နည်းလမ်းကောင်းလေး

အကြောတက်၊ သွေးတိုး ၊ ခေါင်းမူး ၊ ခေါင်းကိုက် ၊ ခါးနာခြင်းတို့အတွက် အုန်းမှုတ်ခွက် စနစ်တကျနင်းနည်း သွေးတိုး၊ ခေါင်းကိုက်၊ ခါးနာများအတွက် ဆေးနည်း သာမန်ခေါင်းကိုက်၊ ခေါင်းမူး၊ နောက်ကျောတက်၊ ခါးနာ၊ ခြေထောက်ကိုက်ဖြစ်ရာကနေ တစ်စတစ်စနဲ့သွေးတိုးရောဂါ၊ လေငန်းရောဂါ၊ မျက်စိမှုန် ပါဝါတိုး၊ မျက်ရိုးကိုက်၊ အကြောတက် စသဖြင့် ရောဂါဟာ ကြီးထွားလာတတ်ကြပါတယ်။ ဒီလို လူတိုင်းအဖြစ်များနေတဲ့ရောဂါများဟာပထဝီဓါတ်နှင့် ဝါယောဓါတ်တို့ မညီမျှရာကနေစပြီး ဖြစ်ပေါ်လာတဲ့ ဝေဒနာတွေပါပဲ။ အထက်ပါရောဂါများ မဖြစ်ရလေအောင်၊ ဖြစ်ပြီးသူများလည်း ရောဂါသက်သာပျောက်ကင်းအောင်အုန်းမှုတ်ခွက်နင်းခြင်းဖြင့် ကာကွယ်နိုင်ကြပါတယ်။ အုန်းမှုတ်ခွက်နင်းခြင်းဟာ ရှေးမြန်မာဆေးကျမ်းများနှင့် ရှေးအိန္ဒိယဆေးနည်း၊ တရုတ်ဆေးနည်းများတွင်လည်း ဖော်ပြထားကြပါတယ်။ လက်တွေ့ပျောက်ကင်းသူများလည်းအများအပြားရှိနေပါတယ်။ (၁) ခြေအသင့်နင်းနိုင်မည့် အုန်းမှုတ်ခွက် (၂)ခုကို ပရဆေးဆိုင် သို့မဟုတ် အုန်းသီးဆိုင်တို့မှာ မေးဝယ်ပါ။ (၂) အုန်းမှုတ်ခွက် … Read more

အင်္ဂါသားသမီးများအတွက် တစ်နှစ်စာဟောစာတမ်း

အင်္ဂါသားသမီးများအတွက် တစ်နှစ်စာဟောစာတမ်း ဤနှစ်တွင် အခက်ခဲမျှရှိစေကာ ဆောင်ရွက်စရာများရှေ့တိုး၍ ဆောင်ရွက်ရမည့်နှစ်ဖြစ်သည်။ စီးပွားရေးအနေနဲ့ အခွမ်းအလမ်းသစ်များ ကြုံတွေ့ရတတ်သည်။စိတ်တည်ငြိမ်စွာလုပ်ငန်းကိစ္စများဆောင်ရွက်လုပ်ဆောင်လျှင် အောင်မြင်မည်။ လူမှုဆက်ဆံရေးနှင့်စာပေဟောပြောပွဲ အပြောအဆိုမှားတတ်ခြင်း ကြုံတွေရတတ်သည်။အပေါင်းသင်းမိတ်ဆွေများနှင့် စိတ်ဝမ်းကွဲ၊စကားများငြင်းပွားရတတ်သည်။မမျော်လင့်သော အပြောင်းအလွှဲများ ကြုံတွေ့ရတတ်သည်။ အပြိုင်အဆိုင်ကြားမှာ မိမိပင်ကိုယ်ဥာဏ်စွမ်းဇွဲလုံးလဝိရီယစွမ်းရည်ကြောင့် အတိုက်အခိုက်များကျော်လွှား၍တိုးတတ်အောင်မြင်လာပါလိမ့်မည်။မိသာစု အမွေအနှစ်ကိစ္စများ အဆင်ပြေလာနိုင်သည်။မမျှော်လင့်ဘဲငွေကြေးများဝင်လာရခြင်းစက်ပစ္စည်းဝယ်ယူခြင်းရှိမည်။ အဂါင်္သားသမီးများ ထီးပေါက်ကိန်းရှိ စပ်တူရှယ်ယာ ထီးထိုးပါ။ထီးထိုးရန်-အကျိုးပေးအက္ခရာနှင့်ဂဏန်း-{ရ၊လ၊ဝ၊မ} ၃ အစ,၅ အဆုံး ထီးထိုးပေးပါ။ ယခင်နှစ်နှင့် အရင်ကြွေးဟောင်း၊ ငွေဟောင်းများမမျော်လင်ဘဲ ရရှိနိုင်လိမ့်မည်။ယခုနှစ်တွင် မိတ်ဆွေအဟောင်းများတွေ့တတ်ပြိး လုပ်ငန်းသစ်များ လုပ်ရမည်။ ၂၀၂၁-ခုနှစ် ဇန်နဝါရီလ(၈)ရက် ​နေ့ ယနေ့ ကုမ္ပဏီထူထောင်ခြင်း၊ ထီးထိုး၊ ခွဲစိတ်ကုသခံယူခြင်း၊ နေ့စက်(၃း၁၈)နာရီ မိနစ်လွန် ပန္နက်ရိုက်၊ကျင်းတူ၊ အိမ်ပြောင်း၊ အိမ်တတ်၊ ရှင်ပြု၊ စေ့စပ်၊ လက်ထပ်၊ နာမည်မှည့်၊ ငွေကြေးချေးငှားခြင်း တို့ကောင်း၏။ … Read more

