မိန်းကလေးတွေ သူတို့ရဲ့ချစ်သူ ကောင်လေးကို ခဏခဏ စိတ်ကောက်တာ ဒီအချက်လေးတွေကြောင့်ပါ
မိန်းကလေးတွေ သူတို့ရဲ့ချစ်သူ ကောင်လေးကို ခဏခဏ စိတ်ကောက်တာ ဒီအချက်လေးတွေကြောင့်ပါ ချစ်သူမိန်းကလေးတွေက အကြောင်းမဲ့သက်သက် စိတ်ဆိုးတာ မဟုတ်ဘူးပါနော် ၊ ဒါ‌ လေးတွေကြောင့်မို့စိတ်ဆိုးတာပါ ကိုကိုတို့ရေ။ရည်းစားတွေစိတ်ဆိုး ၊ စိတ်ကောက်ကြတယ်ဆိုတာ သဘာဝပါပဲ။ စိတ်ကောက်ဖို့က မိန်းကလေးတာဝန် ၊ ချော့ရမှာက ကောင်လေးတွေတာဝန်ပဲ ဟုတ်တယ်ဟုတ်? ဒါပေမယ့် ကောင်မလေး စိတ်ဆိုးနေချိန်မှာတော့ မချော့တဲ့အပြင် `စိတ်ပဲကောက်နေတယ် ၊ အလကားနေရစ်တယ် ၊ပြဿနာရှာတယ်´ လို့ သွားပြောရင်တော့ လောင်နေတဲ့မီးကို မိန်းကလေးတွေ သူတို့ရဲ့ချစ်သူ ကောင်လေးကို ခဏခဏ စိတ်ကောက်တာ ဒီအချက်လေးတွေကြောင့်ပါ လောင်စာပိုထည့်ပေးလိုက်သလိုပဲ ပိုအခြေအနေဆိုးသွားမယ်နော် ။တကယ်တော့ မိန်းကလေးတွေ စိတ်ကောက်တယ်ဆိုတာ အကြောင်းပြချက်ရှိပါတယ်။အထူးသဖြင့်ဘယ်လို အကြောင်းရင်းတွေကြောင့် စိတ်ဆိုးစိတ်ကောက်ရလဲဆိုတော့ ၁။ Exအကြောင်းရှာတွေ့လို့ ။ မိန်းကလေးတွေက ဘာလောက်ပဲ ကိုယ့်ရည်းစားနောက်ကြောင်းကို ဂရုမစိုက်ဘူး … Read more
မိန်းကလေးတစ်ယောက်ကို ဖြတ်ချင်လာပြီဆိုရင် ယောကျာ်းတွေသုံးတတ်တဲ့ အကွက်များ…
မိန်းကလေးတစ်ယောက်ကို ဖြတ်ချင်လာပြီဆိုရင် ယောကျာ်းတွေသုံးတတ်တဲ့ အကွက်များ သမီးရည်းစား Relationship တစ်ခုမှာ ကိုယ့်ချစ်သူက ကိုယ့်ကို စိတ်ကုန် လာပြီလားဆိုတဲ့ စိုးရိမ်စိတ်က မိန်းကလေးတွေမှာ ပိုတွေ့ရတတ်ပါတယ်။ စစ်တမ်းတွေအရဆိုရင် Relationship တွေမှာ မိန်းကလေးတွေဘက်ကနေ အရင်စပြီး လမ်းခွဲတာများပါတယ်။ ယောက်ျားအများစုက လမ်း ခွဲရအောင်ဆိုတဲ့ စကား ကို သူတို့ဘက်ကနေ အရင်စပြီး ပါးစပ်ကနေ ဖွင့်မပြောပေမယ့် တစ်ဖက် မိန်းကလေး သူ့အပေါ် စိတ်ပျက်ပြီး လမ်းခွဲချင်လာအောင် လုပ်ပြ၊နေပြ တတ်ကြပါ တယ် …။ နှုတ်ကနေ၊ ပါးစပ်ကနေ ထုတ်မပြောပေမယ့် သူကိုယ့်ကို လမ်းခွဲချင်နေ ပြီဆိုတာကို ဘယ်လိုသိနိုင်လဲ..?ချစ်သူကောင်လေးကို လမ်းခွဲချင်လာပြီဆိုရင် ယောက်ျားတွေ (ပါးစပ်ကနေ လမ်းခွဲရအောင်လို့တော့ ဖွင့်မပြောပေမယ့်) လု ပ်ပြတတ်တဲ့ အပြုအမူတွေကို ဖော်ပြပေးချင်ပါတယ်။ အဲ့ဒါတွေကတော့ … Read more
