ချစ်သူ တိုင်းလိုက်နာသင့်တဲ့ စည်းကမ်း(၁၀)မျိုး

ချစ်သူ သက်တမ်း ကြာရှည်လိုသူ၊ တစ်ယောက်ဆိုတစ်ယောက် ပိတောက်ဆိုပိတောက် ဖြစ်ချင်သူများ မဖြစ်မနေ လိုက်နာသင့်တဲ့ စည်းကမ်းတွေ ရှိပါတယ်။ ချစ်သူသက်တမ်း ကြာရှည်စေမယ့် နည်းလမ်း(10)ခုကို သင့်ချစ်သူနဲ့ အတူတူ ဖတ်ပြီး ချစ်သက်တမ်း ပိုရှည်နိုင်ပါစေကြောင်း …။ 1. ဒေါသထွက်လို့ ရပါတယ်၊ ရက်စက်လို့ မရဘူး။ ချစ်သူအပေါ်မှာ ဒေါသထွက်ချင်ရင် သင် တတ်နိုင်သလောက် ဒေါသထွက်လို့ ရပါတယ်။ ဒါပေမယ့် ချစ်သူ အပေါ်မှာ ရက်စက်လို့ မရဘူးနော်။ သင်ဟာ ချစ်သူကို ရက်စက်မိတာနဲ့ ချစ်သူစိတ်ထဲမှာ ကြောက်သွားတတ်ပါတယ်။ 2. ကိုယ့်ဘက်က မှန်နေလည်း အလျှော့ပေးသင့်တာကိုအလျှော့ပေးရမယ်။ လူဆိုတာ ကိုယ်ပိုင်အတ္တနဲ့ ရပ်တည်ကြသူများ ဖြစ်ကြလို့ ကိုယ်မှန်ရင် ခေါင်းမရွေ့ဘူးဆိုတဲ့ စိတ်ဓာတ်ရှိသူတွေ ဖြစ်ပါတယ်။ ဒါပေမယ့် မှန်တိုင်းလည်း မကောင်းတာတွေ … Read more

သင်တို့နှစ်ယောက်က လိုက်ဖက်တဲ့ ချစ်သူ စုံတွဲဖြစ်ကြောင်းသိသာတဲ့လက္ခဏာများ

လိုက်ဖက်တဲ့ ချစ်သူ စုံတွဲဖြစ်ကြောင်းသိသာတဲ့လက္ခဏာများက ချစ်တဲ့သူနဲ့ စိတ်တူကိုယ်တူရှိတာကလည်း ကံကောင်းခြင်းလက်ဆောင်ပိုင်ဆိုင်ခွင့်ရတယ်လို့ပြောလို့ရပါတယ်။ ဒါပေမယ့် သူစိမ်း ယောက်ျားလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်ချစ်ကြိုက်မိတဲ့အခါ အရာအားလုံးနီးပါး ထပ်တူကျဖို့ဆို တာတော့မဖြစ်နိုင်ပါဘူး။ အဲ့ဒါကြောင့် သင်တို့ချစ်သူနှစ်ဦးကြားမှာ ပျမ်းမျှအားဖြင့် ဘယ်လိုအချက်လေးတွေတူညီတယ်ဆို ရင် သင်တို့နှစ်ယောက်ဟာ လိုက်ဖက်တဲ့စုံတွဲလို့ပြောနိုင်တဲ့အချက်လေးတွေကို Shwemomကနေဖော်ပြပေးလိုက်ပါ တယ်နော်။ ဟာသတွေကိုမတိုင်ပင်ဘဲအတူတူရယ်မိတယ် အူကြောင်ကြောင်ကိစ္စတွေ၊ရယ်စရာဟာသတွေတွေ့တိုင်းသင့်ကိုယ်သင်ရယ်မိနေတယ်ဆိုတာသတိမထားမိအောင်ြ်ဖစ်လေ့ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တိုင်ပင်မထားဘဲ သူမ ရယ်သံတွေနဲ့အပြိုင်အတူတူလိုက်ရယ်မိနေလို့ပါပဲ။ သူမ ရဲ့အားနည်းချက်တွေကသင့်ကိုခွန်အားဖြစ်စေတယ် တစ်ယောက်နဲ့တစ်ယောက်အရာရာကို နားလည်နိုင်နေပြီတဲ့အတွက် တစ်ယောက်အားနည်းချက်ကလည်း တစ်ယောက် အတွက် အပြန်အလှန်ခွန်အားတွေပါပဲ။ သင်နားမလည်တာရှိရင် သူ့ဘက်က အဖြေထုတ်ပြီးသားဖြစ်သလို သူ့ဘက်က လိုအပ်ချက်တွေရှိရင် သင့်ဘက်ကဖြည့်ဆည်းပြီးသားဖြစ်နေတာမျိုးပါ။ married-coupleသူမက သင့်အတွက်ပထမလူ သူမကသင့်ရဲ့ဘယ်ကိစ္စမဆိုတိုင်ပင်ဆွေးနွေးဖို့၊အကြံပေးဖို့၊မျှဝေဖို့ ပထမဆုံးလူပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူမကိုပျော် ရွှင်စေချင်လို့ပါပဲ။ ဒါ့အပြင်တခြားသူတွေထက်သူမရဲ့အကြံပြု ဝေဖန်ချက်၊ချီးမွှမ်းစကားတွေကိုပထမဆုံးကြားချင်လို့လည်းဖြစ် ပါတယ်။ စည်းမျဉ်းတွေကိုသဘောတူတယ် များသောအားဖြင့် ဒီလိုရှေ့သွားနောက်လိုက်ညီပြီး လိုက်ဖက်တဲ့စုံတွဲမျိုးက တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်လေး … Read more

