သင့် ချစ်သူရဲ့လေးစားမှုကို ရရှိနိုင်စေမည့် နည်းလမ်းများ

ချစ်သူနှစ်ဦးကြားဆက်ဆံရေးမှာ အပြန်အလှန်လေးစားမှုက အရေးကြီးပါတယ်။ အပြန်အလှန်လေးစားမှုရှိမှသာ ရေရှည်ခိုင်မြဲတဲ့ အချစ်ရေးကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ သင့်ကောင်မလေးက သင့်အပေါ်မှာ လေးစားမှုမရှိဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ သူမရဲ့လေးစားမှုကို ရယူနိုင်ဖို့ ဘာတွေလုပ်ရမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။ ၁။ မိမိကိုယ်ကို လေးစားပါ။ အခြားသူတစ်ယောက်ယောက်ရဲ့လေးစားမှုကို ရရှိဖို့ မိမိကိုယ်ကို လေးစားမှုရှိဖို့က အရင်လိုအပ်ပါတယ်။ မိမိကိုယ်ကိုမှ ယုံကြည်လေးစားမှုမရှိရင် အခြားသူတွေရဲ့လေးစားမှုကိုလည်း ခံယူစရာအကြောင်းမရှိပါဘူး။ သင့်ကိုယ်သင် ဂရုမစိုက်တာ၊ အလေးမထားတာတွေကို သင့်ကောင်မလေးတွေ့မြင်နေသ၍ သူမရဲ့လေးစားမှုကို မျှော်လင့်နေဖို့ မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် လေးစားတတ်အောင် သင်ယူပါ။ ၂။ အမှီအခိုကင်းပါစေ။ အမှီအခိုကင်းပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ခြင်းဟာ သင့်ကောင်မလေးရဲ့ လေးစားမှုကို ခံယူရဖို့ အထိရောက်ဆုံးနည်းလမ်းဖြစ်ပါတယ်။ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ချမှတ်ရပ်တည်နိုင်သူတစ်ယောက်ဖြစ်ရပါမယ်။ ဘေးပြောတဲ့စကားထက် ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို အလေးထားပြီး ရင့်ကျက်တည်ငြိမ်သူတစ်ယောက်ဖြစ်ကြောင့် သင့်ကောင်မလေး သိအောင် … Read more

၂၀၂၁- ဖေဖော်ဝါရီ (၁)ရက်နေ့မှ (၇) ရက်နေ့အထိ ” ၇ရက်သားသမီး တစ်ပတ်စာ ကံကြမ္မာဟောစာတမ်း

၂၀၂၁- ဖေဖော်ဝါရီ (၁)ရက်နေ့မှ (၇) ရက်နေ့အထိ ” ၇ရက်သားသမီး တစ်ပတ်စာ ဟောစာတမ်း ” တနင်္ဂနွေနေ့ဖွားများအတွက် တစ်ပတ်စာဟောစာတမ်း တိုးတက် အောင်မြင်ပြီး လူစွမ်းနတ်မ အချိန်ကာလ ပါပဲ။အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိအောင် ကူညီပံ့ပိုးမည့်သူများ ရောက်ရှိလာလိမ့်မယ်။အရောင်းဝယ်များ ကောင်းလိမ့်မယ်။ ရစရာရှိတဲ့ အကြွေးတချို့ ပြန်ရမယ်။ ငွေကြေး လာဘ်လာဘ ရွှင်မယ်။အပေါင်းသင်းတွေ စုစည်းဖြစ်ပြီး ပျော်ရွှင်မှုတွေရှိမယ်။ အပျော်လွန် စကားများတတ်ပါတယ်။ ငယ်ရွယ်သူတွေအတွက်အချစ်ရေးကတော့…အနာဂတ်အထိတွေးတောကြည်နှုးနေချိန်တွေပါပဲ။ အိမ်ထောင်ရေး အဆင်ပြေ သာယာလိမ့်မယ်။ အသင်းဖွဲ့ကိစ္စ၊ မိသားစုအိမ်တွင်းရေးတွေမှာ ပြဿနာ ဖြစ်တတ်တယ်။ပညာရေး၊ အင်တာဗျူး ကိစ္စများ အောင်မြင်လိမ့်မယ်။ကျန်းမာရေးကတော့ အစာမှားခြင်း၊ ဗိုက်လေပွခြင်း စသည့် ရောဂါများ ဖြစ်တတ်တယ်။ မဖြစ်မနေ ခရီးတခု သွားရမယ်။သင့်ကို ဒုက္ခပေးနိုင်သော အရာမှာ တဇွတ်ထိုး တဇောက်ကန်းစိတ် … Read more

