ကြာသပတေးသားသမီးများအတွက် တစ်နှစ်စာ ကံကြမ္မာဟောစာတမ်း

ကြာသပတေးသားသမီးများတစ်နှစ်ဟာစာတမ်း ဤနှစ် လွဲမှားဆုံးဖြတ်ချက်နှင့် သူတပါးကိုပြစ်တင်ကဲ့ရဲ့ခြင်း ရှောင်ကြဉ်လျှင် အထူးအောင်မြင်မည်။ ကြာသပတေးသားသမီးများတို့သည့် မည့်သည်အခက်အခဲမည်မျှရှိစေ ဆောက်ရွက်စရာများ ရှေ့တိုး၍ ဆောင်ရွက်သင့်၏။ ငွေကြေးကိစ္စရပ်များအတွက်စကားများတတ်သော်လည်းမိတ်ဆွေနှင့်ဆွေမျိုးသားချင်းတို့၏ကူညီထောက်ပံ့မှုတို့ကြောင့်အဆင်ပြေချော့မွေ့သွားတတ်၏။ ခရီးတို၊ခရီးရှည်များသွားရကိန်းရှိသည်။အပြစ်မကင်းသောအမှုကိစ္စများကျူးလွန်ဖောက်ပျက်မှုမရှိရလေအောင်သတိပြု နေထိုင်ပါ။ မော်တော်ယာဉ်၊ လျှပ်စစ်နှင့်ပါတ်သတ်သောအန္တရာယ် မတော်တဆ ထိခိုက်မိတာတွေ ကြုံရတတ်ပါတယ်။ ၂၀၂၁-ခုနှစ် ဇန်နဝါရီလ(၂၃)ရက် ယနေ့ ယနေ့ နံနက်(၉း၈)နာရီ မိနစ်လွန် ဘုရားပင့်ဆောင်ခြင်း၊ ရှင်ပြု အဝီစိတွင်းတူး၊ ကြေးသွန်းလောင်းခြင်း၊ နည်းပညာသစ်တီထွင်ခြင်း၊ အလုပ်လျှောက်ခြင်း၊ ထီးထိုး၊ခွဲစိတ်ကုသခံယူခြင်း၊ ဘာသာရေးစကားပြောခြင်းကောင်း၏။ ၂၀၂၁-ခုနှစ် ဇန်နဝါရီလ(၃၀)ရက် ယနေ့ ဘုရားအနေ့ကဇာတင့်၊ ဘုရားတည်၊ ထီးတင်၊ရှင်ပြု၊နားသ၊ စေ့စပ် လက်ထက် ဝိဝါဟမင်္ဂလာ၊ တိုင်တူ၊နာမည်မှည့်၊ ဆေးခန့်ဖွင့်၊ ဆိုင်သစ်ဖွင့်ခြင်း တို့ကောင်း၏။ (သူရဿ တိ မယ်တော်ပူဇော်ပွဲ)အလုပ်လျှောက်ခြင်း၊ အင်တာဗျူ စာမေးပွဲဖြေဆိုခြင်းနှင့်ပညာဆိုင်ရာများအတွက် မိဘမဲ့ဂေ သို့ … Read more

သင့်ကောင်လေးက ဒီလိုမျိုးလေးတွေလုပ်နေရင် သင့်ကိုအရမ်းလွမ်းနေလို့ပါ

သင့်ကောင်လေးက ဒီလိုမျိုးလေးတွေလုပ်နေရင် သင့်ကိုအရမ်းလွမ်းနေလို့ပါ မိန်းကလေးတွေဟာ ချစ်သူနဲ့ မတွေ့ရတဲ့ အချိန်တွေမှာဆိုရင် သူ့ချစ်သူက သူ့အကြောင်းတွေးလား၊ လွမ်းရောလွမ်းရဲ့လားဆိုတာကို အမြဲတမ်းသိချင်နေကြပါတယ်။ သင်နဲ့အတူတူ မရှိတဲ့ အချိန်တွေမှာ ဒါမျိုးတွေ လုပ်နေရင်တော့ သင့်ကိုသူ အရမ်းလွမ်းနေလို့ပါ။ (၁) စာတွေအများကြီးပို့တယ် ဒါဟာ သင့်ကို သူလွမ်းကြောင်း ထင်ရှားနေတဲ့ အချက်ပါ။ သူဟာ ပုံမှန်ဆို စာတစ်စောင်တောင် ပို့လေ့မရှိပေမယ့် သင်တို့ဝေးတော့မှ စာတွေ အများကြီးပို့နေမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ သင့်ကိုသူ စကားတွေပြောချင်နေပြီး ဒီလိုစာတွေ အများကြီးပို့လိုက်ခြင်းဖြင့် သူ့ရင်ထဲမှာ အများကြီးသက်သာသွားပြီး သင့်အနားမှာရှိနေသလို ခံစားနေရလို့ပါ။ (၂) ဖုန်းဆက်တယ် သူဟာ ပုံမှန်ဆို ဖုန်းခေါ်လေ့မရှိပေမယ့် သင့်ကိုဖုန်းခေါ်နေတာဟာ သင့်ကိုလွမ်းနေကြောင်း ထင်ရှားနေပါတယ်။ အဲဒါလေးကိုသင်သိထားပေးပြီး သင်ဘယ်လောက်ပဲ အလုပ်များများ သူပြောတာလေးတွေကို အာရုံစိုက်ပြီး နားထောင်ပေးလိုက်ပါ။ … Read more