သင့်ကို တဖက်သက် စိတ်ဝင်စားနေသူရဲ့ လက္ခဏာ (၅) ချက်

သင့်ကို တဖက်သက် စိတ်ဝင်စားနေသူကချစ်ရေးဆိုဖို့အရေး မဝံ့မရဲ ဖြစ်နေသူတွေဆီမှာ အောက်ပါလက္ခဏာမျိုးတွေ တွေ့ရလေ့ ရှိပါတယ်။ အချစ်နဲ့ ကြုံလာတဲ့အခါ အမျိုးသားတွေဆီမှာလည်း ကြောက်ရွံ့စိတ်တစ်ချို့ ဝင်လာတက်ပါတယ်။ ဘာကိုမှ မကြောက်ဘူးဆိုတဲ့ ဒဏ္ဍာရီထဲက သူရဲကောင်းတွေတောင် သူတို့သတ္တိမရှိဘူးလို့ ထင်မှာကို ကြောက်တက်ကြပါတယ်။ သင့်ကို စိတ်ဝင်စားနေပေမယ့် ဖွင့်မပြောရဲတဲ့ သူတွေလည်းရှိမှာပါ။ အောက်မှာဖော်ပြမယ့် အမူအရာမျိုးတွေ သင့်ပတ်ဝန်းကျင်က တစ်ယောက်ယောက်ဆီမှာ တွေ့နေရပြီ ဆိုရင်တော့ သူသင့်ကို သဘောကျနေပေမယ့် ပြောဖို့ ကြောက်နေပြီဆိုတာ သိထားလိုက်ပါတော့။ ၁။ အရေးကြီးကိစ္စမရှိပဲ သင့်နားကို ခဏခဏ လာနေမယ်။ သင့်ပတ်ဝန်းကျင်မှာ သူ့ကို ခဏခဏတွေ့နေရမယ်။ ၂။ သင့်အတွက် ကော်ဖီတွေ လမ်းကြုံလို့ ယူလာပေးတယ် ဆိုတာမျိုးလုပ်မယ်။ သူ့မှာရှိတဲ့ မုန့်ဆိုအမြဲလာကျွေးမယ်။ သင်နဲ့ပတ်သတ်လာရင် အမြဲဦးစားပေးတက်မယ်။ ၃။ သင့်ကိုမြင်တိုင်း … Read more

သင်တွေ့နေတာ ကောင်လေး လား ယောက်ျားလေး လား…?

