၈.၄.၂၀၂၁ မှ ၁၄.၄.၂၀၂၁ အထိ ၇ ရက်သားသမီးများအတွက် တစ်ပတ်စာ ဟောစာတမ်း
၈.၄.၂၀၂၁ မှ ၁၄.၄.၂၀၂၁ အထိ ၇ ရက်သားသမီးများအတွက် တစ်ပတ်စာ ဟောစာတမ်းများ ၇ ရက်သားသမီးများ ကျန်းမာ ချမ်းသာသုခပြည့်စုံနိုင်ပါစေ…. ၂၀၂၁ ခုနှစ် ဧပြီလ ၈ ရက်နေ့မှ ၁၄ ရက်နေ့အထိ တနင်္ဂနွေသားသမီးများအတွက် တစ်ပတ်စာဟောစာတမ်း ဝန်ထမ်းများအနေနဲ့ သင်တန်းတက်ရတာမျိုးတွေ နေရာပြောင်းရတာမျိုးတွေ အချိန်ပြောင်းရတာမျိုးတွေနဲ့ကြုံတတ်တယ်။အထူးအဆင်မြင့် တာဝန်များ ရတာကြောင့် တာဝန်များပိပြီး စိတ်ဖိစီးတာမျိုးတွေ စိတ်ညစ်နေတာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ တွေမျိုး အပေါင်းအသင်းများနဲ့ မကြာခဏ အချေအတင်ပြောရတာမျိုးတွေ အတိုက်အချုက်လေးတွေ ရှိနေတတ်ပါတယ်။အိုးသစ်အိမ်သစ် ပြောင်းရွေ့ရတာတွေ မသွားချင်တဲ့နေရာတွေ သွားရတာတွေ ကြုံရတတ်ပါတယ်။ လုပ်ငန်းတွင် ဆန်းသစ်တီထွင်နိုင်ခြင်းကြောင့် အထက်လူကြီး ရဲ့အကူအညီတွေ ရတတ်ပါတယ်။ရှယ်ယာလုပ်ငန်းရှင် ပါတနာများရဲ့ ယုံကြည်မှုတွေလည်းရတတ်ပါတယိ။မြေကိစ္စ အမွေကိစ္စတွေမှာတော့ စကားအခြေအတင်ပြောရတာ ကြန့်ကြာမှုတွေရှိနေတတ်ပါတယ်။ အလှူမင်္ဂလာကိစ္စတွေ ရက်ရွေ့ဆိုင်းရတာတွေ ကြုံရတတ်ပါတယ်။ဆန်၊ဆီ၊ဆေး၊ဆား၊စက်၊စိန် အင်္ဂါနာမ်နဲ့ပက်သက်သော … Read more
စိတ်ဓာတ်ကျဆင်းလာအောင် လုပ်တတ်တဲ့အမှားများ
စိတ်ဓာတ်ကျဆင်းလာအောင် လုပ်တတ်တဲ့အမှားများ လူတွေဟာ ကိုယ့်ကိုယ်ကိုယ် စိတ်ဓာတ်ကျအောင် တမင်လုပ်ဆောင်တတ်တဲ့နည်းလမ်းတွေ ရှိကြပါတယ်။ စိတ်ဓာတ်ကျခြင်းနဲ့ စိုးရိမ်ကြောင့်ကျခြင်းကို ခံစားနေရသူများဟာပြဿနာတွေကို ပိုကောင်းလာဖို့ထက် ပိုဆိုးရွားစေအောင် ဖန်တီးပြုလုပ်တတ်ကြပါတယ်။ နမူနာတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။ ၁။ မိမိကို စိတ်အနှောင့်အယှက်ပေးနေတဲ့ ပြဿနာများကို မဖြေရှင်းခြင်း စိတ်ကသိကအောက်ဖြစ်ခြင်းဟာ လူများစွာရဲ့ စိတ်ဓာတ်ကျဆင်းခြင်းရဲ့ အဓိက လက္ခဏာရပ်တစ်ခု ဖြစ်ပါတယ်။ စိတ်အနှောင့်အယှက်ဖြစ်စေတတ်တဲ့ တချို့သော ပြဿနာများဟာ အလွယ်တကူ ဖြေရှင်းလို့ ရတတ်တဲ့ ပြဿနာမျိုးပါ။ ဒါပေမဲ့လည်း စိတ်ဓာတ်ကျနေတဲ့ လူတွေဟာ ပြဿနာကို ဖြေရှင်းနိုင်စွမ်းရှိပေမဲ့ မဖြေရှင်းတတ်ဘဲ ရှိတတ်ကြပါတယ်။ ၂။ အိပ်ပျော်လာအောင် စောင့်စားနေခြင်း အိပ်ပျော်ဖို့ ခက်ခဲတာဟာ စိတ်ဓာတ်ကျရခြင်းရဲ့ အဆိုးရွားဆုံး လက္ခဏာရပ်တစ်ခု ဖြစ်ပါတယ်။ ဒီလို အိပ်မပျော်တတ်တဲ့ ပြဿနာကို ဖြေရှင်းတတ်ချင်ကြပါတယ်။ ဒါကြောင့် ခက်ခဲပြီး … Read more
ကိုယ်ချစ်ရတဲ့ ကောင်မလေးတွေဆီမှာ သေချာပေါက် ချစ်သူကောင်လေးကို အသဲယားစေတဲ့ အပြုအမူလေးများ
ကိုယ်ချစ်ရတဲ့ ကောင်မလေးတွေဆီမှာ သေချာပေါက် ချစ်သူကောင်လေးကို အသဲယားစေတဲ့ အပြုအမူလေးများ ကိုယ်ချစ်ရတဲ့ ကောင်မလေးတွေဆီမှာ သေချာပေါက် ချစ်သူကောင်လေးကို အသဲယားစေတဲ့ အပြုအမူလေးတွေ ရှိပါတယ်။ အဲဒီအပြုအမူလေးတွေကို မိန်းကလေးတွေက မထင်မှတ်ပဲ ပြုမူတတ်ကြပြီး၊ သူမတို့ဘာသာ ဒီလို ပြုမူလိုက်ခြင်းကြောင့်ဒီလောက် ချစ်စရာကောင်းသွားလိမ့်မယ်မှန်း သိလေ့မရှိကြပါဘူး။ ဒီတော့ ယောက်ျားလေးတွေကို အသဲအရမ်းယားစေတဲ့မိန်းကလေးတွေရဲ့ အပြုအမူလေးတွေကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။ (၁) နာမည်ခေါ်တဲ့အခါ ကောင်မလေးတွေက သူတို့ချစ်ရတဲ့ ချစ်သူကို ဘယ်လိုနာမည်မျိုးခေါ်မလဲဆိုပြီး ကြိုတွေးထားတတ်ကြပါတယ်။ ဥပမာအားဖြင့် ကိုဇင်လင်းထက်ဆိုတဲ့ နာမည်ကို ကိုလင်းလို့ ခေါ်မယ်ဆိုပြီး စိတ်ထဲက ကြိုတွေထားတဲ့ သဘောမျိုးပေါ့။ တစ်ခါတလေ ကို-မောင်-ချီးထုတ်-ဂျပိုး-စတဲ့ နာမည်ပြောင်လေးတွေလည်း ဖြစ်နေတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလို ခေါ်လိုက်တဲ့ခဏမှာ အမျိုးသားတွေကို ချစ်စိတ်တွေ ပွားစေပါတယ်။ (မကြိုက်ဖူးဆိုတဲ့ နာမည်ကိုတော့ … Read more
လူတိုင်းအတွက် အရေးကြီးသည့် အရေး(၅)ပါး