ချစ်သူတွေ အပြန်အလှန် ရင့်ထဲနင့်နေအောင် အရူးအမူး ချစ်မိကြတဲ့အခါ …

ချစ်သူတွေ အပြန်အလှန် ရင့်ထဲနင့်နေအောင် အရူးအမူး ချစ်မိကြတဲ့အခါ … အချစ်ဆိုတာ သိပ်ကို ဆန်းကြယ်ပါတယ်။ ဒါကြောင့် ချစ်စိတ်ဝင်လာရင် လူတွေက ပြောင်းလဲသွားတတ်ကြတာပါ။ ချစ်သူရှိတဲ့သူတွေဆိုရင် အချစ်ကို သူများထက် ပိုခံစားမိတတ်ကြပါတယ်။ တစ်ယောက်ကို တစ်ယောက် တကယ့်ကို အချစ်စစ်နဲ့ အရူးအမူး ချစ်မိကြတယ်ဆိုရင်တော့ အခု ဖော်ပြမယ့် အရာတွေကိုပါ ကြုံဆုံရလေ့ ရှိပါတယ်။ (၁) အချစ်က ကိုယ်ချင်းစာတတ်ဖို့ သင်ပေးတယ် တစ်ဦးရဲ့ ခံစားချက်ကို တစ်ဦးက နားလည်ခံစားပေးတတ်တာဟာ ကိုယ်ချင်းစာတရားပါပဲ။ တခြားသူတွေအပေါ်မှာတောင် ကိုယ်ချင်းစာတရား ထားတတ်ဖို့ လိုအပ်တာမို့ သမီးရည်းစားကြားမှာဆိုရင် ပိုလို့တောင် လိုအပ်ပါသေးတယ်။ တကယ် အရူးအမူး ချစ်ကြတဲ့ ချစ်သူတွေမှာတော့ နှစ်ကိုယ်ပေါင်း တစ်စိတ်ဖြစ်သွားတယ်ဆိုတဲ့ အခြေအနေမျိုး ရောက်သွားတတ်ပါတယ်။ တစ်ဦးရဲ့ နာကျင်မှုက တစ်ဦးအပေါ်မှာ … Read more

ဖောက်ပြန်မယ် ကြံတိုင်း လက်ရှိချစ်သူကို သတိရပါ

ဆန္ဒကို သိက္ခာ တရားနဲ့ထိန်းပါ… ဖောက်ပြန်တော့မယ် ကြံတိုင်း လက်ရှိ ချစ်သူကို သတိရပါ… ဖောက်ပြန်တော့မယ် ကြံတိုင်း လက်ရှိ အိမ်ထောင်ရေးကို သတိရပါ။ ဖောက်ပြန်တော့မယ် ကြံတိုင်း လက်ရှိ သားသမီးတွေရဲ့အနာဂတ်ကို တွေးပါ။ ဖောက်ပြန်တော့မယ် ကြံတိုင်း ကိုယ့်ကို အားကိုးနေတဲ့ ဇနီးမယား ခင်ပွန်း မျက်နှာကို မြင်ယောင်ပေးပါ ။ ဖုန်းတွေ ပေါလာတဲ့ခေတ်မှာ အပျို အအို ဆိုက်စုံ ဂိုက်စုံ အင်တာနက်ပေါ် တက်လာကြတယ်။ effect တွေသုံးထားတဲ့ ဓါတ်ပုံ ဘယ်က ဘယ်သူ ဘာလုပ်တယ် ဆိုတဲ့ မသေချာမရေရာတဲ့ အချက်အလက်တွေနဲ့ အင်တာနက်ပေါ်က လူတွေ နဲ့သာယာပြီး လက်ရှိ အိမ်ထောင်ရေးကို ပျက်စီးအောင် မလုပ်သင့်ပါဘူး။ ဘယ်သူ ဘယ်လောက် ကောင်းကောင်း ဘယ်သူဘယ်လောက် … Read more