မင်းကို ငါ..အရမ်း ချစ်တယ်…အဆုံးရှုံးမခံနိုင်ဘူး….မခွဲနိုင်ဘူး….စိတ်မချဘူး…

လူတယောက်နဲ့တယောက် ချစ်ကြတယ်။ မင်းကိုအရမ်းချစ်တယ်… အဆုံးရှုံးမခံနိုင်ဘူး…မခွဲနိုင်ဘူးးး…… စိတ်မချဘူ့း… ချုပ်ချယ်ကြမယ်”’ ချစ်တယ် ချစ်တယ် ဆိုတဲ့စကားကို ထပ်ခါ ထပ်ခါ ပြောကြလိမ့်မယ်။ တကယ်တမ်းတွေ့းကြည့် ချစ်တယ်ဆိုတာ ဘာလဲ?? ငါ သူ့ကို ချစ်တယ် ဆိုတဲ့စကားးးး သူ့ ကိုထက် ငါ့ကိုယ်ငါ ပိုချစ်နေကြတာ….. သူ့ ကို ချစ်တာထက် ငါ့ အတ္တကို ပို ချစ်နေတာ…. သူ့ ကို ချစ်တယ်ဆိုတာထက် ငါ ခံစားနေရမှာကို ပိုကြောက်နေကြတာ…. တကယ်တော့ ချစ်တယ် ဆိုတာကြီးက သူတပါးထက် ကိုယ့်အတ္တကို ပိုချစ်နေကြတာပါ…. ကိုယ့်အတ္တ အတွက် ကိုယ်စိတ်ပျော်ရွှင်စေဖို့ ကိုယ်ကြည်နှုးနေစေဖို့ သူ့ ကို လိုအပ်တာ…. သူ့ကို ချစ်တာ မဟုတ်ဘူးး ချစ်တယ်လို့ ထင်ယောင်ထင်မှားဖြစ်တာ…. သူ့ကို … Read more

ချစ်သူ ကောင်လေးတစ်ယောက်ကို အပိုင်ချုပ်ကိုင်ထားနိုင်မယ့် နည်းလမ်းကောင်းများ

ချစ်သူရည်းစားတွေရဲ့ဘဝ မှာအရေးကြီးဆုံး အချက်ကတော့ တစ်ယောက်နဲ့တစ်ယောက် အပြည့်အဝနားလည်ပြီး သစ္စာရှိဖို့ဖြစ်တယ်။ မိန်းကလေးတွေအနေနဲ့ အရေးကြီးဆုံးထဲက တစ်ခုကတော့ ချစ်သူရဲ့ စိတ်တွေကို အပြည့်အဝ ချုပ်ကိုင်ထားနိုင်ဖို့ပဲဖြစ်ပါတယ်။ ယောက်ျားလေးတွေက ထိန်းချုပ်တာတွေ၊ ချုပ်ချယ်တာတွေ မကြိုက်တဲ့အတွက် မသိသာတဲ့ နည်းလေးနဲ့ ဘယ်လိုချုပ်ကိုင်ရမလဲဆိုတာကို ပြောပြပါမယ်။ (၁) အရမ်း မချီးကျူးပါနဲ့ ယောက်ျားလေးတွေကို မလိုအပ်ပဲ အရမ်း မချီးကျူးပါနဲ့။ မဟုတ်ရင်သူတို့က သူတို့ကိုသူတို့ ဟုတ်လှပြီထင်ပြီး အရမ်းတွေ ဘဝင်လေဟပ်သွားတတ်လို့ပါ။ ဒါကြောင့် သူတို့ တစ်ခုခုလုပ်ရင်လည်း မဆိုးပါဘူး၊ ကောင်းပါတယ် လောက်ပဲပြောပါ။ နောက်ဆက်တွဲ မြှောက်ပင့်ပြောဆိုတာတွေ အရမ်းမလုပ်ပါနဲ့။ (၂) ပြောင်းလဲသွားတဲ့အကျင့်တွေကိုချီးမွမ်းပေးပါ ဥပမာ သူလုပ်လေ့မရှိတဲ့အရာတစ်ခုခုဖြစ်တဲ့ အိမ်သာဆေးတာမျိုး၊ အိမ်ရှင်းတာမျိုး၊ ထမင်းဟင်းချက်တာမျိုး တစ်ခုခုလုပ်တဲ့အခါ သူ့ကိုချီးကျူးပေးပါ။ ပြီးရင်လက်ဆောင် အနေနဲ့ တစ်ခုခုသူ့ကိုပေးပါ။ ဖက်တာ၊ … Read more

