မိန်းကလေးတိုင်းသိသင့်သော ယောင်္ကျာံးကောင်း နဲ့ ယောင်္ကျာံးပျော့

မိန်းကလေးတိုင်းသိသင့်သော ယောင်္ကျာံးကောင်း နဲ့ ယောင်္ကျာံးပျော့ ယောင်္ကျာံးကောင်း နဲ့ ယောင်္ကျာံးပျော့ ဒီနေရာမှာ ယောင်္ကျာံးကောင်း နဲ့ ယောင်္ကျာံးညံ့လို့ မသုံးဘဲ ယောင်္ကျာံးကောင်း နဲ့ ယောင်္ကျာံးပျော့ လို့ သုံးပါရစေ။ယောင်္ကျာံးကောင်းဆိုတာ ကိုယ့် မိန်းမ ကိုအရမ်းချစ်တတ်တယ်။ ယောင်္ကျာံးပျော့တွေကျတော့ ကိုယ့်ကိုကိုပိုချစ်တတ်ပါတယ်။ယောင်္ကျာံးကောင်းများဟာ မိန်းမနဲ့ဘယ်တော့မှစိတ်မကောက်တတ်ပါ…။ ဘာကြောင့်လဲဆိုတော့ကိုယ့်ချစ်တဲ့သူကို စိတ်ဆင်းရဲအောင်ပြုလုပ်ခြင်းထက် ပျော့ညံ့တဲ့အရာမရှိတော့ဘူးဆိုတာကို သူတို့နားလည်ထားလို့ပါပဲ။ ယောင်္ကျာံးပျော့များကျတော့ အိမ်မှာဘယ်သူသာသလဲဆိုတာ ပြိုင်နေတတ်တယ်။ ဘာကြောင့်လဲဆိုတော့ အိမ်မှာသနားစရာကောင်းတဲ့ သြဇာလေးကို ရနေသေးလို့ပါပဲ။ ယောင်္ကျာံးကောင်းများဟာ မိသားစုရော အလုပ်ပါ ကြည့်ရူ့စောင်မနိုင်စွမ်းရှိပါတယ်။ အိမ်ထောင်ကို ၀န်ထုပ်ဝန်ပိုးအဖြစ် ဘယ်တော့မှ သဘောမထားပါဘူး။ ယောင်္ကျာံးပျော့များကျတော့ နေ့တိုင်းညီးငြူနေတတ်ပါတယ်။ မင်းတို့အတွက်ကြောင့်မို့လို့ ငါအကုန်လုံးဆုံးရူံးလိုက်ရပြီ။ ယောင်္ကျာံးကောင်းများအတွက် မိန်းမဆိုတာ အားနွဲ့တယ်။ အလိုလိုက်မယ်။ ယုယမယ်။ မိန်းမဆိုတာချစ်ဖို့ယူထားတာဖြစ်တယ်။ ယောင်္ကျာံးပျော့များအဖို့ကျတော့ မိန်းမ နဲ့ … Read more

သင့်ကိုအပျော်ကြံတာမဟုတ်ပဲ လက်ထပ်ဖို့ထိရည်ရွယ်ထားတဲ့ ချစ်သူမှန်းသိသာစေတဲ့ အချက်များ…

