ဒီလို အဖြစ်တွေ ကြုံနေရပြီ ဆိုရင်တော့ သင့်ချစ်သူနဲ့ လမ်းခွဲလိုက်သင့်ပါပြီ

“ဒီလို အဖြစ်တွေ ကြုံနေရပြီ ဆိုရင်တော့ သင့်ချစ်သူနဲ့ လမ်းခွဲလိုက်သင့်ပါပြီ” အချစ်ရေးတိုင်းဟာ အမြဲတမ်းတော့ လွယ်ကူချောမွေ့ မနေပါဘူး။ နှစ်ဦးနှစ်ဖက်က ကြိုးစားမှုလေးတွေ အများကြီးလိုတဲ့ အပြင်ကိုမိန်းကလေးဖက်ကလည်း လုပ်ရမယ့် တာဝန်လေးတွေရှိပါတယ်။ ဒါကတော့ ဖြစ်သင့်ပါတယိ။ ဒါပေမယ့် ခုဖော်ပြမယ့် အရာတွေကိုပါ သင်လုပ်နေရတယ်ဆိုရင်တော့ ဒီလူဟာ ဆက်တွဲဖို့ မသင့်တော့တဲ့သူ ဖြစ်ပါတယ်။ (၁) အမြဲတမ်း လိုက်ဖမ်းနေရတယ် ဇာတ်လမ်းတွေထဲမှာလိုမျိုး အချစ်ဆိုတာ အမဲလိုက်သလို အသည်းအသန်ကြိုးစာပြီးမှ ခက်ခက်ခဲခဲ ရလာမယ့် အရာလို့ ထင်နေရင်တော့ သင်အမှားကြီး မှားပါပြီ။ အချစ်ဆိုတာ ကြိုးစားပြီး လုပ်ယူစရာမလိုတဲ့ အလွယ်ကူဆုံး ရနိုင်တဲ့အရာ ဖြစ်ပါတယ်။ဒါပေမယ့် သင်ဟာ တစ်စုံတစ်ယောက်ရဲ့ နှလုံးသားဒါမှမဟုတ် အချစ်ကို ရဖို့ အမြဲတမ်း ကြိုးစားနေရတယ်… အမြဲတမ်းသင်က သူ့ကို လိုက်ဖမ်းနေရတဲ့ … Read more


သင့်ဘဝရဲ့ ဖူးစာဖက်အစစ်အမှန်ကို တွေ့နေပြီဆိုတာ သိသာစေတဲ့ အချက် (၇) ချက် စိတ်တူကိုယ်တူဖူးစာရှင်ရှိတယ်ဆိုတာ လူတွေသိပ်မယုံတတ်ကြပါဘူး။ ဟုတ်ပါတယ်။ တစ်ဦးအတွက် တစ်ဦးမွေးဖွားလာခဲ့သူတို့၊ လူတစ်ဦးရဲ့ အခြားတစ်ဝက်တို့ဆိုတဲ့အရာတွေကတော့ အဓိပ္ပာယ်သိပ်မရှိပါဘူး။ ဒါပေမယ့် ကျွနု်ပ်တို့ စိတ်ဝိညာဉ်ကို ပိုပြီးထိတွေ့နိုင်တဲ့လူမျိုးတွေတော့ရှိပါတယ်။ အဲ့လိုလူမျိုးတွေက သင့်သူငယ်ချင်းတွေထဲမှာတောင် ရှိနိုင်ပြီး အခြားလူတွေထက် သင်တို့ရဲ့ ပတ်သက်ခံစားမှုက ပိုနက်ရှိုင်းနေတတ်ပါတယ်။ စိတ်ချင်းပိုနက်ရှိုင်းစွာ ခံစားနားလည်ပေးနိုင်သူတွေထဲက တစ်ဦးကို သင့်စိတ်ကို ယုံကြည်ပြီး ပုံအပ်လိုက်ရင်တော့ ထိုသူဟာ သင့်ဖူးစာဖက်ပါပဲ။ အောက်ပါအချက်တွေကတော့ သင့်ဖူးစာဖက်ကို တွေ့နေတာ ဟုတ် မဟုတ် ဆန်းစစ်နိုင်တဲ့အချက်တွေပဲဖြစ်ပါတယ်။ (၁) တစ်ဦးရဲ့ စိတ်ဝင်စားမှုတွေကို တစ်ဦးက စိတ်ဝင်စားတယ်။ သူတို့စိတ်ဝင်စားတာတွေကို စိတ်ဝင်စားရမယ်ဆိုတာက သူတို့ရူးသွပ်သလောက် သင်လိုက်ရူးသွပ်ရမယ်လို့ ပြောတာမဟုတ်ပါဘူး။ သူတို့ စိတ်ဝင်စားမှုတွေနဲ့ ပတ်သက်ပြီး ပြောပြတာတွေကို စိတ်ဝင်စားစွာ … Read more

