ဦးပဇင်း (ဦးကျော်ဟိန်း) ရဟန်းပြုကာစနှင့်မတူ ပြောင်းလဲသွားပုံ . . .
တိုကျိုမြို့မှာ တရားဟောနေတဲ့ ဦးပဇင်း ဦးကိတ္တိသာရ(ဦးကျော်ဟိန်း)ပြောင်းလဲသွားပုံ-မနေ့ညက ဂျပန်နိုင်ငံတိုကျိုမြို့မှာ တရားဟောနေတဲ့ ဦးပဇင်းဦးကိတ္တိသာရ (ဦးကျော်ဟိန်း)ရဲ့ တရားကိုfbပေါ်ကနေliveလွှင့်နေတာကိုဖွင့်ကြည့်ရင်း နာယူနေမိတယ်။ ရဟန်းပြုကာစတုန်းက အခြေအနေတွေနဲ့လုံးဝမတူတော့ဘဲပြောင်းလဲသွားတာကို ဦပဉ္ဇင်းဟောချက်တွေက သက်သေပြနေပါတယ်။ရဟန်းဝါ (၁၀)ဝါအတွင်းမှာ အကျင့်ဘက်ကို ဘယ်လောက်တန်ဖိုးထား ကျင့်ကြံခဲ့သလဲဆိုတာ ရွေးချယ်လိုက်တဲ့စကားလုံးတွေနဲ့ အသံနေအသံထားကတဆင့်အဖြေထုတ်နိုင်ပါတယ်။ တရားနာယူရင်း ကြည်နူးကျေနပ် အားကျစိတ်နဲ့အတူ၁၉၉၆ခုနှစ်တုန်းက အတူလက်တွဲရိုက်ခဲဖူးကြတဲ့ “ဝေလည်းမွှေး ကြွေလည်းမွှေး” ရုပ်ရှင်ဇာတ်ကား ရိုက်ကွင်း တွေဆီစိတ်ရောက်သွားမိပြန်ပါသေးတယ်။ ရိုက်ကွင်းမှာငြင်းရခုန်ရ အပြန်အလှန်နားလည်မှုယူခဲ့ကြတာတွေဟာ ဦးကျော်ဟိန်းအတွက် အဲဒီနှစ် ဇာတ်ပို့အကယ်ဒမီ ရစေခဲ့လို့ အကယ်ဒမီပွဲမှာ ကြည်နူးဝမ်းမြောက်နေတဲ့ ဦးကျော်ဟိန်းရဲ့ပုံရိပ်တွေကိုလည်း ပြန်မြင်ယောင်မိပါတယ်။ အဲဒီဇာတ်ကားရိုက်ခဲ့ပြီးနှစ်အတော်ကြာတော့ ဦးကျော်ဟိန်းကသာသနာ့ဘောင်ထဲရောက် တင့်တင့်ထွန်းက သီလရှင်ဘဝကိုအပြီးတိုင်ကူးပြောင်း ဒွေး (သားကြီး)က အရွယ်ကောင်းတုန်းအောင်မြင်တုန်းမှာ ဘဝတစ်ပါးကူးပြောင်းကိုယ်က ရုပ်ရှင်တွေသီချင်းတွေကိုကျောခိုင်းပြီးဓမ္မရိပ်ကိုခိုလှုံကူးပြောင်းနဲ့ ပြောင်းလဲလိုက်ကြတာ အမျိုးစုံပါပဲ။ ဟိုတုန်းက ကိုယ်ရေးခဲ့တဲ့ဇာတ်ညွှန်းကို သရုပ်ဆောင်ခဲ့တဲ့ဦးကျော်ဟိန်းဟာ အခုတော့ ဦးကိတ္တိသာရဘဝနဲ့ကိုယ့်ကို … Read more