လူတိုင်းအတွက် အရေးကြီးသည့် အရေး(၅)ပါး နိုင်ငံရေး၊ စီးပွားရေး၊ကျန်းမာရေး၊ပညာရေး၊ဘာသာရေးသည်လူတိုင်းအတွက်အ ဓိကဖြစ်ပါတယ်။ နိုင်ငံ ရေး နိုင်ငံရေး ဆိုတာ “မိမိတို့နေထိုင်ကြသည့် ရက်ကွက်၊ကျေးရွာ၊မြို့၊တိုင်း၊ပြည်နယ်များအားလုံးကို ခြုံငုံ၍ “နိုင်ငံ”ဟု အမည်သတ်မှတ်ကာ ခေါ်ဆိုခြင်းဖြစ်ပါ တယ်။ မိမိတို့နေထိုင်ရာနိုင်ငံ၏အရေးသည် မိမိတို့၏ အရေးပင်ဖြစ်ပါတယ်။ မိမိတို့အရေးကောင်းမှ သာလျှင် နိုင်ငံရေးသည်လည်းကောင်းပါ လိမ့်မယ်။ နိုင်ငံ ရေး သည် နိုင်ငံ၏အရေး (သို့) နိုင်ငံအတွင်းရှိ နေထိုင်သူ တို့၏အရေး ဖြစ်ပါတယ်။ စီးပွား ရေး မိမိတို့နေထိုင်ရာ ဒေသ ပတ်ဝန်းကျင် ငြိမ်းချမ်းသာယာမှ သာလျှင် အလုပ်ကောင်းမွန်စွာ လုပ်ကိုင်နိုင်ရမည်။ မိမိတို့လုပ်ကိုင်သည့် အလုပ်များ တွင်ကျယ်စွာ လုပ်ကိုင်နိုင်မှသာ စီးပွားရေး (သို့) ဝင်ငွေများ ရရှိကြ၍ စားဝတ်နေရေး အတွက် အဆင်ပြေနိုင်ပါမယ်။ ဒါ့ကြောင့် မိမိအရေး … Read more
သင်ရွေးချယ်လိုက်တဲ့ ပုံကတစ်ဆင့် သိနိုင်မယ့် သင့်ရဲ့အချစ်ပေါ်ထားရှိတဲ့ စိတ်နေစိတ်ထား
သင်ရွေးချယ်လိုက်တဲ့ ပုံကတစ်ဆင့် သိနိုင်မယ့် သင့်ရဲ့အချစ်ပေါ်ထားရှိတဲ့ စိတ်နေစိတ်ထား (1)တိမ်ဖုံးနေတဲ့လ တိမ်ဖုံးနေတဲ့လကို ရွေးချယ်ခဲ့တယ်ဆိုရင်တော့ သင်က သင့်ချစ်သူကို ကိုယ်ရောစိတ်ပါပုံအပ်ပြီး ချစ်တက်တဲ့လူစားမျိုးပါ။ အချစ်အတွက်ဆိုရင် ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ရပါစေ စိတ်အားထက်သန်စွာ ဖြေရှင်းနိုင်ပါတယ်။ နောက်ပြီး သင်က ချစ်မှုရေးရာကိစ္စတွေမှာ သင့်ချစ်သူကို အလွန်အကျွံစွဲဆောင်နိုင်ပြီး ဒီလိုကိစ္စတွေမှာလည်း သင့်ချစ်သူ့ကို ကျေနပ်တဲ့ခံစားမူမျိုးပေးစွမ်းနိုင်ပါတယ်။ (2)စိန်လက်စွပ် စိန်လက်စွပ်ကို ရွေးချယ်ခဲ့တယ်ဆိုရင်တော့ သင်က သင့်ချစ်သူကို အလွန်တန်ဖိုးထားတက်တဲ့ လူစားမျိုးပါ။ အချစ်ရေးမှာ သိုးငယ်လေးတစ်ကောင်လို ဖြူစင်ပြီး အတွေ့အကြုံသိပ်မရှိပါဘူး။ ချစ်သူကို အရမ်းသတိုမတိုတက်ပဲ အမြဲယုံကြည်ပေးတက်ပါတယ်။ ချစ်သူကိုလည်း ပျော်ရွှင်ကျေနပ်အောင် ချစ်ပြချင်တဲ့လူတစ်ယောက်ပါ။ (3) နှင်းဆီပန်း နှင်းဆီပန်းကို ရွေးချယ်ခဲ့တယ်ဆိုရင်တော့ သင်က သင့်ချစ်သူကို အရမ်းဂရုစိုက်တက်တဲ့ လူစားမျိုးပါ။ သင့်ကို ချစ်မိသွားတဲ့လူက ကံအကောင်းဆုံးလူတစ်ယောက်ဖြစ်တယ်လို့ ဂုဏ်ယူဝင့်ကြွားစွာပြောနိုင်လောက်တဲ့အထိ ချစ်သူအပေါ် … Read more