ရုပ်ရှင်အစည်းအရုံး အနေ နဲ့ ပြည်သူတွေ နှင့် တသားတည်း ရှိကြောင်း ထုတ်ပြန်

ရုပ်ရှင်အစည်းအရုံး အနေ နဲ့ ပြည်သူတွေ နှင့် တသားတည်း ရှိကြောင်း ထုတ်ပြန် ဒီကနေ့၊ ဖေဖော်ဝါရီ (၅) ရက်နေ့မှာ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးအနေ နဲ့ “Civil Disobedience ပြုလုပ်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေကြသော ပြည်သူ့ဝန်ထမ်းများ နှင့်အတူ ပြည်သူ့ အတွက် ရပ်တည်ပေးသွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်” ဆိုသည့် ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ ” မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဆိုတာ လောကသားတွေ ရဲ့ အကျိုးစီးပွား အတွက် အားလုံးက တင်မြှောက်ထားတဲ့ အဖွဲ့အစည်းပါ။ ဒီအဖွဲ့ဟာ ဒီမိုကရေစီလမ်းစဉ်ကို လိုက်နာတဲ့ အဖွဲ့ ဖြစ်တ ကြောင့် အများရဲ့ ဆန္ဒသဘောထားကို ယူပြီး လုပ်ခဲ့တာပါ။ အမှုဆောင် အယောက် (၂၀) ရှိတယ်၊ … Read more

လေဖြတ်တော့မယ်ဆိုရင် သိနိုင်တဲ့ အချက်(၃)ချက်

လေဖြတ်တော့မယ်ဆိုရင် ဦးနှောက်နဲ့အာရုံကြောပါရဂူတယောက်က လူတယောက် လေဖြတ်တော့မယ်ဆိုတာကို ၃နာရီလောက် ကြိုသိခဲ့လို့ ဒီ ၃နာရီအတွင်း ကြပ်ကြပ်မတ်မတ် ကုသပေးလိုက်ရရင် လေလုံးဝ မဖြတ်အောင်တားနိုင်တယ် လို့ ပြောပါတယ်။ လေဖြတ်တော့မယ်ဆိုတာကို ကြိုသိနိုင်ပါ့မလား ? လေဖြတ်တဲ့လက္ခဏာတွေက ခွဲခြားဖို့ ခက်ခဲပါတယ်။ တခါ , ကံဆိုးတာက အမှုမဲ့ အမှတ်မဲ့ နေတတ်ကြတာကြောင့်လည်း လေဖြတ်ခြင်းဟာ ကပ်ဆိုက်မှုကြီး တရပ် ဖြစ်နေခဲ့ရပါတယ်။ ခုတော့ သိလာကြပြီ တဲ့ , ဆရာဝန်တွေက ပြောကြပြန်ပါတယ် .. အနီးကပ် နေသူတဦးက မိမိနားကလူတယောက် လေဖြတ်တော့မယ်ဆိုတာကို အချက် ၃ချက်ကို သိရှိနားလည်ထားရင် ကြိုပြီး သိနိုင်ပါပြီ တဲ့။ ဘာအချက်တွေလဲ ဆိုတော့ ‘ ပ ‘ သုံးလုံးဖြစ်ပါတယ်၊ ၁။ ပြုံးခိုင်းပါ … Read more

