မင်းလွယ်အိပ်လေးထဲမှာာ ကွမ်းယာတစ်ထုပ် သွေးစွန်းနေတဲ့ ငွေလေး ခုနှစ်ရာ …ငါ ရင်နာလိုက်တာ ….
ချစ်သူစုံတွဲတွေသာမက အိမ်ထောင်သည်တွေပါ မြဲစေဖို့အတွက် သိထားရမယ့် အချက် (၅) ချက်
တကယ်တော့ သမီးရည်းစားဆက်ဆံရေးကနေ အိမ်ထောင်ရေးအထိ တစ်ဦးနဲ့တစ်ဦး အပေးအယူညီညီလေးနဲ့ နားလည်မှုရှိဖို့ဟာ တကယ်ကို အရေးပါလွန်းပါတယ်။ ဒါ့အပြင် အိမ်ထောင်မြဲဖို့ နဲ့ အချစ်ရေး မှာ ပျော်ပျော်ရွှင်ရွှင် ရှေ့ဆက်လျှောက်လှမ်းနိုင်ဖို့ သိထားရမယ့် အချက် (၅) ချက်ကတော့ ၁။ တစ်ဖက်လူပြောတာကို သေချာ နားထောင်ပေးပါ။ ပြီးပြီးရော မဟုတ်ပဲ၊ ပြီးတော့ ပြောနေချိန် စကားဖြတ်မပြောပဲ တစ်ဖက်လူပြောတာကို သေချာအာရုံစိုက်ပြီး နားထောင်တတ်ပါစေ။ သူအားလုံးပြောပြီးသွားတဲ့အခါမှသာ သင့်ရဲ့ထင်မြင်ချက်၊ အကြံပေးတာ၊ အယူအဆ စတာတွေကို ဖွင့်ဟပါ။ ၂။သင်လိုချင်တဲ့အရာကို တောင်းဆိုတတ်ပါစေ။ ချစ်သူစုံတွဲတွေဟာ များသောအားဖြင့် ကိုယ်လိုချင်တာ ဘာဆိုတာ မပြောပဲ ရေငုံနှုတ်ပိတ်နေတတ်ကြပါတယ်။ စုံတွဲတစ်တွဲမှာ တစ်ယောက်ကတော့ များသောအားဖြင့် အဲ့ဒီလို နေတတ်တာများပါတယ်။ ဒါ့ကြောင့် သင်လိုချင်တာဟာ ဘယ်လိုမျိုး၊ သင်ဖြစ်ချင်တဲ့အရာက ဘယ်လိုမျိုး … Read more
ကိုယ်တကယ်ချစ်တဲ့လူနဲ့ ဆုံတဲ့အခါ
ကိုယ်တကယ်ချစ်တဲ့ လူနဲ့ ဆုံတဲ့အခါ သူနဲ့တစ်သက်တာ လက်တွဲနိုင်ဖို့ကြိုးစားပါ။ သူမရှိတော့ရင် အရာအားလုံးက နှောင်းသွားလိမ့်မယ်။ ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်းနဲ့ ဆုံတဲ့အခါ သင့်မြတ်အောင် နေထိုင်နိုင်ဖို့ကြိုးစားပါ။ ဘဝတစ်လျှောက်မှာ ကိုယ်နဲ့သဘောထားချင်း တိုက်ဆိုင်သူနဲ့ ဆုံဖို့ဆိုတာ မလွယ်လှပါဘူး။ ကိုယ့်ဘဝကို ကူညီတဲ့လူနဲ့ ဆုံတဲ့အခါ သူ့ကျေးဇူးကို မှတ်ထားပါ။ သူဟာ ကိုယ့်ဘဝကို လှည့်ပြောင်းပေးခဲ့သူဖြစ်လို့ပါပဲ။ ကိုယ့်ချစ်ခဲ့ဖူးတဲ့လူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး ကျေးဇူးတင်ကြောင်းပြောပါ။ သူ့ကြောင့် အချစ်ကိုပိုနားလည်စေခဲ့လို့ပါပဲ။ ကိုယ်မုန်းခဲ့ဖူးတဲ့လူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး နှုတ်ဆက်လိုက်ပါ။ သူ့ကြောင့် ကိုယ်ပိုကြံ့ခိုင်ခဲ့လို့ပါပဲ။ ကိုယ်နဲ့အတူနေနေတဲ့’ ကိုယ့်ကို အဖော်ပြုနေသူကို လုံးဝကျေးဇူးတင်ပါ။ သူ့ကြောင့် ပျော်ရွှင်ကြည်နူးမှုနဲ့ ချစ်ခြင်းမေတ္တာတွေကို ကိုယ်ရနေလို့ပါပဲ။ ကိုယ့်ကို သစ္စာဖောက်သွားသူနဲ့ ဆုံတဲ့အခါ ခေါ်ပြောနှုတ်ဆက်ပါ။ သူ့ကြောင့် လောကကြီးအကြောင်းကို ကိုယ်နားလည်ခဲ့လို့ပါပဲ။ ကိုယ်တိတ်တခိုး ချစ်ခဲ့ဖူးတဲ့သူနဲ့ … Read more
ကိုယ်စိတ်ဝင်စားနေတဲ့ သူ ကိုယ့်ကို ပြန်ကြွေစေချင်တယ်ဆိုရင်
တစ်စုံတစ်ဦးက ကိုယ့်ကို ရူးရူးမူးမူး ချစ်ခင်စွဲလန်းစေချင်ပါက သိပ္ပံနည်းကျ အထောက်အထားခိုင်လုံတဲ့ အောက်ပါနည်းလမ်းလေးတွေက သင့်ကို အကူအညီဖြစ်စေပါလိမ့်မယ်။ မျက်လုံးချင်းဆက်သွယ်မှုပြုခြင်း မိမိနှစ်သက်မြတ်နိုးတဲ့ သူတစ်ဦးရဲ့ အာရုံစိုက်မှု ရယူဖို့အတွက် မျက်လုံးချင်းဆက်သွယ်မှုက အရေးကြီးပါတယ်။ အဲဒါက သူ/သူမကို သင့်ခံစားချက်တွေ ထဲထဲဝင်ဝင် နားလည်သဘောပေါက်စေပါတယ်။ နားထောင်တတ်သူဖြစ်ပါစေ နာဗားဒါးတက္ကသိုလ်နဲ့ ဝါရှင်တန်တက္ကသိုလ်မှ လေ့လာမှုများအရ နားထောင်ကောင်းသူ တစ်ဦးဖြစ်ရတာ သင့်ကို တစ်စုံတစ်ဦးမှ ချစ်ကြိုက်မိခြင်းရဲ့ ကြီးမားတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်ပါတယ်။ တခြားသူတွေ သူတို့ကို စိတ်ဝင်စားမှုပေးတဲ့အခါ လူတွေနှစ်သက်သဘောကျကြပါတယ်။ အဲဒီအတွက်ကြောင့် သူတို့အကြောင်းကို မဆိုင်းမတွ ချက်ချင်း ပြောဆိုဆွေးနွေးနိုင်ကြတယ်။ တလေးတစားနဲ့ ကောင်းမွန်စွာဆက်ဆံပါ သူလုပ်ဆောင်နေတဲ့ အရာတွေနဲ့ သူ့ဖြစ်နေတာတွေအားလုံး တန်ဖိုးထားသလို ပြုမူဆက်ဆံတတ်ပါက အထူးသဖြင့် အသေးဖွဲလေးတွေ တောင်းဆိုတဲ့အခါ သင့်အတွက် မယုံကြည်နိုင်လောက်အောင် လိုက်လျောလာပါလိမ့်မယ်။ ဖြူစင်ရိုးသားစွာ … Read more
သင့်အချစ်ရေး ခိုင်မြဲဖို့အတွက် မဖြစ်မနေ ဖျက်ဆီးပစ်ရမယ့် အကျင့်ဆိုးများ
သင့်အချစ်ရေးကို အဲ့ဒီအကျင့်ဆိုးတွေက ဖျက်ဆီးမပစ်ခင် သင်ကအရင် ဒီအကျင့်ဆိုးတွေကို ဖျက်ဆီးပစ်လိုက်ပါ။ ခုပြောပြပေးမယ့် အရာတွေဟာ သင်တို့အချစ်ရေးကို ဖျက်ဆီးပစ်နိုင်တဲ့အရာတွေပါ။ ဒီလိုအမူအကျင့်တွေအတိုင်း လက်ခံကျင့်သုံးဖြစ်နေတယ်ဆိုရင် နှစ်ယောက်စလုံး ချက်ချင်းပြင်ဆင်ပစ်လိုက်ဖို့ အကြံပေးချင်ပါတယ်၊ ၁။သင်ဟာ နှစ်ဦးသားဆက်ဆံရေးထက် ဆိုရှယ်မီဒီယာကို