သင့်ကိုအပျော်ကြံတာမဟုတ်ပဲ လက်ထပ်ဖို့ထိရည်ရွယ်ထားတဲ့ ချစ်သူမှန်းသိသာစေတဲ့ အချက်များ… အချစ်ရေးတစ်ခုမှာ အကြောက်ရဆုံးကတော့ ကိုယ်က စိတ်ရင်းအမှန်နဲ့ ပုံအပ်ပြီးချစ်ရသလောက် ကိုယ့်ကိုအပျော်တွဲခံရတာပါပဲ။ ဒါဟာ လူတော်တော်များများလည်း ကြုံရလေ့ရှိတဲ့ ပြဿနာတစ်ခုဖြစ်သလို ခံစားရတာလည်း အရမ်းကိုဆိုးရွားပါတယ်။ ဒါကြောင့်မို့လို့ ကိုယ့်ကိုအပျော်တွဲတာလား၊ အတည်တွဲတာလားဆိုတာ ခွဲခြားသိမြင်တတ်ဖို့ လိုပါတယ် …။ အခုဖော်ပြပေးမယ့်အချက်လေးတွေကတော့ သင့်ကိုအတည်တွဲနေတဲ့ ယောက်ျားတစ်ယောက်ရဲ့ လက္ခဏာတွေဖြစ်ပါတယ်။ သင့်ချစ်သူနဲ့ ကိုက်ညီနေရင်တော့ သင်ဟာ ကံကောင်းတဲ့သူတစ်ယောက်ပါပဲနော် …။ (၁) သင့်အနားမှာနေရင် ရယ်မောပျော်ရွှင်နေမယ် သင့်ကိုအတည်တွဲတဲ့ ယောက်ျားတစ်ယောက်ဟာ သင့်အနားမှာနေတဲ့အချိန်တွေမှာ ရယ်မောပျော်ရွှင်နေတတ်တဲ့သူပါ။ ဟန်ဆောင်ပြီး ပျော်တဲ့ပုံဖမ်းနေတာမျိုးနဲ့တော့ အရမ်းကိုကွာပါတယ်။ သူ့ကိုသင်ကြည့်လိုက်တာနဲ့၊ သင့်အနားသူ ရောက်လာတာနဲ့ အမြဲတမ်းပျော်ရွှင်ပြီး ကြည်နူးနေတတ်တဲ့ သူမျိုးပါ …။ (၂) သူ့ရဲ့အပြုအမူမှာပေါ်လွင်နေတယ် ယောက်ျားလေးတွေဟာ စကားအပိုတွေ၊ တီတီတာတာတွေ သိပ်မပြောတတ်ကြပါဘူး။ ဒါပေမယ့် … Read more

ရူးခါနေအောင် အချစ်ခံချင်ရင် ကိုယ့်ထက်ငယ်တဲ့ ကောင်မလေးတွေကိုရွေးချစ်ပါ…

ရူးခါနေအောင် အချစ်ခံချင်ရင် ကိုယ့်ထက်ငယ်တဲ့ ကောင်မလေးတွေကိုရွေးချစ်ပါ ဘဝမှာ ရူးခါနေအောင်အချစ်ခံချင်တဲ့သူတွေချည်းပါပဲ။ ဒီလိုအချစ်မျိုးဟာလည်း လူတိုင်းဆီက မရနိုင်ပါဘူးနော်။ ကိုယ့်ထက်ငယ်တဲ့ကောင်မလေးတွေကို ချစ်မှပဲရနိုင်မှာပါ။ အကြောင်းရင်းလေးတွေကိုတော့ ပြောပြပေးမယ်နော် …။ (၁) အရမ်း စိတ်ပူတတ်တယ် ဘေဘီလေးတွေဟာ ကိုကိုတွေကို အရမ်းစိတ်ပူတတ်ကြပါတယ်။ ချစ်သူကို ဘာတွေများ လုပ်နေမလဲ၊ အဆင်ရောပြေပါ့မလား၊ ဘယ်သူတွေနဲ့ ရှိမလဲဆိုပြီး အမြဲစိတ်ပူတတ်ကြပါတယ်။ ကိုကိုတွေကို လှမ်းလှမ်း Check နိုင်တာလည်း သူတို့အပြင် နှစ်ယောက်မရှိသလို၊ စိတ်ပူတတ်တဲ့ နေရာမှာလည်း နှစ်ယောက်မရှိကြပါဘူး …။ (၂) အရမ်း ကြင်နာတတ်တယ် ကိုယ့်ထက်ငယ်လို့ သိပ်မချစ်တတ်လောက်ဘူး၊ မကြင်နာတတ်ဘူးလို့တော့ မထင်လိုက်ပါနဲ့နော်။ လူကြီးလေးတစ်ယောက်လို စိတ်ရှည်သည်းခံပြီး ကြင်နာတတ်တာလည်း သူ့အပြင်နှစ်ယောက် မရှိပါဘူး။ သူကတောင် သင့်ကို ကလေးလေးတစ်ယောက်လို ပြန်ချစ်ပေး၊ ကြင်နာပေးလိုက်လို့ တဖြုတ်ဖြုတ်ကြွေပြီးရင်း … Read more