အိပ်မက်တွေက လူတိုင်းမက်ဖူးပြီး ဒီလိုမက်တိုင်း အထူး သတိထားပါတော့

အိပ်မက်တွေက လူတိုင်းမက်ဖူးပြီး ဒီလိုမက်တိုင်း အထူး သတိထားပါတော့ သင် ဒီအိပ်မက်တွေ မက်ဖူးရင် ဒါတွေဖြစ်ခဲ့ပြီးပါပြီ အိပ်မက်ထဲမှာ သွားကျိုးတယ်လို့ မက်ဖူးကြမှာပါ။ ဒါဆို သတိထားစောင့်ကြည့်သင့်ပါတယ်။ ဒီလို အိပ်မက် မက်ခြင်းက ကောင်းတဲ့ နိမိတ်လက္ခဏာတွေ မဟုတ်ပါဘူး။ ဒါဟာ သင့်အမျိုးထဲက သင့်သူငယ်ချင်းက သစ္စာဖောက်တဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ သူတို့ကြောင့်လဲ ငွေကြေးအရှုပ်အရှင်းတွေ ရှင်းရတတ်တာဖြစ်ပြီးတော့ သင့်ကို လူယုံတစ်ယောက်က နောက်ကျောက ဓားနဲ့ ထိုးတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါလိမ့်မယ်။ အိပ်မက်ထဲမှာ နောက်ကျနေတတ်ပါတယ်။ သင်ဟာ ရုံးကို ကျောင်းကို စာမေးပွဲခန်းကို နောက်ကျတာမျိုး မက်ဖူးပါလိမ့်မယ်။ ဒီအချိန်မှာ သင့်ရဲ့ နှလုံးခုန်လဲ မြန်နေပါလိမ့်မယ်။ ဒီလို အခြေအနေမျိုးကြုံရင် သင်ဟာ အပြင်မှာ လုပ်ငန်းခွင်မှာ ဖြစ်ဖြစ် သင့်ကျောင်းမှာဖြစ်ဖြစ် သင့်ကို တိုက်ခိုက်ချင်သူရှိနေပါပြီ။ … Read more

ရေချိုးခန်းထဲက လူသတ်သမား……

SLS ဆိုတဲ့ သူ့အစွမ်းက အမြှုပ်တွေ တစီစီထွက်စေတဲ့အပြင် အဆီတွေကို သန့်စင်ပေးနိုင်တာပါဘဲ SLS ဟာ အဆီ ကြေးညှော်တွေ သန့်စင်ရုံမက အရေပြားထဲက အဆီတွေကိုပါ တိုက်စားပစ်နိုင်တာမို့ တကယ်တမ်းကျတော့ အမြှုပ်ထွက်တိုင်းမကောင်းပါဘူး.. သိပ် အန္တရာယ်ကြီးလှပါတယ်.. ဒါ့ပြင် အခန့်မသင့်ရင် အလာဂျီ ( Allergy) ဖြစ်တတ်ပါတယ် ဒီထက်ဆိုးတာက အမျိုးသမီးတွေဆိုရင် ရင်သားကင်ဆာ ဖြစ်နိုင်ပြီး အမျိုးသားဆိုရင်တော့ မျိုးမအောင်တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ် ဒီ SLS က ခန္ဓာကိုယ်ထဲ ၀င်သွားပြီးရင် ပြန်မထွက်တော့ပါဘူး ဒါ့ကြောင့် SLS ကို ရေချိုးခန်းထဲက လူသတ်သမား လို့ ခေါ်ကြပါတယ်.. ဒ့ါကြောင့် အခုနောက်ပိုင်း ဆပ်ပြာသွားတိုက်ဆေးခေါင်းလျှော်ရည်.. အလှပြင်ပစ္စည်း စတာတွေမှာ SLS_Free ဆိုတဲ့ အာမခံစာတမ်းကို သုံးစွဲသူတွေ … Read more

ခေါင်းကိုက်လို့ အိပ်ယာဝင်ခဲ့ရာမှ အဖြစ်ဆိုးနဲ့ ကြုံခဲ့ရတဲ့(၂၁)နှစ်အရွယ် မိန်းမလှလေး