ခုထိ ချစ်ရမယ့်သူကို သင်မတွေ့သေးတဲ့အကြောင်းရင်း (၇)ချက်

လူတော်တော်များများ အထီးကျန်နေကြရပါတယ်။ တစ်ခါတစ်လေ ကိုယ်နဲ့ကိုက်ညီမယ့်လူမျိုးကို မတွေ့နိုင်တော့ဘူးလို့ ကျွန်တော် တို့စိတ်ထဲတွေးမိကြတယ်။ တွေ့လိုက်တိုင်း လူတွေနဲ့အဆင်မပြေတော့ ဒီတစ်ဘဝမှာတစ်ကိုယ်တည်းအရိုးဆွေးရတော့မယ်ထင်နေတဲ့လူတွေ ဘာကြောင့်ဒီလိုဖြစ်နေလည်း မျှဝေပေးလိုက်ပါတယ်။ (၇) အသည်းကွဲ ဒဏ်ရာမပျောက်ခြင်း ” အပူကို အပူနဲ့ငြိမ်းပါ” တဲ့။ ချစ်ရင်တော့ အနည်းနဲ့အများ ပူလောင်မှာပဲ။ ပူမှန်းသိပေမယ့်လည်း ဒီ မီး ထဲ တိုးချင်နေကြတုန်းမလား ။ ဒါပေမယ့် အရင်က အသည်းကွဲခဲ့ဖူးတာကြောင့် ဒီလူနဲ့လည်း ငါပဲထပ်ခံရဦးမလားလို့ တွေးတတ်ကြတယ်။ ဒီလိုစိတ်ရှိနေရင် ဘယ်သူနဲ့ပဲတွဲတွဲ အဆင်ပြေမှာမဟုတ်ဘူး။ လူတိုင်း တစ်ယောက်နဲ့တစ်ယောက်မတူနိုင်ဘူး။ ဘယ်သူမှ စိတ်ပင်ပန်း၊ သဝန်တို ၊ ဒေါသထွက်.. စတဲ့ ခံစားချက်တွေ မခံစားချင်ပါဘူး။ မခံစားရအောင်နေရင် မခံစားရဘူးလေ.. အဓိက ကိုယ့်စိတ်ထားတတ်ဖို့ပဲ လိုပါတယ်။ (၆) စိတ်ထဲ ကန့်သတ်ချက်တွေများနေခြင်း … Read more

ချစ်သူ ယောက်ျားလေးဆီ စာပို့ပြီး မပြောသင့်တဲ့ အကြောင်းအရာ (၈) ခု

ချစ်သူ တွေကြား အချစ်လမ်းခရီးဆိုတာ အမြဲတမ်း မဖြောင့်ဖြူးပါဘူး။ အထူးသဖြင့် မိန်းကလေးတွေက ဟုတ်သော်ရှိ မဟုတ်သော်ရှိ ချစ်သူအပေါ် စိတ်ကောက် ဂျီကျပြီး ရစ်ရမှ ကျေနပ်တဲ့ သူတွေပါ။ စိတ်ဆိုးလာပြီဆိုရင် တစ်ဘက်သား နာကျင်စေမယ့် စကားလုံး ရွေးသုံးပြီး စကားနိုင်ထိုးတာလည်း မိန်းကလေးတွေပါပဲ။ ချစ်သူနှစ်ဦးကြားမှာ အရေးအကြီးဆုံးက အဆက်အသွယ် ပါပဲ။ အမြဲတမ်း အဆက်အသွယ် ရှိနေတာ ကောင်းတယ်ဆိုပေမဲ့ လိုတာထက် ပိုပြီး စာပို့တာကတော့ လွန်သွားပါပြီ။ ပြဿနာတစ်ခု ရှိလာရင် မျက်နှာချင်းဆိုင် ဖြေရှင်းလိုက်တာက ချစ်သူတွေကြား အကောင်းဆုံးဖြစ်ပြီး အရေးကြီးတဲ့ ပြဿနာကို မကြီးထွားအောင် ဖန်တီးရာလည်း ရောက်ပါတယ်။ ဖုန်းမက်ဆေ့ခ်ျကနေ ပြောချင်တဲ့ အကြောင်းအရာကို အလွယ်လေး စာရိုက်ပြီး ပြောလို့ရတယ် ဆိုပေမဲ့လို့ ချစ်သူတွေကြားမှာတော့ အကန့်အသတ် ထားသင့်တဲ့ … Read more