သူက သင့်ကိုအပြောနဲ့မဟုတ် လက်တွေ့ကျကျ ချစ်တယ်ဆိုတာ သိနိုင်တဲ့ အချက် (၆)ချက် လူတစ်ယောက်နဲ့တစ်ယောက် အချစ်ကို ခံစားပုံချင်းမတူသလို၊ ဖော်ထုတ်ပုံချင်းလည်း မတူပါဘူး။ တချို့က အချစ်ကိုအပြောနဲ့ဖော်ထုတ်ပြသတယ်၊ တချို့ကျတော့လည်း အပြောနဲ့မဟုတ် လက်တွေ့ကျကျ သက်သေပြတယ်။ သင့်ချစ်သူက သင့်ကို အပြောနဲ့မဟုတ်ဘဲ လက်တွေ့ကျကျ ချစ်တတ်တဲ့သူ၊ အချစ်ကို လုပ်ရပ်နဲ့ သက်သေပြတဲ့သူဆိုတာ ဒီအချက်တွေကသက်သေပါပဲ။   (၁) နဖူးကိုနမ်းတတ်တယ် သူက သင့်ရဲ့နဖူးလေးကို နမ်းတတ်တဲ့ အကျင့်ရှိရင် သင်ဟာသူ့အတွက် တန်ဖိုးထားပြီးချစ်ရတဲ့သူ၊ သူ့တစ်ဘဝလုံးနွေးထွေးမှုတွေပေးချင်တဲ့သူလို့ အဓိပ္ပါယ်ရပါတယ် (၂) လက်ဆောင်လေးတွေပေးတတ်တယ် သင့်အကြိုက်တွေကို မှတ်ထားပြီး လက်ဆောင်လေးတွေပေးတတ်တယ်။ အထိမ်းအမှတ်နေ့တွေမှမဟုတ်ဘဲ သင့်ကိုပျော်စေချင်လို့ လက်ဆောင်ပေးတာမျိုးလေးတွေပေါ့။ (၃) သူ့သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ရင်းနှီးစေတယ် သူ့အသိုင်းအဝိုင်း၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးရုံမက သူတို့တွေ သင့်အပေါ်မှာ ခင်မင်ရင်းနှီးအောင်၊ … Read more
ချစ်သူရဲ့တန်ဖိုးထားမှုကို အမြဲတမ်းရရှိချင်ရင် ဒီအချက်လေးတွေကို လိုက်နာပါ…
ချစ်သူရဲ့တန်ဖိုးထားမှုကို အမြဲတမ်းရရှိချင်ရင် ဒီအချက်လေးတွေကို လိုက်နာပါ မိန်းကလေးတစ်ယောက်အဖို့ ချစ်သူရဲ့ဂရုစိုက်တန်ဖိုးထားမှုကို အမြဲရရှိနေမှ ပျော်စရာကောင်းတဲ့ အချစ်ရေးကို ပိုင်ဆိုင်ရတာပါ။ဒီလိုမျိုး ချစ်သူရဲ့ဂရုစိုက်တန်ဖိုးထားမှုကို အမြဲရရှိချင်တယ်ဆိုရင်တော့…. မိန်းကလေးတွေအနေနဲ့ လုပ်ဆောင်ရမယ့် ဆောင်ရန်ရှောင်ရန် အချက်လေးတွေ ရှိပါတယ်။ဒီအချက်လေးတွေကိုသာ လိုက်နာမယ်ဆိုရင်တော့ သင်ဟာချစ်သူအတွက်တန်ဖိုးရှိပြီး လေးစားစရာကောင်းတဲ့ သူတစ်ယောက် ဖြစ်လာမှာပါ။ (၁) ကိုယ့်ဘဝကိုယ် မရှက်ပါနဲ့ သင်ဟာ ပညာတတ်တစ်ယောက်မဟုတ်လို့၊ စည်းစိမ်ဥစ္စာ မချမ်းသာလို့၊ ဒါမှမဟုတ် အားနည်းချက်တွေများလို့ ကိုယ့်ဘဝကို မရှက်ပါနဲ့၊ ဖုံးကွယ်ဖို့လည်း မကြိုးစားပါနဲ့။အရှိကိုအရှိတိုင်း လက်ခံပြီး ဘဝကိုအကောင်းမြင်စိတ်ထားပါ။ ဒါဟာ စိတ်ထားမွန်မြတ်ခြင်းဖြစ်တာကြောင့် သင့်ချစ်သူဟာ သင့်ရဲ့စိတ်ဓာတ်နဲ့ ခံယူချက်ကို တွေ့မြင်ပြီး လေးစားတန်ဖိုးထားမှာဖြစ်ပါတယ်။ (၂) ကိုယ့်ကျင့်တရား စောင့်ထိန်းပါ ဒီကိစ္စကတော့ အရေးကြီးဆုံးပါပဲ။ သင့်ချစ်သူနဲ့သင်ဟာ လူမမြင်ကွယ်ရာရောက်နေလည်း စောင့်ထိန်းသင့်တာကိုတော့ စောင့်ထိန်းရမှာပါ။သင့်ချစ်သူရဲ့ တန်ဖိုးထားလေးစားမှုကို ခံချင်ရင်တော့ … Read more
ကိုယ်ချစ်ရတဲ့သူက ကိုယ့်ကို လိမ်နေတယ်လို့ သိလိုက်ရတဲ့အချိန်မှာ….
ကိုယ်ချစ်ရတဲ့သူက ကိုယ့်ကို လိမ်နေတယ်လို့ သိလိုက်ရတဲ့အချိန်မှာ တစ်ခါတရံမှာ ကိုယ်ချစ်ရတဲ့သူက ကိုယ့်ကို လိမ်နေတယ်၊ အဲဒါကိုလည်း ကိုယ်က သိနေတယ် ၊ ဒါပေမယ့် ကိုယ်က ဘာမှမတတ်နိုင်တဲ့ အခြေအနေမျိုးမှာ ရောက်နေတယ်ဆိုရင် စိတ်ပင်ပန်းဆင်းရဲမှုကို ခံစားနေရမှာ အသေအချာပါပဲ ။ ကိုယ်ချစ်ရတဲ့သူက ကိုယ့်ကို လိမ်နေတယ်လို့ သိလိုက်ရတဲ့အချိန်မှာ ကိုယ့်ရဲ့ ယုံကြည်မှုကို အလွဲသုံးစား လုပ်ရက်လေခြင်း၊ ကိုယ့်ကို လိမ်ရက်လေခြင်းဆိုတဲ့ ခံစားချက်တွေကို ပွားများအောင် တွေးတောမနေဘဲ ဒါလေးတွေကို သတိရဖို့ ပြောချင်ပါတယ်နော် ။ ကိုယ်ချစ်ရတဲ့သူက ကိုယ့်ကို လိမ်နေတယ်လို့ သိလိုက်ရတဲ့အချိန်မှာ (၁) လိမ်တဲ့သူက ကိုယ်ခံစားရတာထက် ပိုပြီး ခံစားရမယ်ဆိုတာ သတိရပါ မကောင်းမှုတစ်ခုလုပ်တဲ့ သူဟာ တချိန်ချိန်မှာ ၀ဋ်ပြန်လည်ပါလိမ့်မယ် ။ ကိုယ့်ရဲ့ယုံကြည်မှုတွေကို အလွဲသုံးစား … Read more