ကောင်လေး တစ်ယောက်က “ကိုယ်မင်းကို ချစ်တယ်”လို့ပဲပြောမယ်။ ယောက်ျားတစ်ယောက်ကတော့“ကိုယ်မင်းကို ချစ်တယ်” လို့ပြောပြီး သူ့ရဲ့အပြုအမူတွေနဲ့ သူ့အချစ်ကို သက်သေပြလိမ့်မယ်။ ကောင်လေးတစ်ယောက်က သင့်ကို သူ့အတွက် မပြည့်စုံသေးတဲ့ မိန်းကလေးတစ်ယောက်အဖြစ် ခံစားရစေလိမ့်မယ်။ ယောက်ျားတစ်ယောက်က သင့်ကို ရှိရင်းစွဲထက် ပိုပြည့်စုံဖို့ ကြိုးစားလာအောင် ပြုစားနိုင်လိမ့်မယ်။ ကောင်လေးက ပိုင်ဆိုင်လိုစိတ်များတယ်။ ယောက်ျားလေးက ကာကွယ်ပေးတယ်။ သင့်ရဲ့ အောင်မြင်မှုဟာ ကောင်လေးအတွက်ခြိမ်းခြောက်မှုတစ်ခုသဖွယ် ဖြစ်နေလိမ့်မယ်။ ယောက်ျားတစ်ယောက်ကသင့်အောင်မြင်မှုအတွက် ဂုဏ်ယူဝမ်းမြောက်နေလိမ့်မယ်။ ကောင်လေးတစ်ယောက်က သူ့ပျော်ရွှင်မှုအတွက်ပဲ သူကြည့်လိမ့်မယ်။ ယောက်ျားတစ်ယောက်ကသင့်ပျော်ရွှင်မှုဟာ သူ့ပျော်ရွှင်မှုလို့ ခံယူထားလိမ့်မယ်။ ကောင်လေးတစ်ယောက်ကသင့်ကို လျှော့တွက်လိမ့်မယ်။ ယောက်ျားတစ်ယောက်ကသင့်အစွမ်းအစကိုသူသိတဲ့အတွက်ကြောင့် သင့်ကို စိန်ခေါ်လိမ့်မယ်။ ကောင်လေးတစ်ယောက်က မိန်းကလေး ယောက်ျားလေး ခွဲခြားလိမ့်မယ်။ ယောက်ျားတစ်ယောက်ကမိန်းကလေးနှင့် ယောက်ျားလေး တန်းတူဖြစ်တယ်လို့ ခံယူထားလိမ့်မယ်။ ကောင်လေးတစ်ယောက်က ပြဿနာဖြစ်တိုင်းဆင်ခြေတွေပေးလိမ့်မယ်။ ယောက်ျားတစ်ယောက်ကတော့အမှားရှာပြီး ပြင်ဆင်ဖို့ကြိုးစားလိမ့်မယ်။ … Read more