ခေါင်းကိုက်လို့ အိပ်ယာဝင်ခဲ့ရာမှ အဖြစ်ဆိုးနဲ့ ကြုံခဲ့ရတဲ့(၂၁)နှစ်အရွယ် မိန်းမလှလေး News.AU မှ ဖော်ပြချက်အရ အသက်၂၁နှစ်အရွယ် အမျိုးသမီးငယ်လေး တစ်ဦးမှာ ခေါင်းကိုက်ကိုက် နဲ့ ညအိပ်ယာဝင်သွားခဲ့ပြီး နောက်တစ်နေ့မနက် မှာတော့ အသက်ဆုံးရှုံးခဲ့ရတယ် ဆိုပြီး ဖတ်ခဲ့ရပါတယ်။ ဖြစ်စဉ် အသေးစိတ်ကိုတော့ ကိုးကားဖော်ပြပေးလိုက် ပါတယ်။ UK, Gateshead မှာ မိခင်နဲ့ အတူတူနေထိုင်နေတဲ့ အသက် ၂၁ နှစ်အရွယ် မိန်းကလေး Jessica Cain ပါ။သူမဟာ ၂၀၁၉ ခုနှစ် အောက်တိုဘာလ တုန်းက ရုတ်တရက် အသက်ဆုံးရှုံးသွားခဲ့ပါတယ်။ မသေဆုံးခင်ညတုန်းက Jessica ဟာ မိခင်ကိုခေါင်းကိုက်တယ်လို့ပြောခဲ့တယ်တဲ့။ ဒါကြောင့် ပါရာစီတမောတောင်းသောက်ကာ အိပ်ယာစောစောဝ င်သွားခဲ့ပါတယ်။နောက်တစ်နေ့ မနက်ကျတော့ မိခင်ဖြစ်သူက သမီးလေး သက်သာလားမေးမလို့ သွားနှိုးခဲ့ပေမယ့် Jessica … Read more

ရှေးလူကြီးတွေ ပြောခဲ့တဲ့ သာသနာနှစ် ၂၅ဝဝကျော်လာရင် ဖြစ်လာမယ့်အရာတွေ

ရှေးလူကြီးတွေ ပြောခဲ့တဲ့ သာသနာနှစ် ၂၅ဝဝကျော်လာရင် ဖြစ်လာမယ့်အရာတွေ သာသနာ ( ၂၅ဝဝ ) ကျော်ရင် မမြင်ဘူးတာတွေကို မြင်ကြရလိမ့်မှာ။မကြားဘူးတာတွေ ကြားကြရလိမ့်မယ်တဲ့။ မဖြစ်ဖူးတာတွေ ဖြစ်ကြလိမ့်မယ်။သဘာဝဘေးဆိုးတွေ ဝင်လာလိမ့်မယ်တဲ့။ လက်နက်ဆန်းတွေ ပေါ်လာလိမ့်မယ်တဲ့။ရောဂါဆန်းတွေ ဖြစ်ကြလိမ့်မှာ။ စစ်ပွဲတွေ ဖြစ်လာမယ်တဲံ။ အငတ်ဘေးတွေ ကြုံလာမယ်နော်။ ရောဂါ ကပ်ဘေးတွေ ဖြစ်လာမယ်။ သဘာဝဘေးတွေ ဖြစ်လာမယ်တဲ့။ရုပ်ဝတ္ထုတွေ ထွန်းတောက် တိုးတက်လာကြမှာပါ။ လူ့အတတ် နတ်မကလူ့အကြိုက်လည်း နတ် မလိုက်နိုင်တဲ့။ လူတွေ လောဘ အတ္တ အားကြီးလာကြလိမ့်မယ်။ ရုပ်ဝတ္ထု တိုးတက်ရင် လောဘနောက် လိုက်ကြရင်း လူတွေ စိတ်ပိုင်းဆိုင်ရာ အားနည်းလိမ့်မယ်တဲ့။မလုပ်သင့် မလုပ်ထိုက်တာတွေ လုပ်ကြလိမ့်မှာ။ မိန်းမတွေ ယောက်ျားနှင့် ရင်ဘောင်တန်း လာလိမ့်မယ်။ မိန်းမတွေ ယောက်ျားနှင့် တူလာမယ်။ ရဟန်းတွေ … Read more