ခြေညှိုး က ခြေမထက် ရှည်တဲ့သူတွေကို ဘာ့ကြောင့် လက်မလွှတ်သင့်တာလဲ…

ခြေညှိုး က ခြေမထက် ရှည်တဲ့သူတွေကို ဘာ့ကြောင့် လက်မလွှတ်သင့်တာလဲ ဆိုတာ…ခြေညှိုးဟာ ခြေမထက် ရှည်တဲ့သူတွေ တော်တော်များများ ရှိပါလိမ့်မယ်။ အဲလို လူတွေရဲ့ ဖြစ်တတ်တဲ့ စိတ်သဘောထားတွေကို တင်ပြ ပေးလိုက်ပါတယ်။သူတို့မှာ ကောင်းတဲ့အချက်တွေ အများကြီး ရှိနေပါတယ်။ ယောင်္ကျားလေးပဲ ဖြစ်ဖြစ်၊မိန်းကလေးပဲ ဖြစ်ဖြစ် သူတို့လို လူတွေကို တွေ့ရင်တော့ လက်မလွတ်လိုက်ပါနဲ့။သူတို့ဟာ ချစ်ပြီဆိုလဲ သူများနဲ့ မတူသလို မုန်းပြီဆိုလဲ လှည့်ကြည့်တတ်တဲ့သူတွေ မဟုတ်ပါဘူး။ ခြေညှိုးက ခြေမထက်ရှည်နေတဲ့ သူတွေဟာ (1) အချစ်ကြီးတယ် အစွဲအလမ်းကြီး ခံစားလွယ်တယ်။ (2) ချစ်သူကိုဦးစားပေးတယ် ချစ်သူကိုလည်း အနိုင်ယူတယ်။ (3) ချစ်ပြီဆို ဘယ်လိုတားတား ဇွတ်ချစ်တယ် မုန်းပြီးဆို လုံးဝလှည့်မကြည့်ဘူး။ (4) အငြိုးကြီးတယ် ရန်ငြိုး ထားတတ်တယ်။ (5) … Read more

ကိုယ်နဲ့အတည်တွဲဖို့ သူ့ဘက်က ဆန္ဒရှိနေပြီဆိုတာ သိသာနေတဲ့ လက္ခဏာတွေ

ချစ်သူ အဖြစ် ရွေးဖို့ဆိုရင် လူချင်း တွေ့ဆုံပြီး (date ပြီး) မှ ဆုံးဖြတ်ချက်ချတာ အမှန်ဆုံးပါပဲ။ တစ်ယောက်ကိုတစ်ယောက် သဘောကျနေပြီဆိုရင် လူချင်း အေးအေးဆေးဆေးတွေ့ကြည့်ပါ။ တကယ်လို့ သူ့ဘက်က ဒါတွေလုပ်လာပြီဆိုရင် သူကသင့်ကို တကယ်ချစ်ပြီး အတည်တွဲဖို့ဆိုတာ သေချာပါတယ်။ ၁။ အချိန်ပေးတယ် လူတစ်ယောက်ကို တကယ်ချစ်ပြီဆိုရင် အချိန်ပေးတာက အကောင်းဆုံး သက်သေပြနည်းပါ။ သူ့ဘေးမှာရှိမနေဘူးဆိုရင်တောင် ဖုန်းနဲ့ဖြစ်ဖြစ် အွန်လိုင်းနဲ့ဖြစ်ဖြစ် သူက အချိန်ပေးပြီး စကားပြောနေမှာ။ ၂။ အစီအစဉ်တွေ ကိုယ်နဲ့ ဘာတွေဆက်လုပ်ချင်တယ်၊ ဘယ်တော့ ထပ်တွေ့မယ် ဆိုတာတွေကို သူကပဲ ဦးဆောင်ပြီး အစီအစဉ်တွေ ချနေတတ်တယ်။ ကိုယ့်ကို ထပ်တွေ့ချင်တယ်ဆိုတာ အရမ်းသိသာတယ်မဟုတ်လား။ ၃။ ဖြောင့်မတ်တယ် ကိုယ့်ကို လိမ်ညာတာတွေ မလုပ်တော့ဘူး။ ကောင်းတာရော ဆိုးတာပါ … Read more

သင့်ချစ်သူဟာ အိမ်ထောင်ပြုဖို့အတွက် သင့်တော်သလား၊ မသင့်တော်ဘူးလားဆိုတာ သိစေမယ့် အချက်(၇)ချက်