ချစ်တယ်လို့မပြောခင် ကိုယ့်ကိုကိုယ် ပြန်မေးရမယ့် မေးခွန်း (၅) ခွန်း

ကိုယ့်အနေနဲ့ တစ်ယောက်ယောက်ကို ချစ်နေပြီလို့ခံစားရပေမယ့် အချစ်ဟုတ်မဟုတ် မသေချာမရေရာဘူးဖြစ်နေရင် အခုဖော်ပြမယ့် မေးခွန်းလေးကို မဖြစ်မနေ ရိုးရိုးသားသား ဖြေကြည့်လိုက်ပြီးမှ သူ့ကိုချစ်တယ်လို့ ပြောလိုက်ပါ။ အချစ်စစ်ဟုတ်မဟုတ် ခွဲခြားရခက်တဲ့အခိုက်တန့်လေးမှာ သေချာမစဉ်းစားဘဲ ချစ်တယ်လို့ပြောလိုက်ရင် နှစ်ဦးနှစ်ဖက် ထိခိုက်နာကျင်မှုတွေဖြစ်စေပါတယ်။ ဒါ့ကြောင့် ဒီမေးခွန်းလေးတွေကို ဖြေကြည့်ပါနော်။ ၁။ သူ့ကိုမှ ထူးထူးခြားခြားခံစားနေရလား။ သူ့ကိုတွေ့ရင် တခြားသူတွေကို တွေ့တာနဲ့မတူဘဲ တစ်ခုခု ထူးခြားနေလား။ သင့်နှလုံးသားကနေ ထူးထူးခြားခြားလေး သူ့ကိုမှ special ဖြစ်တယ်လို့ ခံစားနေရလားဆိုတာ မေးပါ။ ရိုးရိုးသားသားဖြေကြည့်ပါ။ ၂။ တစ်ယောက်ကိုယ်တစ်ယောက် တံခါးမရှိဓားမရှိ ပွင့်လင်းရဲ့လား။ (သို့) ပွင့်လင်းနိုင်လား။ သင်တို့နှစ်ယောက်တစ်ဦးပေါ်တစ်ဦး ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသားရှိတယ်ဆိုတာ သေချာရဲ့လားဆိုတဲ့ မေးခွန်းကိုမေးသင့်ပါတယ်။ သင်သူ့အပေါ် ရိုးသားတာသေချာလား ၊ တစ်ခုဖုံးကွယ်ထားတာမရှိဘူးဆိုတာ သေချာလားဆိုတဲ့မေးခွန်းကို အရင်မေးသင့်ပါတယ်။ ချစ်သူနှစ်ဦးဆက်ဆံရေးမှာ … Read more

ချစ်သူ နှစ်ဦး ဆက်ဆံရေး နဲ့ ပတ်သတ်လို့ တခြားသူကို လျှို့ဝှက်ထားသင့်တဲ့ အရာ ၅ ခု

လူမှုကွန်ရက် စာမျက်နှာတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပြီးတဲ့နောက်ပိုင်း ကျွန်မတို့ရဲ့ ဘ၀တွေလည်း တဖြည်းဖြည်းနဲ့ ပိုပြီး ပွင့်လင်းလာပါတယ်။ ဒါ့ကြောင့် ကျွန်မတို့ရဲ့ ခံစားချက်တွေကို လူမှုကွန်ရက် စာမျက်နှာ ပေါ်မှာ တင်တာမျိုး မကြာခဏလုပ်လေ့ရှိသလို သူငယ်ချင်း တွေကိုလည်း ရင်ဖွင့်ပြောပြရတာမျိုးလည်းရှိပါတယ်။ ချစ်သူ ရဲ့ အားနည်းချက်တွေ သင့် ချစ်သူ ရဲ့ စိတ်ပျက်ဖွယ်ကောင်းတဲ့ အကျင့်ဆိုးတွေ အားနည်းချက် တွေကို တခြားသူကို မပြောသင့်ပါဘူး။ သူ့ရဲ့ ကွယ်ရာမှာ အဲဒီလိုပြောတာမျိုးကို ရှောင်ကျဉ်သင့်ပါတယ်။ တကယ်လို့ သူတို့သိသွားခဲ့ရင် နာကျင်ရပြီး သစ္စာဖောက်သလို ခံစားရမှာဖြစ်ပါတယ်။ စကားများ ကြတဲ့အကြောင်း ရန်ဖြစ် စကားများ တဲ့အကြောင်းနဲ့ ပတ်သတ်ပြီး လူမှုကွန်ရက် စာမျက်နှာ ပေါ်မှာ လူတွေအများအာဖြင့် တင်လာကြတာတွေ့ရပါတယ်။ သင့်ချစ်သူကို တကယ်ချစ်တယ်၊ သင်တို့နှစ်ယောက်ရဲ့ … Read more