ငွေတစ်ပြားမှ မကုန်ပဲ နိဗ္ဗာန်ထိတောင် ပို့ပေးနိုင်သော အလှူ (၇)မျိုး

ငွေတစ်ပြားမှ မကုန်ပဲ နိဗ္ဗာန်ထိတောင် ပို့ပေးနိုင်သော အလှူ (၇)မျိုး ငွေကြေးမရှိသော်လည်း နေ့စဉ်လှူဒါန်းနိုင်သောအလှူဒါန(၇)မျိုးအခါတပါး၌လူငယ်တစ်ယောက်သည် မြတ်စွာဘုရားထံသို့ချဉ်းကပ်၍အကျွန်ုပ်သည်မည်သည့်အရာကိုပဲလုပ်လုပ်မအောင်မမြင် ဖြစ်နေပါသည်။ အဘယ်ကြောင့်မအောင်မမြင် ဖြစ်နေပါသနည်းဟု မေးလျှောက်သည်။ထိုအခါ မြတ်စွာဘုရားကအသင်သည်အလှူဒါနမပြုတတ်၍ ဖြစ်သည်ဟု ဖြေကြားတော်မူသည်။ “ငွေကြေးတစ်ပြားတစ်ချပ်မျှမရှိသောဆင်းရဲသား ကျွန်ုပ်အဖို့မည်ကဲ့သို့အလှူဒါန ပြုနိုင်ပါမည်နည်းဟုလူငယ်က ပြန်လည်လျှောက်တင်သောအခါအသင် ဤသို့မဟုတ်သည်ကို မှတ်သားလော့။ တစ်ဦးတစ်ယောက်သောသူသည် ငွေကြေးမရှိသော်လည်းသူတစ်ပါးကို ပေးကမ်းနိုင်သော အလှူဒါန ၇ မျိူးရှိသည်။ထို(၇)မျိုးမှာ (၁)မျက်နှာဟန်အမူအရာဖြင့်အလှူဒါနပြုခြင်း အပြုံးဖြင့်ဖော်ရွေစွာဆက်ဆံခြင်း (၂)နှုတ်ဖြင့် အလှူဒါနပြုခြင်း အားပေးစကား၊ နှစ်သိမ့်စကား၊ ချီးကျူးစကား၊ ညှာတာစကား၊ နွေးထွေးသော စကားများ ပြောဆိုခြင်း၊ (၃)စိတ်ဖြင့်အလှူဒါနပြုခြင်း စိတ်တံခါးကိုဖွင့်၍ သူတစ်ပါးကို ပွင့်လင်း ရိုးသားစွာ ဆက်ဆံခြင်း (၄) အမြင်ဖြင့် အလှူဒါနပြုခြင်း ကောင်းသောစေတနာအမြင်ဖြင့်သူတစ်ပါးကိုကြည့်မြင်တတ်ခြင်း၅ကာယလုပ်အားဖြင့်အလှူဒါနပြုခြင်းမိမိနိုင်နင်းသောလုပ်ဆောင်မှုဖြင့်သူတစ်ပါးကို ကူညီခြင်း (၆) နေရာထိုင်ခင်း အလှူဒါနပြုခြင်း၊ လှေစီးကားစီးသည့်အခါမိမိထိုင်ခုံနေရာကို အိုမင်းမစွမ်းသူကိုယ်ဝန်ရှိသူနှင့်ကလေးငယ်တို့အားမိမိ၏ထိုင်ခုံနေရာကိုထိုင်စေခြင်း … Read more

တကယ် မချစ်ဘဲနဲ့ ချစ်ဟန်ဆောင်ပြီး တစ်ဖက်သားကို အရူးမလုပ်မိပါစေနဲ့

တကယ် မချစ်ဘဲနဲ့ ချစ်ဟန်ဆောင်ပြီး တစ်ဖက်သားကို အရူးမလုပ်မိပါစေနဲ့ .// တကယ် မချစ်ဘဲနဲ့ ချစ်ဟန်ဆောင်ပြီး တစ်ဖက်သားကို အရူးလုပ်မိလို့ တစ်ဖက်သားမှာ ကိုယ့်ကို စွဲလမ်းပြီး အရူးတစ်ပိုင်း ဖြစ်သွားမယ် ဆို လည်း အဲဒီကံကြောင့် ကိုယ်လည်း တစ်ချိန်မှာ ရူး သွပ် ရ မှာ ပဲ ။ ကိုယ့်ကို စွဲစွဲ လမ်းလမ်း တမ်းတမ်းတတ ဖြစ်သွားမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကိုယ့်ကို ရူးမတက် ချစ်အောင် ဆိုတဲ့ စိတ် ထား နဲ့ ဉာဏ်နီ ဉာဏ်နက် သုံးတာမျိုး မူယာ မာယာ များတာမျိုး မြူဆွယ် ဖြားယောင်းတာမျိုး၊ လိမ်ညာ လှည့်ပတ်တာမျိုးကို ရှောင်ကြဉ် ရ ပါ … Read more