ချစ်သက်တမ်းရှည်ကြာလာတာနဲ့အမျှ သမီးရည်းစားတွေဟာ လက်ထပ်ဖို့တွေးလာကြပါပြီ။ တွဲလာတဲ့အချိန်ကာလက နည်းသေးပေမယ့်လည်း ကိုယ့်ချစ်သူက ကိုယ့်ကိုတစ်နေ့ လက်ထပ်မယ်ဆိုတဲ့အသိမျိုး ရှိချင်တာလည်း မိန်းမသားတွေ ရဲ့ သဘောသဘာဝပါပဲ။ ဒါပေမယ့် ယောင်္ကျားတွေမှာတော့ သူတို့တွဲနေတဲ့ချစ်သူနဲ့ လက်ထပ်မယ်၊ လက်မထပ်ဘူးဆိုတဲ့ အတွေးမျိုး သီးခြားရှိပြီးသားပါ။ တစ်ချို့ဆိုရင် အိမ်ထောင်ပြုလိုတဲ့စိတ် မရှိကြသလို၊ ရည်းစားထားတာကသက်သက် ကိုယ်တကယ်ယူမယ့် မိန်းကလေးက သပ်သပ်ရယ်လို့တောင် ခွဲထားတတ်ကြပါသေးတယ်။ ကဲ သူရော ကိုယ်ရော လက်ထပ်ဖို့အကြောင်းတွေ ဆွေးနွေးဖူးပါရဲ့။ သို့ပေမယ့် သူ့ဘက်က စိတ်အားထက်သန်စွာ မဟုတ်ဘဲ မကောင်းတတ် လို့ ပြောဆိုပေးနေတာမျိုးတွေ၊ ဒီလိုပြောဆိုတဲ့အခါတိုင်း စိတ်ရှုပ်နေတဲ့ ပုံမျိုးတွေဆိုရင်တော့ ကိုယ့်ချစ်သူဟာ ကိုယ့်ကိုတကယ်ချစ်ရဲ့လား၊ ဒါမှမဟုတ် သူဟာ အိမ်ထောင်ပြုဖို့အတွက် အဆင်သင့်မဖြစ်သေးတာလား၊ သူဟာ အိမ်ထောင်ရေးကို ထိန်းသိမ်းနိုင်မယ့် သူမျိုးလားဆိုတာမျိုး ခွဲခြားရတော့ မှာပေါ့။ ဒါ့ကြောင့် … Read more

သင့် ချစ်သူဟာ သင့်ကို လမ်းခွဲဖို့ ဆုံးဖြတ်ထားပြီးပြီဆိုတာ ဒီအချက်တွေကတဆင့် သိနိုင်

ခုတလော သင်တို့နှစ်ဦးရဲ့ အခြေအနေဟာ အရင်ကလို မနွေးထွေးတော့ဘူး၊ အေးစက်စပြုလာပြီ။ ဒါပေမယ့် သင်ဟာ သင့်ချစ်သူကောင်မလေးကို အရင်လို ချစ်မြဲချစ်ဆဲမို့ လက်မလွှတ်နိုင်သေးဘူးဆိုရင် သင့်ချစ်သူကောင်မလေးဟာ ခုပြောမယ့် အချက်တွေအတိုင်း ပြုမူနေသလားဆိုတာကို သေချာလေ့လာလိုက်ပါ။ ဒီအချက်တွေတိုင်း သူမရဲ့ အခြေအနေကို သိလိုက်တာနဲ့ သင်တုံ့နှေးလို့ မနေပဲ သူမ သင့်ဆီပြန်စိတ်လည်လာအောင် ကြိုးစားပါ။ သူမ စိတ်ကုန်သွားစေတဲ့ အကြောင်းအရာတွေကို သင်ပြုလုပ်မိနေတယ်ဆိုရင် ဒါတွေကို ပြုပြင်လိုက်ပါ။ ညှိုနှိုင်းသင့်တာတွေ ညှိုနှိုင်းပါ။ သူမ စိတ်ထဲရှိနေတာတွေကိုနားထောင်ပေးပါ။ ဒါ့ကြောင့် အချိန်မီလေး ဘယ်လိုအချက်တွေကများ သင့်ချစ်သူဟာ ဒီအချစ်ရေးကို လက်လွှတ်လိုက်တော့မယ်ဆိုတာ သိသာစေသလဲဆိုတာကို ခုဖော်ပြပေးလိုက်ပါတယ်။ ၁။အရင်ကလို မဟုတ်တော့ပဲ သူမ သင့်အပေါ် ဆူညံပူညံတွေ သိပ်မလုပ်တော့ဘူး အရင်က မကျေနပ်တာတွေကို အပြစ်တင်တတ်တဲ့သူမက ခုဆို ဘာမှ … Read more