လူကြီးဆန်ပြီး ရင့်ကျက်တဲ့ ကိုကိုတွေကို ချစ်သူတော်သင့်တဲ့ အကြောင်းအရင်းများ

လူကြီးဆန်ပြီး ရင့်ကျက်တဲ့ ကိုကိုတွေကို ချစ်သူတော်သင့်တဲ့ အကြောင်းအရင်းများ ချစ်သူဆိုတာမျိုးက အချစ်တွေကြောင့် ဖြစ်လာတာဆိုပေမယ့်လည်း တစ်ယောက်နဲ့ တစ်ယောက် ကိုက်ညီတဲ့ လက်တွဲဖော် ဖြစ်မှသာ ရေရှည်လက်တွဲကြရတာ ဖြစ်ပါတယ်။ မိန်းကလေး တော်တော်များများနဲ့ ကိုက်ညီတဲ့ ချစ်သူတော်တော်များများကတော့သူတို့ထက် အသက်ကြီးတဲ့ ကိုကြီးတွေပဲ ဖြစ်ပါတယ်။ အသက်လည်း ကြီးသလို ရင့်ကျက်ပြီး တည်ငြိမ်တဲ့ အမျိုးသားတွေနဲ့ စိတ်ဆိုးစိတ်ကောက် လုပ်တတ်တဲ့ မိန်းကလေးတွေနဲ့က အလိုက်ဖက်ဆုံးပါပဲ။ ဒီအချက်တွေကို ကြည့်လိုက်ပါဦးနော်။ ရင့်ကျက်တာကြောင့် ပြဿနာ နည်းမယ် သမီးရည်းစားတွေအတွက် အရေးကြီးဆုံး အရာကတော့ ပြဿနာတွေ ဖြစ်ရင် ပြေလည်အောင် ဖြေရှင်းနိုင်ကြတာပါပဲ။ သမီးရည်းစား သဘာဝ သဝန်တိုတာ၊ ရစ်တာနဲ့ စိတ်ကောက်တာ စတဲ့ အရာတွေကနေ ပြဿနာတွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့်လည်း ပြေလည်အောင် မဖြေရှင်းနိုင်ပဲ … Read more

အနမ်းတွေထဲမှာ နဖူးကိုနမ်းတဲ့ အနမ်းက ထူးခြားလေးနက်တယ်ဆိုတာ ဖော်ပြနေတဲ့ အချက်များ

အနမ်းတွေထဲမှာ နဖူးကိုနမ်းတဲ့ အနမ်းက ထူးခြားလေးနက်တယ်ဆိုတာ ဖော်ပြနေတဲ့ အချက်များ ကိုယ့်ချစ်သူက တစ်ခြားနေရာတွေကို နမ်းတာထက် နဖူးကိုနမ်းတဲ့အခါ အနမ်းခံရသူရဲ့ စိတ်ထဲမှာ လုံခြုံနွေးထွေးမှုကို ခံစားရစေပါတယ်။ ဘာကြောင့် အနမ်းတွေထဲမှာမှ နဖူးကိုနမ်းတဲ့အနမ်းက ကိုထူးခြားမှုရှိတာလဲ။ ဘာလို့ နဖူးကိုအနမ်းခံလိုက်ရတဲ့အချိန်မှာ ခံစားချက်တွေက ပိုလေးနက်နေတတ်တာလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။ မြတ်နိုးမှုကို ဖော်ပြလို့ တစ်စုံတစ်ယောက် နဖူးကိုနမ်းတယ်ဆိုတာ သူမြတ်မြတ်နိုးနိုး ချစ်ခင်မိတဲ့အခါမှသာ ပြုလုပ်တတ်ကြတဲ့ အရာဖြစ်ပါတယ်။ ကိုယ့်ချစ်သူက ကိုယ့်နဖူးကို နမ်းလိုက်တဲ့ အဓိပ္ပါယ်က မင်းဟာ ထူးခြားတယ်၊ မင်းဟာ ပြီးပြည့်စုံတယ်လို့ အဓိပ္ပါယ် ရပါတယ်။ ဒါက တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ နက်ရှိုင်းတဲ့ ချစ်ခြင်းကိုဖော်ပြပြီး ခံစားချက်လေးနက်မှုကို ထင်ဟပ်စေပါတယ်။ အားကောင်းလွန်းတဲ့ စိတ်ချင်းဆက်နွယ်မှုကို ဖော်ပြတယ် ကိုယ့်ရဲ့ ချစ်ရတဲ့သူ ဒါမှမဟုတ် ကိုယ်မြတ်နိုးတဲ့ … Read more