ချစ်သူဟောင်းနဲ့ ပြန်တွဲသင့်တဲ့ အချက် (၇) ချက်…
ချစ်သူဟောင်းနဲ့ ပြန်တွဲသင့်တဲ့ အချက် (၇) ချက်… လူတိုင်း အမှားနဲ့ မကင်းသလို လူတွေမှာ အားနည်းချက် ကိုယ်စီတော့ရှိကြပါတယ်။ ငယ်ငယ်တုန်းက စာကျက်တာဟာ ကမ္ဘာကြီးလောက် ပြသာနာဖြစ်ချင်ဖြစ်ခဲ့မှာပါ။ ဒါပေမဲ့ အသက်ကြီးလို့ ဘဝထဲကို ခြေစုံပစ်ဝင်ရတဲ့အခါ စာကျက်တာက မပြောပလောက်တော့ပါဘူး။ ကိုယ်တကယ်ချစ်ပြီး သံယောဇဉ်ရှိတဲ့သူနဲ့ လူတိုင်း ပေါင်းဖက်ချင်ကြတာ သဘာဝပါ။ တော်ရာမှာနေ ပျော်ရာမှာမနေကြဘဲ ရုန်းကန်ရင်း ဝေးကွာခဲ့ရတဲ့ အကြောင်းတရားမျိုးစုံ ရှိနေပေမယ့် စိတ်ထဲမှာတော့ မေ့ဖျောက်မရတတ်ကြပါဘူး။ ဒါကြောင့် ပြီးခဲ့ပြီဖြစ်တဲ့ အရင်က အဆင်မပြေမှုတွေကို မေ့ပြီး အသစ်တစ်ဖန် ချစ်သူဟောင်းနဲ့ ရင့်ကျက်မှုတွေအပြည့်ကို အခြေခံပြီး အစက ပြန်စမယ်ဆို တစိမ်းအသစ်တစ်ယောက်ထက် နားလည်မှုတွေ ပိုရှိနိုင်သလို တစ်ယောက်အကြောင်း တစ်ယောက်သိပြီးသား သံယောဇဉ်ရှိပြီးသားမို့ လက်တွဲပိုခိုင်မြဲ နိုင်ပါတယ်။ (၁) အချိန်ကာလတစ်ခုကို … Read more
မြန်မာပြည်ကို တကယ်ချစ်တယ်ဆိုရင် ဒီစာကိုဖတ်ထားသင့်တယ်
မြန်မာပြည်ကို တကယ်ချစ်တယ်ဆိုရင် ဒီစာကိုဖတ်ထားသင့်တယ် အိန္ဒိယဝန်ကြီးချုပ် ပြောသွားတဲ့ “မင်းရဲ့နိုင်ငံအတွက် အချိန် ၁၀ မိနစ်လောက် ပေးနိုင်မလား´´တဲ့ ပေးနိုင်ရင် ဒီစာလေးကိုဖတ်ကြည့်ပါ မြန်မာနိုင်ငံက လူတွေအတွက် လည်းတိုက်ဆိုင်လွန်းလို့ သူငယ်ချင်းတို့အချိန်ယူပြီး ဖတ်စေချင်တယ်။ အချိန်နည်းနည်းပေးပြီး ဖတ်ပေးပါ။ ဒီစာကို ဖတ် ပြီးသွားရင် သူငယ်ချင်းတို့ရဲ့ စိတ်ထဲမှာ ကိုယ့်တိုင်းပြည်အတွက် ငါတို့ဟာ တိုင်းပြည်ရဲ့ အနာဂတ်တွေ ဆိုတာ သဘောပေါက်လာလိမ့်မယ်။ တာဝန် သိစိတ်တွေ ဖြစ်ပေါ်လာလိမ့်မယ်။ အိန္ဒိယသမ္မတပြောတဲ့ မိန့်ခွန်းထဲက လက်ရှိမြန်မာလူမျိုး အတော်များများရဲ့ စိတ်ဓါတ်ကို ထင်ဟပ်စေတဲ့ အကြောင်းလေးပါ။ သဘောတူတယ် သဘောကျ တယ် နှစ်သက်တယ်ဆိုရင် ကျန်တဲ့လူတွေ သိအောင်ရှဲလ်ပေးစေချင်ပါတယ်။အခုလို ပြောထားတယ်။ အိန္ဒိယသမ္မတ…..“တို့အိန္ဒိယအစိုးရက လုပ်ဆောင်မှုတွေ မထိရောက်ဘူး မင်းပြောတယ်။ တို့နိုင်ငံရဲ့ဥပဒေတွေကလဲ အိုဟောင်းပြီး ခေတ်မမီတော့ဘူး။ မင်းပြောတယ်…စည်ပင်ကလဲ … Read more