ယောကျာ်းလေးတွေ ချစ်သူကိုအရမ်းချစ်ပေမယ့် လမ်းခွဲဖို့စဉ်းစားကြတဲ့အကြောင်းရင်း(၅)ချက်

ချစ်သူ စုံတွဲတွေဟာ မချစ်လို့ဆိုတာထက် ပြဿနာအကြောင်းအမျိုးမျိုးတွေကြောင့် လမ်းခွဲကြတာများပါတယ်။အသစ်တစ်ယောက်တွေ့သွားလို့လမ်းခွဲကြတာမျိုးရှိသလို၊ ချစ်ရက်နဲ့ နှစ်ဦးနှစ်ဖက်အဆင်မပြေလို့ လမ်းခွဲကြတာလည်းရှိပါတယ်။ ယောကျာ်းလေးဘက်ကအရမ်းချစ်ပေမယ့် သူ့ချစ်သူကောင်မလေးကို လက်တွဲဖြုတ်သွားတာမျိုးလည်းရှိပါတယ်။ အရမ်းချစ်ပေမယ့်သူကိုယ်တိုင်နာကျင်ဝမ်းနည်းမှုကိုခံစားပြီး လမ်းခွဲသွားတာ ဒီအချက်တွေကြောင့်ဖြစ်ပါတယ်။ (၁) တာဝန်တစ်ခုထမ်းဆောင်နေရသလိုဖြစ်နေတာကြောင့် ပျော်ချင်လို့ချစ်ကြတာတော့မဟုတ်ပေမယ့် ဘယ်သူမဆို ကိုယ်ချစ်ရတဲ့သူနဲ့တော့ ပျော်ချင်ကြတာ၊ ပျော်ရွှင်တဲ့အချိန်တွေကို လိုချင်ကြတာပါပဲ။ ဒီအချစ်ရေးကြောင့် စိတ်ပျော်ရွှင်ကြည်လင်မှုကို ခံစားရတာထက် တာဝန်တစ်ခုကိုထမ်းဆောင်နေရသလို လေးလံဖိစီးနေတဲ့ ခံစားချက်မျိုးဖြစ်လာရင်တော့ လက်တွဲဖြုတ်ဖို့ စဉ်းစားတတ်ပါတယ်။ (၂) ကိုယ့်ကိုယ်ကို ဆုံးရှုံးလိုက်ရသလိုခံစားနေရတာကြောင့် အချစ်တစ်ခုက လေလွင့်နေတဲ့သူတစ်ယောက်ကို ပြန်ပြီးတည်ငြိမ်သွားစေနိုင်သလို၊ အရင်ကပျောက်ဆုံးနေခဲ့တဲ့ကိုယ့်ကိုယ်ကိုပြန်ရှာတွေ့စေနိုင်အောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ အဲ့ဒီလိုမဟုတ်ဘဲ ချစ်မိသွားမှ ကိုယ့်ရဲ့လွတ်လပ်မှုတွေနဲ့ ကိုယ့်ရဲ့အရာရာဆုံးရှုံးလိုက်ရသလို ခံစားနေရရင်တော့ သူ့စိတ်ထဲမှာ မပျော်ရွှင်ဖြစ်လာပြီး လမ်းခွဲသွားဖို့ ကြိုးစားလာပါလိမ့်မယ်။ (၃) တခြားယောကျာ်းတွေနဲ့နှိုင်းယှဉ်တာကိုမခံနိုင်တော့တာကြောင့် မိန်းကလေးတချို့က အချစ်မှာလောဘကြီးတတ်ကြပါတယ်။ ဒီတော့ ကိုယ့်ချစ်သူနဲ့ သူများချစ်သူကို နှိုင်းယှဉ်ပြီး … Read more