ချစ်သူပုံစံ (၅)မျိုးမှာ သင်က ဘယ်လို ချစ်သူပုံစံမျိုးလဲဆိုတာ ခွဲခြားကြည့်ရအောင် ….

ချစ်သူပုံစံ (၅)မျိုးမှာ သင်က ဘယ်လို ချစ်သူပုံစံမျိုးလဲဆိုတာ ခွဲခြားကြည့်ရအောင် …. လူအမျိုးမျိုး စိတ်အထွေထွေ ဆိုသလိုပဲ လူတစ်ယောက်စီတိုင်းရဲ့ စိတ်နေစိတ်ထားတွေနဲ့ အပြုအမူတွေဟာ တစ်ယောက်နဲ့တစ်ယောက် မတူညီနိုင်ပါဘူး။ ဒီလိုပဲ တစ်စုံတစ်ယောက်ကို ချစ်မိတဲ့အခါမှာလည်း သဘောထားတွေ၊ ခံယူချက်တွေဟာ တစ်ယောက်နဲ့တစ်ယောက် မတူညီနိုင်ကြတဲ့အတွက် မတူညီတဲ့ ချစ်သူပုံစံမျိုးတွေ ဖြစ်ပေါ်လာတတ်ကြပါတယ်။ ကိုယ်က ဘယ်လိုချစ်သူပုံစံလဲဆိုတာတော့ ဒီစာလေးဖတ်ကြည့်ပြီး ဆုံးဖြတ်ကြည့်လိုက်နော်။ ပေးဆပ်တတ်သူ ပေးဆပ်တတ်တဲ့ ချစ်သူပုံစံမျိုးတွေမှာတော့ အကြောင်းပြချက် နှစ်ခုရှိလို့နေပါတယ်။ ပထမအချက်က သူတို့ကိုသူတို့ မပြည့်စုံဘူးလို့ ထင်တတ်ကြတဲ့အတွက် ဒါမှမဟုတ် သူတို့က ပိုချစ်တတ်တဲ့အတွက် ပေးဆပ်မှုနဲ့ ဖြည့်ဆည်းတတ်ကြသူတွေပါ။ သူတို့တွေက ချစ်သူအပေါ် ဂရုစိုက်မှုတွေ၊ ချစ်ခြင်းတွေနဲ့ ပေးဆပ်တတ်ကြပါတယ်။ ဒါက သူတို့ရဲ့ မပြည့်စုံခြင်းကို ဖြည့်ဆည်းတာ ဖြစ်ကောင်းဖြစ်နိုင်သလို ချစ်သူအပေါ် အရမ်းချစ်တတ်တဲ့အတွက်လည်း … Read more

