ချစ်သူမိန်းကလေးနဲ့ ပတ်သတ်ပြီး ကောင်လေးတွေရင်ထဲမှာ တိတ်တခိုး ရှိနေတတ်တဲ့ အရာ(၅)မျိုး မိန်းကလေးတွေက ချစ်သူရတဲ့အခါ အချစ်ရေးအတွက် အိပ်မက် မက်ထားတာတွေ၊ ဖြစ်ချင်လာမိတဲ့ အရာတွေနဲ့အပြင် ကိုယ့်ကောင်လေးနဲ့ ပတ်သတ်တဲ့ သဘောထားတွေလည်း ရှိနေတတ်ကြပါတယ်။ ဒီလိုပဲ ကောင်လေးတွေကလည်း ထုတ်မပြောကြပေမယ့် ကိုယ့်ချစ်သူကောင်မလေးနဲ့ ပတ်သတ်တဲ့ သဘောထားလေးတွေ ရှိနေတတ်ပါတယ်။ သူတို့ ရင်ထဲမှာတော့ ဒီလို ဆန္ဒလေးတွေ ရှိနေတတ်ကြပြီး အပြင်ကို ထုတ်ပြတာမျိုး သိပ်မရှိပါဘူးနော်။ အကုန် ဖြည့်ဆည်းပေးချင်တယ် ကောင်လေးတွေက ချစ်ရတဲ့ ကောင်မလေး ပါးစပ်က လိုချင်တယ်လို့ ပြောသမျှကို အကုန် ဖြည့်ဆည်းပေးချင်တတ်ကြတဲ့သူတွေ ဖြစ်ပါတယ်။ ချစ်သူမိန်းကလေးတွေကတော့ လက်ဆောင်တွေကို မပေးတာမျိုးက စိတ်ထဲ မရှိလို့လို့ အထင်လွဲတတ်ကြပေမယ့် ကောင်လေးတွေက တကယ်တော့ အကုန် ဖြည့်ဆည်းပေးချင်တဲ့သူတွေ ဖြစ်နေတာမျိုးပါ။ မတတ်နိုင်တဲ့ … Read more