ချစ်တယ် ဆိုတာကို နေ့တိုင်း ပြောပေးဖို့ လိုမယ်နော်

ချစ်တယ် ဆိုတာကို ပါးစပ်ကနေဘဲ တဖွဖွ ပြောပေးနေတာမျိုး မဟုတ်ဘဲ အမူအရာလေးတွေ ဂရုတစိုက် ပြုမူ ဆက်ဆံပေးတာမျိုး၊ ဦးစားပေးတာမျိုး၊ အချိန်ပေးပြီး သက်သေပြလိုက်ပါ။ ချစ်တယ် ဆိုတဲ့စကားက ဘယ်နှခါ ကြားကြား မရိုးနိုင်တဲ့ စကားလေးပါ ချစ်တယ် ဆိုတာကတော့ သိပ်လှတဲ့ အနုပညာလို့ ဆိုရမယ့် သဘာဝက ပေးထားတဲ့ လှပခြင်းတွေ ထဲက တစ်ခုပဲ ဖြစ်ပါတယ်။ ချစ်သူတွေကြားမှာ ချစ်တယ် ဆိုတာကို နေ့တိုင်းစာ ပြောပေးဖို့ လိုမယ် ဆိုတာကို Marry က ပြောပြပေးမယ်နော်။ ချစ်တဲ့သူတွေ အချင်းချင်းကြားမှာ ဘယ်တော့မှ မရိုးနိုင်တဲ့ ဘယ်နှကြိမ် ကြားကြား ထပ်ကြားချင်နေတုန်း ဖြစ်တဲ့ စကားလေး တစ်ခွန်း ရှိပါတယ်။ အာ့တာကတော့ ချစ်တယ် ဆိုတဲ့ စကားလုံးလေးပဲ … Read more

သူ့ကို ချစ်တယ်ဆိုရင် ဒါလေးတချက် ဖတ်ကြည့်ပါဦး

မင်းသိလား လူတယောက်ကို သဘောကျ ဖို့ ဆိုတာ လွယ်လွယ်လေး တကယ်ချစ်ဖို့သာ ခက်ခဲတာပါ… ချစ်တယ် ဆိုတာ အပြောနဲ့ မလုံလောက်ဘူး အရာအားလုံးကို လက်ခံပေးနိုင်ပြီး ထပ်တူကျနိုင်ဖို့ လိုတယ်… အဲလိုမဟုတ်ပဲ လူတိုင်းမြင်နိုင်တဲ့ အားသာချက် တွေကြောင့် လူတယောက်ကို မချစ်ပါနဲ့…လူတိုင်းမှာ အမှောင်ခြမ်းဆိုတာ ရှိတယ်… အဲလိုပဲ မင်းချစ် ပါတယ် ဆိုတဲ့ သူမှာလည်း ရှိမှာပဲ… လူတိုင်းမသိနိုင်တဲ့ သူ့ရဲ့ အမှောင်ဖက်ခြမ်းက အကျင့်စရိုက် တွေ အားနည်းချက် တွေ သိမ်ငယ်မှုတွေနဲ့ တခြားမကောင်းတဲ့ အရာတွေ အများကြီး ရှိနေနိုင်တယ်… သိသွားရင်ကော မင်းသူ့ကို ဆက်ပြီးချစ်နိုင်မှာလား… တခါတလေ သူစိတ်မကြည်လို့ စိတ်ထဲရှိတဲ့အတိုင်း လူတချို့ကို ဘုကန့်လန့် တိုက်တဲ့အခါ မင်းသူ့ကို နားလည်ပေးနိုင်မှာလား… တခါတလေ သူ့အတွက်သူ … Read more