ပိုအသားပေးတယ်။ ဒါပြသနာတစ်ရပ်ပါပဲ၊ အထူးသဖြင့် လူငယ်စုံတွဲတွေ အတွက်ပေါ့။ ခံစားချက်ကို စတေးတပ်စ်လေးတင်လိုက်တာ၊ သူ့ပို့စ်အောက်မှာ ကွန်မန့်ဝင်ရေးလိုက်တာမျိုးတွေဟာ သင်တို့နှစ်ဦးရဲ့ တကယ့်ဆက်ဆံရေး မဟုတ်ပါဘူး။ ချစ်တဲ့အကြောင်း လက်တွေ့မပြပဲ စတေးတပ်စ်ကြီးပဲ တင်နေလို့လည်း မရပြန်ပါဘူး။ ချစ်သူကို မျက်နှာချင်းမဆိုင်ဖြစ်ပဲ ဖေ့စ်ဘွတ်ခ်၊ instagram၊ Pinterest ဒါမှမဟုတ် Twitter ချည်းသုံးနေမယ်ဆိုရင် ဒါဟာ ပြသနာတစ်ခုလို့ ပြောပါရစေ။ ၂။သင်ဟာ မကြာခဏစိတ်ရှုပ်တတ်ပြီး၊ သင်စိတ်အလိုမကျတာနဲ့ ရစ်တော့တာပဲ။ ညဘက်တွေ နောက်ကျမှ အိပ်ယာဝင်မယ်။ အဲဒီတော့ အိပ်ရေးမ၀ပဲ … Read more
ချစ်သူနဲ့ ရိုမန်တစ်ဆန်ဆန် အားလပ်ရက်ခရီး ထွက်သင့်တဲ့ အကြောင်းရင်း (၅) ချက်
ကျွန်ုပ်တို့ အများစုဟာ ဘယ်တော့မှ အတောမသတ်တဲ့ စိတ်ဖိစီးမှုတွေရှိကြပါတယ်။ အဲဒါ ဘဝပဲ ဖြစ်ပါတယ်။ ကျွနု်ပ်တို့ ဘဝမှာ စိတ်ဖိစီးမှုနဲ့ ဘဝရဲ့ အတက်အကျတွေကို ဘယ်လိုပုံစံနဲ့ ဖြတ်သန်းကျော်လွှားကြတယ်ဆိုတာ အရေးကြီးပါတယ်။ ဒါပေမယ့် ကျွန်ုပ်တို့ အလေးမထားဘူး ဆိုရင် အလုပ်အကိုင်၊ မိသားစုနဲ့ အခြားဝတ္တရားတွေမှ လာတဲ့ စိတ်ဖိစီးမှု အားလုံးတို့ကြောင့် ထိခိုက်ဆုံးရှုံးမှု ဖြစ်စေပါလိမ့်မယ်။ ချစ်သူစုံတွဲဘဝ အဓွန့်ရှည်စေဖို့ ရိုမန်တစ် ဆန်တဲ့ ခရီးထွက်ခြင်း ဘာကြောင့် မရှိမဖြစ်လိုအပ်တဲ့ အကြောင်းအရင်း (၅) ချက်ရှိပါတယ်၊ အဲ့ဒါတွေကတော့… ၁။ အချင်းချင်းမှ လွဲ၍ တခြားဘာမှ တွေးစရာမရှိ ယာဉ်ကျောပိတ်ဆို့ခြင်း မရှိဘူး။ ဘီလ်ဆိုလဲ မရှိဘူး။ အလုပ်လဲမရှိဘူး။ ကလေးတွေရှိပြီး ကံကောင်းလို့ ဒီအရာတွေကို ခဏလေး ကြည့်ရှုပေးဖို့ မိသားစုရှိပါက … Read more
အထူးကြိုးစား အားထုတ်စရာမလိုပဲ ချစ်သူအမျိုးသားတွေကို ဆွဲဆောင်နိုင်တဲ့ အရာများ
ကိုယ့်ချစ်သူကောင်လေးရှေ့ ရောက်တဲ့အခါပဲဖြစ်ဖြစ်၊ အတူရှိနေချိန်ပဲဖြစ်ဖြစ် မထင်မှတ်ပဲ ပြုမူလိုက်တဲ့ ကိုယ့်လှုပ်ရှားမှု အပြုအမူတွေကြောင့် တစ်ဖက်လူမှာ စိတ်လှုပ်ရှားသွားရတာမျိုး၊ ရင်ခုန်သွားရတာမျိုးတွေ ရှိတတ်ပါတယ်။ ဒီလို ဖြစ်ဖို့ ကိုယ့်ဘက်က စနစ်တကျလုပ်ဆောင်လိုက်တာမျိုး မဟုတ်ပဲ အမှုမဲ့ အမှတ်မဲ့ လုပ်ဆောင်ပြုမူပုံလေးတွေက ကိုယ့်ကောင်လေးကို ဆွဲဆောင်လိုက်နိုင်တာမျိုးပေါ့။ အဲ့ဒီလို ဆက်စီကျတဲ့ လုပ်ရပ်လေးတွေကတော့ ၁။အားလပ်ရက် အတူရှိနေချိန်၊ အပန်းဖြေခရီးအတူသွားချိန်မှာ အဖြူရောင်ရှပ်အကျီ ပွပွကြီး ၀တ်နေတာမျိုး အထူးတလည် ရွေးချယ်ထားတဲ့ အနက်ရောင်ဂါဝန်က အမျိုးသားတွေကို ဆွဲဆောင်နိုင်သလားဆိုတာ မသေချာပါဘူး။ အဲ့ဒီထက် သေချာတာကတော့ သင်ကပိုကရို ၀တ်ထားတဲ့ အဖြူရောင် ရှပ်အကျီပွပွကြီးတစ်ထည်ပါပဲ။ ဒါ သူတို့အတွက် ဆက်စီဖြစ်တယ်လို့ အမျိုးသားတွေက ဖွင့်ဟထားကြပါတယ်။ ၂။သူ့ကို တင်းကျပ်စွာ ပွေ့ဖက်လိုက်တာမျိုး နှစ်ဦးသားဆုံချိန်မှာ စကားပြောနေရင်းနဲ့ သူ့ကို အမှတ်မထင် တင်းတင်းကျပ်ကျပ် … Read more
သင့်အချစ်ရေးကို ပျက်ပြားစေမယ့် အယူအဆမှား (၅) မျိုး
လူတိုင်းဟာ အချစ်နဲ့တွေ့တဲ့အခါ အရင်တုန်းက အမှန်လို့ ယူဆထားတာတွေကို အမှားလို့ မြင်လာကြသလို အရင်တုန်းက ဒါ မဟုတ်ဘူး၊ မဖြစ်နိုင်ဘူးလို့ သေချာနေပြီးသား အရာတွေကိုတောင် ဒါအမှန်၊ ဖြစ်ကိုဖြစ်နိုင်တယ်လို့ မြင်လာ ကြပါပြီ။ ဒီအချက်မှာ ပညာလေးနဲ့ယှဉ်၊ ဦးနှောက်လေးနဲ့ယှဉ်ပြီးတော့သာ နှလုံးသားအလိုကို လိုက်ရမှာပါ။ မျက်လုံစုံးကန်းနေသလို ချစ်ခြင်းမျိုးဆိုရင်တော့ သင့်အတွက် တစ်ချိန်မှာ နာကျင်စရာတွေနဲ့ ကြုံလာနိုင်ပါတယ်။ ဒီတော့ ကိုယ်တွဲမယ့်သူဟာ ဘယ်လိုအခြေအနေလေးလဲဆိုတာ သုံးသပ်ခန့်မှန်းရင် ဒီအယူအဆတွေကို လုံးဝစွန့်လွှတ်ကြဖို့ တိုက်တွန်းပါရစေ။ ၁။ကိုယ့်ချစ်သူက ဘာမှသက်သေမပြနိုင်ရင်တောင် ကိုယ့်ကို ချစ်တယ်တဖွဖွပြောနေရင် ကျေနပ်နေတာမျိုး မိန်းကလေးတော်တော်များများဟာ ကိုယ့်ချစ်သူက အပြောလေးကောင်းပြီး ကိုယ့်ကို ပါးစပ်လေးနဲ့ ချစ်ပြရင် ကျေနပ်နေတတ်ကြပါတယ်။ သစ္စာရှိရှိသာနေ တစ်ခြားဘာမှမလုပ်ရင်တောင် ရှာကျွေးထားချင်တတ်ကြတဲ့အထိကို ချစ်တာပါ။ ဒါပေမယ့် ဒီအရာတွေက တကယ်တော့ မိုက်ရူးရဲဆန်လွန်းတယ်ဆိုတာ … Read more
သင့်ခင်ပွန်း သို့မဟုတ်ဇနီးနဲ့ ရန်ဖြစ်တဲ့အခါ ပြန်လည်အဆင်ပြေသွားအောင် လုပ်ဆောင်ပေးနိုင်တဲ့ နည်းလမ်း (၅)သွယ်