ကျီးကန်းတွေ ညဖက်ကြီး အစာရှာနေတယ်၊
တော်ရုံစိတ်ခိုင်သူတစ်ယောက်ကို မျက်ရည်လည်ရွှဲသွားစေနိင်သည့် “ပိုက်ဆံ ၅၀ ကျပျောက်သွားသူ” ဇာတ်လမ်းလေး
ကျွန် တော် အ လုပ် က ပြန် လာ တဲ့တစ် နေ့ လမ်း က ဓာတ် တိုင် မှာ စာ ရွက် အ ဟောင်း လေး တစ် ရွက် ကပ် ထား တာ ကို တွေ့ လို့ ဖတ် မိ လိုက် တယ် ။ မ သေ မ သပ် လက် ရေး လေး နဲ့ ခု လို ရေး ထား တယ် ။” ကျွန် မ လမ်း သွား ရင်း ဒေါ် လာ ၅ ၀ … Read more
အဖမ်းခံထားရတဲ့ မိသားစုများရှိလျှင် ဒါလေးလုပ်ပေးပါ
အဖမ်းခံထားရတဲ့ မိသားစုများရှိလျှင် ဒါလေးလုပ်ပေးပါ အဖမ်းခံထားရတဲ့သူ​​တွေရဲ့ မိသားစုကို ​ပြောပြချင်ပါတယ်။ အဖမ်းခံရသူ ဝတ်​လေ့ရှိတဲ့ အဝတ်ကို ကိုယ့်ပခုံး​ပေါ်မှာ ပဝါလိုတင်ပြီး ​မောရသုတ် သူ့ရဲ့သက်​​စေ့ရွတ်​ပေးပါ။ ဘုရား​လောင်း ဥ​ဒေါင်းမင်းဟာ အချုပ်အ​နှောင်ခံရစဥ်မှာသစ္စာဆိုပြီး လွတ်​မြောက်ခဲ့တဲ့ သုတ္တံဖြစ်တဲ့အတွက် မိမိတို့လည်း သစ္စာဆို​ ဆု​တောင်းပေးပါ။ အခြားအစွမ်းထက်တဲ့ အဌာန​မေတံ၊ သမ္ဗု​​ဒ္ဓေ၊ ​မေတ္တာသုတ် စတာ​​တွေလဲရွတ်​ပေးလို့ရပါတယ်၊ ​ မေတ္တာသုတ်ရွတ်ပြီးတဲ့အခါ မိမိက​​လေးနဲ့အတူ အကျဥ်းကျ​​နေတဲ့အခြားသူများ​ရော ​အကျဥ်းထောင်ကတာဝန်ရှိသူများ​ရော၊ ​ရှေ့​နေများကိုပါ အထူး​မေတ္တာပွား​ပေးပါ။ သတင်းမကြားရသူများ၊ ဘယ်မှာချုပ်ထားမှန်းမသိ​သေးသူများ မုန့်လုံး​ရေ​ပေါ် ဆယ်လုံးကို သတင်းစာစက္ကူ ​အောက်ကခံပြီး ဘုရားလှူပါ။ ဆယ်ရက်ဆက်တိုက်လှူ​​ပေးပါ၊ သတင်းကြားပြီးလဲ လွတ်​မြောက်ဖို့အတွက် ဆယ်​ပေးပါကယ်​ပေးပါဆိုပြီးဆု​တောင်းပါ။ အပြင်ကတကယ်လက်​တွေ့လိုက်လုပ်ရတာ​​တွေလဲလုပ်တာ အဓိကကျသလို အိမ်တွင်းက အ​မေ အမ အ​ဒေါ် အဖွားစသည်က လုပ်​ပေးလို့ရတာ​လေး​တွေ ​ဝေမျှလိုက်ပါတယ်ရှင် မြန်မာပြည်သူပြည်သားအားလုံး ကြိမ်မီးအုံးသလို … Read more