အပျော်တွဲတာလား ၊ တကယ်လက်ထပ်မှာလားဆိုတာ ဒီအချက်တွေနဲ့ ဆုံးဖြတ်ပါ

ဒီနေ့ခေတ်တွင် ရည်းစားကို ယုံမှတ်၍ပုံအပ်ကာ အသွေးအသားကို ပေးဆပ်လိုက်ရပြီး ဘဝပျက်သွားကြတဲ့ မိန်းမပျိုများစွာ ရှိပါတယ်။ ပျားရည်ဆမ်းတဲ့ စကားလုံးတို့ရဲ့နောက်ကွယ်မှာ တပ်မက်မှုရမက်တဏှာမီးတွေကြောင့် ဘဝပန်းအလှကြွေလွင့်သွားရရှာတဲ့ မိန်းကလေးတွေအတွက် မီးငယ်တို့အသိကြွယ်စေဖို့ ဤဆောင်းပါးကို ရေးခြင်းဖြစ်ပါတယ်။ လက်ရှိတွဲနေတဲ့ရည်စားဟာ အပျော်တမ်းတွဲနေတာလား၊ တကယ်လက်ထပ်ဖို့ ရည်ရွယ်ထားလား ထင်ရှားစေတဲ့ အချက် (၁၁) ချက်ကို သတိပြုမိဖွယ် ဖော်ပြလိုက်ပါတယ်။ ၁။ ကောင်လေးဟာ အနာဂတ်အတွက် ပြင်ဆင်နေမယ်။ တကယ်လက်ထက်ဖို့အထိ ရည်ရွယ်ထားတဲ့ ကောင်လေးဟာ ရည်းစားဖြစ်တဲ့အချိန်ကနေစပြီး အနာဂတ်မှာ ဘာတွေလုပ်မယ် ၊ ဘယ်လို ဆောက်တည်မယ် ၊ အိမ်ထောင်ပြုပြီးရင် ဘယ်လိုအသက်မွေးဝမ်းကြောင်းပြုမယ်ကအစ ကြိုတင်ပြင်ဆင်ထားလေ့ရှိပါတယ်။ ကိုယ့်ရည်းစားဟာ ယခုအချိန်ထိ သင်တို့နှစ်ယောက်အနာဂတ်အတွက် ဘာမှပြင်ဆင်ထားခြင်းမရှိသေးတာကို လေ့လာခြင်းဖြင့် ကိုယ့်ကိုယခုအချိန်ထိ လက်ထပ်ဖို့ရည်ရွယ်ချက်မရှိသေးတာကို သိရှိနိုင်ပါတယ်။ ၂။ သူ့ရဲ့ အချိန်တွေကို သင်နဲ့ကုန်ဆုံးစေပါမယ်။ … Read more

ယောက်ျား တစ်ယောက်ကို သိမ်ငယ်စိတ် ဖြစ်သွားစေမယ့် စကားလုံး တွေ

ရင့်ကျက်တော့တို့၊ မှိုင်မနေနဲ့တို့၊ ယောက်ျား ပီသစမ်းပါတို့လို စကားတွေက သူတို့ကိုပိုဆိုးရွားစေမှာ။ ၁။ နင့်ဘာသာ သဝန်တို နေတာ သူ သဝန်တို နေတယ်ဆိုတာ သိသိကြီးနဲ့ အဲ့လိုသွားပြောတော့ ဟိုက စိတ်ဆိုးတာပေါ့။ ချစ်သူ တစ်ဦးအနေနဲ့ သဝန်တို ခွင့် သူ့မှာရှိတယ်လေ။ ဒါကို သွားပြောလိုက်ရင် သူ့ကို မချစ်ဘူး၊ ဒါမှမဟုတ် အရေးမပါဘူးလို့ ပြောလိုက်သလိုပဲ။ ၂။ ယောက်ျား ပီသစမ်းပါ မိန်းကလေး တွေမှ ငိုတတ်တာမဟုတ်ဘူးနော်။ ယောက်ျားလေးတွေလည်း စိတ်အရမ်းပင်ပန်းလာရင် မျက်ရည် ကျချင်ကျမယ်။ဒါမှမဟုတ် စိတ်ဓာတ်ကျပြီး မှိုင်တွေနေမယ်။ ဒီလိုအချိန်မှာ သူတို့လိုချင်တာက အားပေးစကားပါ။ ရင့်ကျက်တော့တို့၊ မှိုင်မနေနဲ့တို့၊ ယောက်ျားပီသစမ်းပါတို့လို စကားတွေက သူတို့ကိုပိုဆိုးရွားစေမှာ။ ၃။ ဘယ်လို နားထောင် ပေးရမလဲ တစ်ခါတစ်လေကျရင် ကိုယ်ပြောသမျှစကားတွေကို … Read more