သင့်ချစ်သူက ဒီစကား (၅)ခွန်းထွက်ဖူးခဲ့ရင် ဘယ်လောက်ချစ်ချစ် လမ်းခွဲလိုက်ပါ

လူတော်တော်များများက အပြောထက်အလုပ်က အဓိကကျတယ်လို့ ခံယူကြပေမယ့် အပြောကနေတစ်ဆင့် လုပ်လာမယ့်အရာတွေကို သိနိုင်ပါတယ်။ လူတစ်ယောက်ရဲ့အဆင့်အတန်း၊ အမူအကျင့်၊ စိတ်နေစိတ်ထားတွေကို သူပြောတဲ့စကားတွေကနေတစ်ဆင့် သိလို့ရပါတယ်။ တကယ်လို့သင့်ချစ်သူဆီက ဒီစကား (၅)ခွန်း ဒါမှမဟုတ် ဒီအထဲက တစ်ခွန်းကိုပဲကြားဖူးတယ်ဆိုရင် ဘယ်လောက်ချစ်ချစ်လမ်းခွဲလိုက်ပါတော့။ ဘယ်လိုမှလူကောင်းမဖြစ်နိုင်လို့ပါ။ (၁) အပိုတွေလုပ်ပြန်ပြီ ယောက်ျားတစ်ယောက်၊ ချစ်သူတစ်ယောက်အနေနဲ့သင့်ရဲ့ ခံစားချက်ကို ဒီလိုမစော်ကားသင့်ပါဘူး။ သင်ဟာ ရက်တွေဆက်ပြီး စိတ်ဖိစီးနေတာလည်းဖြစ်ကောင်းဖြစ်မယ်၊ သူ့ဖက်ကကြည့်လို့ အသေးအမွှားလို့ထင်ရတဲ့ ကိစ္စတွေတောင် သင့်အနေနဲ့ကြည့်ရင် အရမ်းပင်ပန်းကောင်းပင်ပန်းနေမယ်။ သင့်ဘာသာသင် အပိုတွေလုပ်နေတာပဲဖြစ်ဖြစ်၊ သင့်ချစ်သူတစ်ယောက်အနေနဲ့သင့်ကို နှစ်သိမ့်ပေးရမှာ သူ့တာဝန်ပါ။ ဒီလိုမဟုတ်ဘဲ အပိုတွေလုပ်နေပြန်ပြီ ဆိုတဲ့သဘောမျိုးသက်ရောက်တဲ့ စကားကိုပြောတယ်ဆိုရင်တော့ ဘယ်လောက်ချစ်ချစ်လမ်းခွဲလိုက်ပါ။ သင့်အပေါ်မှာ နည်းနည်းလေးမှ ညှာတာ၊ သနားစိတ်မရှိတဲ့သူကို အချိန်ကုန်ခံဆက်တွဲမနေသင့်တော့ပါဘူး။ (၂) နင်ငါ့ကိုတကယ်ချစ်ရင်… ဒီလိုစကားဟာ အစပိုင်းမှာတော့ ဘာမှမဟုတ်ဘူးလို့ထင်ရပေမယ့် သင့်ကိုစိတ်ပိုင်းဆိုင်ရာကနေ … Read more