လမ်းခွဲပြီးတဲ့နောက်မှာ အချစ်သစ် ထပ်မရှာတော့တဲ့ သူတွေရဲ့ အကြောင်းပြချက်(၅)ချက်

လမ်းခွဲပြီးတဲ့နောက်မှာ အချစ်သစ် ထပ်မရှာတော့တဲ့ သူတွေရဲ့ အကြောင်းပြချက်(၅)ချက် ကမ္ဘာပေါ်ရှိ လူတော်တော်များများက အချစ်ဆိုတာကို ခံစားကြရပါတယ်။ ဆယ်ကျော်အရွယ်ကနေ အချစ်ကို စတင်ခံစားတတ်ကြပြီး အရွယ်ရောက်တဲ့အထိ အချစ်ကို မတွေ့ရှိသူတွေလည်း ရှိနေပါတယ်။ တစ်ချို့ကတော့ အချစ်ကို ပျော်ရွှင်စွာ ခံစားခဲ့ပေမယ့် အကြောင်းအချို့ကြောင့် လမ်းခွဲ ပြတ်စဲခဲ့ကြပါတယ်။ ဒီလို လမ်းခွဲခဲ့ပြီးတဲ့နောက် ထပ်မချစ်မိတော့တဲ့ သူတွေမှာ အခုလို အကြောင်းပြချက်တွေ ရှိနေတတ်ပါတယ်။ လမ်းခွဲပြီးတဲ့နောက်မှာ အချစ်သစ် ထပ်မရှာတော့တဲ့ သူတွေရဲ့ အကြောင်းပြချက်(၅)ချက် (၁) ခံစားချက် မကုန်သေးလို့ အချစ်ဦး မြေးဦးရတဲ့အထိ မမေ့ဘူးဆိုသလိုပါပဲ။ ဘဝမှာ အချစ်ကို အသေအချာ ခံစားမိစေခဲ့တဲ့သးက ကိုယ့်အချစ်ဦးပါပဲ။ အချစ်ကို တကယ် ခံစားမိပေမယ့် လမ်းခွဲခဲ့ကြရပါတယ်။ ဒါပေမယ့်လည်း ခံစားချက်တွေ အချစ်တွေ မကုန်နိုင်သေးတော့ တစ်ခြားတစ်ယောက်ကို … Read more

ယောကျာ်းလေးတိုင်း သူတို့တကယ်ချစ်တဲ့ ချစ်သူအပေါ် ဘယ်တော့မှ မလုပ်တတ်တဲ့အရာများ

ယောကျာ်းလေးတိုင်း သူတို့တကယ်ချစ်တဲ့ ချစ်သူအပေါ် ဘယ်တော့မှ မလုပ်တတ်တဲ့အရာများ ယောကျာ်းလေးတွေက သူတို့ချစ် တဲ့သူကို ကဗျာတွေ၊ စာတွေဖွဲ့ပြီး နူးနူးညံညံ မချစ်ပြ တတ်ပေမယ့် သူတို့ရဲ့အချစ်တွေကို သူတို့ရဲ့ အပြုအမူတွေကတစ်ဆင့် သိနိုင်ပါတယ်။ ယောကျာ်းလေးတွေဟာ သူတို့ တကယ်ချစ်တဲ့ မိန်းကလေးအပေါ်ကို ဒီလို အရာတွေ ဘယ်တော့မှ မလုပ်တတ်ကြပါဘူးနော်။ ကတိမတည်တာ ယောကျာ်းလေးတွေက သူတို့တကယ်ချစ်တဲ့ ကောင်မလေးအပေါ်မှာ အတတ်နိုင်ဆုံး ကတိတည်နိုင်အောင် ကြိုးစားကြပါတယ်။ တကယ်လို့ မတည်နိုင်ဘူးထင်တဲ့ ကတိတွေကိုလည်း ဘယ်တော့မှ မပေးတတ်ကြပါဘူးနော်။ သူတို့ချစ်တဲ့သူက သူတို့ကို ကတိတည်တဲ့သူအဖြစ်သာ မြင်တွေ့စေချင်ကြတဲ့အတွက် သူတို့တကယ်ချစ်မိသွားတဲ့အခါ ကတိတည်နိုင်အောင် ကြိုးစားလာတတ်ကြပါတယ်။ ဝမ်းနည်းနာကျင်အောင်လုပ်တာ ယောကျာ်းလေး တစ်ယောက် တကယ်ချစ်မိ သွားတဲ့ အခါ သူတို့ချစ်သူ ဝမ်းနည်းနာ ကျင်မှာကို အရာအား လုံးထက် … Read more