လက်ချောင်း အတိုအရှည်ကို ကြည့်ပြီး အမျိုးသား တစ်ဦး၏ စိတ်နေစိတ်ထားကို ခန့်မှန်းနိုင်

အမျိုးသမီးများ အတွက် သတင်းကောင်း တစ်ခုရှိနေပါပြီ။ ကိုယ်နှင့် ဒိတ်လုပ်သည့် အမျိုးသားသည် ရက်ရောသူ ဖြစ်သလား၊ တွန့်တိုတတ်သည့် ကပ်စေးနည်း ဖြစ်သလားကို သိရှိနိုင်မည့် နည်းလမ်း ရှိနေပါပြီ။ သိနိုင်ဖို့ အတွက် သူ့အလုပ်အကိုင် ကိုလည်း မမေးပါနှင့်။ သူ့ ပိုက်ဆံအိတ်ထဲ ကိုလည်း မကြည့်ပါနှင့်။ သူ့လက်ချောင်းလေးတွေကိုသာ ကြည့်လိုက်ပါ။ ရက်ရောသူလား၊ ကပ်စေးနည်းသူလား သိဖို့ရန် လက်ချောင်းလေးများ၏ အတိုအရှည်ကိုသာ ကြည့်လိုက်ပါ။ အမျိုးသား တစ်ဦး၏ လက်ညှိုးသည် လက်သူကြွယ်ထက် တိုနေပါက ယင်းအမျိုးသားသည် အမျိုးသမီးများ အထင်ကြီးစေရန် အတွက် ငွေကြေးများစွာ သုံးစွဲသူ ဖြစ်နိုင်ခြေများကြောင်း လေ့လာမှု တစ်ခုတွင် ဖော်ပြထားသည်။ အဆိုပါ အမျိုးသားသည် ပန်းများ လက်ဆောင် ပေးတတ်သည်။ ချောကလက်များ လက်ဆောင် ပေးတတ်သည်။ … Read more

ဖိလစ်ပိုင်နိုင်ငံရဲ့ အကြီးဆုံး သတင်း မီဒီယာနဲ့ တွေ့ဆုံပြီး လက်ရှိမြန်မာ့ ပြည် တွင်းရေးကို ဖွင့်ချပြောဆိုသွား မယ် ဆိုတဲ့ SINON LORESCA

ဖိလစ်ပိုင်နိုင်ငံရဲ့ အကြီးဆုံး သတင်းမီဒီယာနဲ့ တွေ့ဆုံပြီး လက်ရှိမြန်မာ့ပြည်တွင်းရေးကို ဖွင့်ချပြော ဆို သွားမယ် ဆိုတဲ့ Sinon Lorescaဖိလစ်ပိုင် လူမျိုး Catwalk Model၊ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Sinon Loresca ကတော့ ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ် အတွင်းမှာ မြန်မာနိုင်ငံကို အလည် လာရင်း မြန်မာပရိသတ်တွေ ရဲ့ အား ပေး မှုကို အခိုင်အမာ ရရှိခဲ့သူ တစ်ယောက်ဖြစ် ပါတယ်။ Sinon Loresca က မြန်မာနိုင်ငံမှာ တစ် နှစ်ကျော်ကြာ နေထိုင်ကာ အနုပညာ အလုပ်တွေနဲ့ ပရဟိတ အလုပ်တွေကို လုပ်ကိုင်ခဲ့ပြီးမနေ့က ဖေဖော်ဝါရီလ (၁၅) ရက်နေ့မှာ သူ့မိခင်ရဲ့ ကျန်းမာရေးအခြေအနေကြောင့် သူ့ရဲ့ နိုင်ငံ ဖိလစ်ပိုင် နိုင်ငံကို … Read more