2021ခု သောကြာသားသမီးများအတွက် တစ်နှစ်စာကံကြမ္မာဟောစာတမ်း

2021ခုအတွက်သောကြာသားသမီးများ တစ်နှစ်စာဟောစာတမ်း 2021ခုနှစ်မှာသောကြာသားသမီးတွေဟာမနှစ်ကကံကြမ္မာညံ့ဖျင်းခဲ့ပေမယ့်ဒီနှစ်ကအဆိုးတွေတော်တော်လျော့ပါးသွားပြီဖြစ်ပါတယ်။မနှစ်ကအနေအထားကို ဆင်ခြင်သုံးသပ်ပြီးဤကာလများအတွင်း စီးပွားရေးလုပ်ငန်း များကိုသတိနှင့်ဆောင်ရွက်ရမည်။ အမှားနည်းအောင် လုပ်တတ်ဖို့အထူးလိုအပ်ပါတယ်။ စိတ်ကူးကောင်းတွေ၊ အတွေး ကောင်းတွေ ခေါင်းထဲကမထွက် တာမျိုးဖြစ်တတ်ပါတယ်။ တတ်နိုင်သမျှ တရားဓမ္မရှုမှတ်ခြင်းနှင့် အေး ချမ်း တဲ့နေရာမှာခဏတာအပန်းဖြေခြင်းမျိုးလုပ်ပြီး စိတ်ကိုဖြေလျော့ပေးဖို့လိုပါတယ်။ ရေလုပ်ငန်း၊ မွေးမြူရေး လုပ်ငန်း၊ ပြည်တွင်းပြည်ပ ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ခြင်း၊ ကွန်ပျူတာနှင့် နည်းပညာများဆောင်ရွက်ခြင်း၊ ထီးဖိနပ်၊ အထည်အလိပ် ရောင်းဝယ်ခြင်း၊ စားသောက်ကုန် ပစ္စည်းများ ဖြန့်ချီခြင်းများ၊ စားသောက်ဆိုင်လုပ်ငန်း၊ ပန်းတိမ်လုပ်ငန်း၊ မုန့်မျိုးစုံလုပ်ငန်းများ အထူးအကျိုးပေးမည်။ ဒါအပြင်အမျိုးသမီးများအတွက် ဖက်ရှင်ဆိုင်ဖွင့် ခြင်း၊ အလှကုန်ပစ္စည်း များ နှင့် ဖန်စီလုပ်ငန်းများ အထူး အကျိုးပေးမည်။ဒါပေမယ့်ဒီနှစ်က အများနဲ့စုပေါင်းလုပ်ကိုင်ရတာမျိုးတွေနဲ့ စပ်တူရှယ်ယာအလုပ်တွေကဒီနှစ်မှာ အားနည်း နေတာကိုတွေ့ရပါတယ်။ မိတ်ဆွေတွေနဲ့ တိုင်ပင်လို့ရတယ်။ ဒါပေမယ့် တွဲလုပ်လို့တော့မရတဲ့နှစ်လို့ ပြောချင်ပါတယ်။ဒီနေ့မှာခရီးဝေးကိစ္စတွေ … Read more