အိမ်ထောင်ဖက်နဲ့ စကားအခြေအတင် ပြောဆိုရတဲ့အခါ ၊ သမီးရည်းစား ဆက်ဆံရေးပြဿနာတွေကို ဖြေရှင်းရတဲ့အခါ လျှင်မြန်စွာ ပြန်လည်အဆင်ပြေသွားစေနိုင်တဲ့ နည်းလမ်းတွေ ရှိနေပါတယ်။ အဲ့ဒါတွေကတော့တစ်ဖက်သား ကိုယ့်သဘောထားကို အလွယ်တကူ လက်ခံနိုင်ဖို့ နားဝင်ချိုအောင်ပြောပါ။ လူတွေ ကူရှင်းပေါ်မှာ ထိုင်လိုက်တဲ့အခါ စိတ်ကို လိုသလိုပြောင်းလဲနိုင်ပြီး လူတစ်ဖက်သားကို ကူညီပေးလိုတယ်လို့ MIT၊ဟားဗတ်နှင့် ရဲတက္ကသိုလ်များမှ လေ့လာမှုတစ်ခုက ထုတ်ဖော်ပြလိုက်ပါတယ်။ ပျော်ရွင်တဲ့ မိသားတွေရဲ့လျှို့ဝှက်ချက်များ စာအုပ်ရေးသူစာရေးဆရာ Bruce Feiler က ဒေါသစကား တွေကို အိစက်ညက်ညောတဲ့ ကုလားထိုင် သို့မဟုတ် ဆိုဖာခုံမှာထိုင် ရင်းပြောဆိုကြပါလို့ အကြံပြု လိုက်ပါတယ်။ နှစ်လိုဖွယ်ရှိတဲ့ စကားတွေနဲ့ စတင်ပြောဆိုပါ။ စကားအငြင်းပွားမှု ပပျောက်ရန်အတွက်”နင်”ဆိုတဲ့ စကားမသုံးဘဲ “ကိုယ်”ဆိုတဲ့စကားနဲ့ စတင်ပြောဆိုပါလို့ ဟားဗတ်စီးပွားရေး ကျောင်းက စီးပွားရေး စီမံအုပ်ချုပ်မှုပါမောက္ခ … Read more
ခိုင်မာတဲ့အချစ်နဲ့ မခိုင်ခံ့တဲ့အချစ် နှစ်ခုရဲ့ခြားနားချက်
ချစ်ခြင်းမေတ္တာဆိုတာ ဘာလဲ။ အချိန်ယူစဉ်းစားရမယ့် မေးခွန်းလေးတစ်ခု ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ အချစ်ဆိုတာ ခံစားချက်တစ်ခုလား။ စိတ်လှုပ်ရှားမှု တစ်ခုပဲလား။ ဒါ ကျွန်ုပ်တို့ အားလုံးခံစားတဲ့ အရာတစ်ခုခုပဲလား။ အချစ်ဆိုတာ ကျွန်ုပ်တို့ကို စိတ်ခံစားချက်တွေဖြစ်ပေါ်စေတယ်။ အချစ်ဟာ ဆောင်ရွက်ချက်အမျိုးမျိုးကိုလည်း လုပ်ဆောင်စေတယ်။ ယခုခေတ်မှာ ချစ်ခြင်းမေတ္တာမှာ နှစ်မျိုးနှစ်စားရှိနိုင်တယ်လို့ စူးစမ်းမှုတွေ လုပ်နေကြတယ်။ ခိုင်မာသောအချစ်နဲ့ မခိုင်ခံ့တဲ့အချစ်။ ချစ်ခြင်းမေတ္တာအမျိုးမျိုး ယျေဘူယျအားဖြင့် ချစ်ခြင်းမေတ္တာကို အခြေအနေပေါ်မှီတည်တဲ့ အချစ်( conditional love) သို့မဟုတ် အကန့်အသတ်မဲ့အချစ်(unconditional love) လို့ ဖွင့်ဆိုထားတာတွေ ကြားဖူးကြတယ်။ အခြေအနေအရကြောင့်ဖြစ်လာတဲ့ ချစ်ခြင်းမေတ္တာဟာ ကြိုတင်တွေ့မြင်နေရတဲ့ အခြေအနေတစ်ရပ်အပေါ်အခြေခံထားတဲ့ ကြောင်းအရာတစ်ခုခုကြောင့် နှစ်ခြိုက်သဘောလာတွေ့ခြင်း၊ ချစ်စိတ်ဝင်လာခြင်းဖြစ်ပါတယ်။ ဥပမာ – ငါအတွက် ဒါကို လုပ်ပေးတဲ့အတွက် ဒီလူ့ကို ငါချစ်တယ်။ မလုပ်ပေးရင် မချစ်ဘူး … Read more