သင့်မှာ မကြာခဏ တွဲလိုက် ပြတ်လိုက် အချစ်ရေး ရှိနေတာ ဒီအချက်တွေကြောင့်ပါ

သင့်မှာ မကြာခဏ တွဲလိုက် ပြတ်လိုက် အချစ်ရေး ရှိနေတာ ဒီအချက်တွေကြောင့်ပါ သင့်အချစ်ရေးက ချစ်သူတွေတော့ ရှိနေပါရဲ့။ ဒါပေမယ့် တွဲလိုက် ပြတ်လိုက်နဲ့ အချစ်တွေ လွယ်လွယ် ပြတ်ပြတ်သွားတာကတော့ အကြောင်းအရင်း ရှိလို့ပါ။ ဒီလို တွဲပြတ်အချစ်ရေးကို ပိုင်ဆိုင်ထားရတာကတော့ အခုလို အချက် တစ်ချို့ကြောင့် ဖြစ်ပါတယ်။ (၁) ခံစားလွယ်လို့ အချစ်နဲ့ ပတ်သတ်လာရင် ခံစားလွယ် တဲ့သူတွေ ရှိပါတယ်။ သူတို့တွေကတော့ သူတို့ကို ချစ်လာတဲ့သူတွေကို နားလည်ပေးတတ်သလို သူတို့ကို ချစ်ပြတဲ့သူတွေ အပေါ်လည်း ရင်ခုန်တတ်ပါတယ်။ ဒါကြောင့် အချစ်ကို ခံစားမိပြီး ချစ်သူအဖြစ် လက်ခံတတ် ကြပါတယ်။ ပြီးတော့လည်း ထားသွားခံ လိုက်ရတာပါပဲ။ (၂) မစဉ်းစားလို့ လူတွေအကြောင်း သိပ်မသိတဲ့ ရိုးသားလွန်းတဲ့ ကောင်မလေးတွေ … Read more

ကိုကို လို့ခေါ်တဲ့ မိန်းကလေး နဲ့၊ မောင် လို့ခေါ်တဲ့ မိန်းကလေးကြားက ခြားနားချက်များ

ကိုကို လို့ခေါ်တဲ့ မိန်းကလေး နဲ့၊ မောင် လို့ခေါ်တဲ့ မိန်းကလေးကြားက ခြားနားချက်များ မိန်းကလေး တွေ ချစ်သူ ကောင်လေး ကို ခေါ်ဝေါ်ပုံကို ကြည့်ခြင်းအားဖြင့် သူတို့ရဲ့ အချစ် ၊စိတ်နေသဘောထားကို အကြမ်းဖျင်းအားဖြင့် သိနိုင်ပါတယ်။ ကဲ ကိုယ့် ကောင်မလေး က ဘယ်လိုလဲဆိုတာဖတ်ကြည့်ရအောင်နော်… “ကိုကို” လို့ခေါ်တဲ့ ကောင်မလေး တွေဆိုတာ သူတို့လေးတွေက ချစ်စရာ တအားကောင်းပြီး ကလေးဆန် ပါတယ်။ ဖြူစင် ရိုးသား တဲ့စိတ်ကလေးပိုင်ဆိုင်ပြီး ကိုယ့် ချစ်သူ အပေါ် ဆိုးတတ်ကြပါတယ်။ ပွတ်သီးပွတ်သပ်နဲ့ ချွဲနွဲ့တတ်တဲ့သူတွေပါ။ဒါအပြင် သူဟာ သင့်အပေါ် ယုံကြည်မှု တွေအပြည့်နဲ့ ချစ်တတ်ကြပါတယ်။ သူ့ရဲ့styleကတော့ လူငယ် ဆန်ဆန်လေးနဲ့ ပေါ့ပါးသွက်လက်ကြပါတယ်။ သူတို့ဟာ သနားကြင်နာ တတ်တဲ့သူဖြစ်တာနဲ့အညီ … Read more