စကားတစ်လုံးမှ ပြောစရာမလိုပဲ ပုရိသတွေရင်ကို လှုပ်ခါစေမယ့်အပြုအမူများ

အောက်မှာ ဖော်ပြထားတဲ့အချက်တွေကတော့ စကားတစ်လုံးမှ ပြောစရာမလိုတဲ့ အပြုအမူလေးတွေ ဖြစ်ပါတယ်။ ဒီအပြုအမူလေးတွေကိုသာ ဂရုတစိုက်ပြုမူရင် ပုရိသအပေါင်းရဲ့ စိတ်ကို မယိုးမရွဖြစ်စေပြီး အတိုးချချစ်စေနိုင်မယ့် အပြုအမူတွေဖြစ်ကြောင်း အာမခံပါတယ်။ (၁) နှစ်နှစ်ကာကာ ပြုံးပြပါ ပုံးစရာရှိတဲ့အခါ ပြုံးလိုက်ပါ။ သိပ်ပြီး ရှက်ကြောက်မနေပါနဲ့။ ဘယ်သူ့ကိုမှ သတိမထားမိတဲ့ ပုံစံနဲ့ နှစ်နှစ်ကာကာ ပြုံးပါ။ သင့်ကို သတိထားနေတဲ့ အမျိုးသားဆိုရင် ဒီအချိန် ရင်တွေ တစ်လှပ်လှပ်ဖြစ်နေလောက်ပါပြီ။ (၂) ဝတ်စားဆင်ယင်မှုအပိုင်း ဝတ်စားဆင်ယင်မှုအပိုင်းမှာလည်း ကိုယ်ရဲ့ ခန္ဓာကိုယ်သွင်ပြင်နဲ့လိုက်ဖက်တဲ့ အဝတ်အစားကို ဝတ်ဆင်တတ်ပါစေ။ အရမ်းခေတ်အဆန်ကြီးလည်း မဟုတ်သလို အရမ်းကြီးလည်း ခေတ်မတုံးပါစေနဲ့။ ဒါပေမယ့် အခုခေတ် ကောင်လေးတွေ အများစုကြိုက်တဲ့ပုံစံက ရိုးရိုးယဉ်ယဉ်လေးနဲ့ ချပ်ချပ်ရပ်ရပ် ဝတ်စားဆင်ယင်တဲ့ပုံစံမျိုးလေးတွေပေါ့။ (၃) ဆံပင်ကို ရမ်းခါခြင်း ဆံပင်ကို ရမ်းခါတဲ့အခါမှာလည်း … Read more

ချဉ်ပေါင်ွရက်ကိုကြိုက်လို့တာ စားနေရတာ ဒီလောက်စွမ်းမှန်း အခုမှပဲ သိတော့တယ်

ချဉ်ဟင်းလေးပဲချက်ချက်၊ မျှစ်လေးနဲ့ ရောပြီး အရည်ပဲချက်ချက်၊ ငရုတ်သီးနိုင်နိုင်လေးနဲ့ မျှစ်တို့ရောပြီး ကြော်ပဲစားစား၊ ငါးနဲ့ပဲ ရောချက်ချက် ဘယ်ချိန် စားစား ထမင်းမြိန်လွန်းလို့ ချဉ်ပေါင်ဟင်းနဲ့ဆို စွဲပြီးသားပဲဆိုတဲ့ ပရိသတ်ကြီးတွေများရှိလား။ စားလိုက်တိုင်း ချဉ်ပြုံးပြုံးအရသာလေးနဲ့ ထမင်းမြိန်စေတဲ့ ချဉ်ပေါင်ရွက်လေးက စားကောင်းတာထက်ပိုတဲ့ ကျန်းမာရေး အာနိသင်တွေရှိနေပါတယ်။ ချဉ်ပေါင်ရွက်က ဘယ်လို အာဟာရဓာတ်တွေ ပါဝင်ဖွဲ့စည်းထားတာလဲ စားလိုက်တိုင်း အရသာရှိတယ်ဆိုတဲ့ ချဉ်ပေါင်ရွက်မှာ ဗီတာမင် နဲ့ သတ္တုဓာတ်များစွာ ပါဝင်နေပါတယ်။ ချဉ်ပေါင်ရွက်မှာ ကယ်လ်ဆီယမ် သံဓာတ် ဗီတာမင် C မဂ္ဂနီဆီယမ် ကာဗိုဟိုက်ဒရိတ် Phosphorus ပိုတက်ဆီယမ် ဗီတာမင် B2 နဲ့ ဗီတာမင် A တို့ပါဝင်နေပါတယ်။ ချဉ်ပေါင်ရွက် နဲ့ ကျန်းမာရေး စားလိုက်တိုင်း အရသာရှိတဲ့ ချဉ်ပေါင်ရွက်လေးကို ရှေးနှစ်ပေါင်းများစွာကတည်းက … Read more