ညနေကတွေ့လိုက်တဲ့ မြန်မာနိုင်ငံ နိမိတ်ကောင်းတွေလာတော့မည့် နိမိတ်ပုံရိပ်
သင့်အနာဂတ်ကိုပံ့ပိုးကူညီနေတဲ့ ချစ်သူတစ်ယောက်ရဲ့ လက္ခဏာများ
အချို့ချစ်သူတွေဟာ ကိုယ်ရဲ့အတ္တကို ရှေ့တန်းတင်ပြီး ချစ်သူရဲ့ အနာဂတ်ရည်မှန်းချက်တွေကို ပုံဖော်ခွင့်မပေးတာမျိုး ရှိပါတယ်။ ဒါပေမယ့် တစ်ချို့ချစ်သူမိန်းကလေးကျတော့လည်း ချစ်သူအပေါ်မှာ နားလည်မှုတွေ ရှိပြီး အနာဂတ်ရည်မှန်းချက်တွေ အကောင်အထည်အဖော်ရမှာလည်း အားပေးအားမြှောက်ပြုလေ့ရှိပါတယ်။ အမျိုးသား ပရိသတ်ကြီးအတွက် အနာဂတ်ကို ပံ့ပိုးကူညီနေတဲ့ချစ်သူတစ်ယောက်ရဲ့ လက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်။ (၁) အနှောက်အယှက်မပေးဘူး ဥပမာအားဖြင့် သင်ဟာ စာရေးတာ ၀ါသနာပါသူတစ်ယောက် ဆိုပါတော့။ သင်စာရေးနေရင် အခြား ဆူညံသံပြုနေတယ်ဆိုရင်တောင် အလိုက်တသိ ရပ်ပေးလိုက်တယ်၊သင် စိတ်အာရုံစုစည်းမှုကို ပျက်ပြားစေမယ့် အရာတွေ မလုပ်ဘူး။ သီချင်းဆိုတာ ၀ါသနာပါတယ်ဆိုရင်လည်း သင် ဂစ်တာတီးလုံး စမ်းနေချိန်၊ Note ရေးနေတဲ့အချိန်မျိုးမှာဆိုရင်လည်း ဒီသဘောပါဘဲ။ ငြိမ်ငြိမ်လေးနေပြီး ကော်ဖီရေ အဆင်သင့်ချပေးတယ်ဆိုရင် သင်ဟာ အလွန်ချစ်စရာကောင်းတဲ့ ချစ်သူကို ရထားတယ်ဆိုတာပါဘဲ။ (၂) လိုအပ်ရင် အားသွန်ခွန်စိုက် … Read more
ဂဏန်းပေါင်းစက် တစ်ခုတည်းသုံးပြီး ကောင်မလေးတစ်ယောက်ရဲ့  ဖုန်းနံပါတ်ကို သိနိုင်မယ့်နည်းလမ်း
ဒီတစ်ခါမှာတော့ ယောကျာင်္းလေးတွေအတွက် မိန်းကလေးတစ်ယောက်ရဲ့  အာရုံစိုက်မှု၊သဘောကျမှု တို့ကို ရယူနိုင်မယ့် နည်းလမ်းကောင်းလေးတစ်ခုကို ပြောပြပါမယ်။ ဒါဟာ မိန်းကလေး ဘက်က မသိအောင် ဖုန်းနံပါတ်ကို Hack လုပ်တဲ့ ပုံစံမျိုးမဟုတ်ပါဘူး။ ကိုယ်မသိတဲ့ သူ့ ဖုန်းနံပါတ်ကို သူ့ရှေ့မှာ “ဟုတ်တယ်မလား” ဆိုတဲ့ပုံစံနဲ့ မျက်လှည့်ပြတဲ့ သဘောပါ။ အထာတော့ ကျပါတယ်။ တစ်ခုရှိတာက ဒီနည်းလမ်းကို အမေရိကန် နိုင်ငံက တီထွင်ခဲ့တာကြောင့် မြန်မာနိုင်ငံမှာတော့ ကနီဦး GSM ဖုန်းများ(၀၉၅xxxxxx) မှာသာ အဆင်ပြေနိုင်မှာပါ။ နည်းလမ်းလေးကတော့ – အဆင့် ၁ ။ သင်ဟာ ဂဏန်းပေါင်းစက် တစ်ခုတည်းကို သုံးပြီး သင့်ဖုန်းနံပါတ်ကို ပြောပြနိုင်တယ်ဆိုတဲ့ အကြောင်းကို ကောင်မလေးကို ပြောပြလိုက်ပါ။ အဆင့် ၂ ။ … Read more
အသက် ၂၄ နှစ်ပြည့်ပြီးနောက်ပိုင်း သင်လုံးဝမလုပ်သင့်တော့တဲ့ အရာများ
၁။ အပေါစားအ၀တ်အစားတွေဝယ်တာကို ရပ်တန့်လိုက်ပါ။ လူငယ်ဘာသာသဘာဝ ပြောင်းလဲနေတဲ့ဖက်ရှင်ရေစီးကြောင်းနဲ့အမီ သင်ဟာ ပေါ်ပင်ဖက်ရှင်တွေနောက်ကိုလိုက်တဲ့လူငယ်တစ်ယောက်ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ အသက် ၂၄ နှစ်ကျော်ပြီဆိုရင်တော့ ပေါ်ပင်တွေနောက်ကိုမလိုက်တော့ပဲ ကိုယ်နဲ့အသင့်တော်ဆုံးအလိုက်ဖက်ဆုံးဖြစ်ပြီး လုပ်ငန်းခွင်မှာလည်း အများလေးစားခံရပြီး စတိုင်ကျတဲ့သူဖြစ်ဖို့ကိုယ်ဝတ်ဆင်မယ့် အ၀တ်အစားတွေမှာ ရင်းနှီးမြှပ်နှံမှုကိုစတင်လိုက်ပါတော့။ တစ်လနှစ်ခါလောက် အ၀တ်အစားအသစ်တွေဝယ်ဝတ်နေမယ့်အစား အဲဒီပိုက်ဆံတွေကိုစုပြီး နှစ်လတစ်ခါလောက်မှဝယ်။ အရည်အသွေးကောင်းပြီး သင့်ကို စတိုင်ကျစေမယ့် အ၀တ်အစားမျိုးဝယ်ပါ။ ၂။ ကိုယ်နဲ့မသင့်တော်တဲ့ချစ်သူကို လက်တွဲဖြုတ်ပါ။ ကိုယ်နဲ့မသင့်တော်တဲ့သူဆိုတာ သိသိကြီးနဲ့ ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို အကုန်မခံပါနဲ့။ ကိုယ့်ဘ၀လက်တွဲဖော်ဆီကဘယ်လိုအချက်တွေလိုချင်လဲဆိုတာ ချရေးပါ။ အဲဒါ သင်နဲ့ထိုက်တန်တဲ့လူပါပဲ။ အသက်အရွယ်ရလာလို့ မရှိရှိတဲ့လူကိုကြိတ်မှိတ်တွဲတာမျိုးမလုပ်ပါနဲ့။ ကိုယ်မပျော်ရွှင်မှန်း သိရက်နဲ့ အတင်းရှေ့မတိုးပါနဲ့။ ကိုယ့်ကိုမပျော်ရွှင်စေတဲ့လူနဲ့ အတူရှိနေမယ့်အစား Single ဘ၀ကို ပျော်ပျော်ရွှင်ရွှင်လွတ်လွတ်လပ်လပ်ကြီး ဖြတ်သန်းကြည့်စမ်းပါ။ ၃။ လူတွေရဲ့ အထင်အမြင်တွေကို အရမ်းဂရုစိုက်လွန်းနေတာကို ရပ်တန်းကရပ်ပါ။ ကိုယ့်ကိုလူတွေဘယ်လိုထင်မြင်မလဲဆိုတာကို ဂရုစိုက်တတ်တာ … Read more