ဗုဒ္ဓရဲ့အဆုံးအမတွေကို ကျင့်ကြံလိုက်နာပြီး ကပ်ရောဂါဆိုးကို စုပေါင်း တွန်းလှန်ဖို့ ကုလသမဂ္ဂ တိုက်တွန်း
ဗုဒ္ဓရဲ့ အဆုံးအမတွေကို ကျင့်ကြံ လိုက်နာပြီး ကပ်ရောဂါဆိုးကို စုပေါင်း တွန်းလှန်ဖို့ ကုလသမဂ္ဂ တိုက်တွန်း 6 , May , 2020 ကပ်ရောဂါ ဖိစီးမှု ကြုံနေရတဲ့ လက်ရှိ ကာလမျိုးမှာ ဗုဒ္ဓ ဘုရားရှင်ရဲ့ အဆုံးအမတွေကို ကျင့်ကြံ လိုက်နာကြဖို့ ပိုပြီး အရေးကြီးလာကြောင်း ကဆုန်လပြည့်နေ့ အထိမ်းအမှတ် သတင်းစကားအဖြစ် ကုလသမဂ္ဂ အကြီးအကဲက ပြောကြားလိုက်ပါတယ်။ မေလ ၆ ရက်ဟာ ကဆုန်လပြည့် ကျရောက်ပြီး ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွဋ်အမြတ် နေ့ထူးနေ့မြတ် တစ်ခုအဖြစ် သတ်မှတ် ခံထားရပါတယ်။ ကဆုန်လပြည့်နေ့မှာ ဗုဒ္ဓအလောင်းအလျာ မင်းသားကို ဖွားမြင်ခဲ့သလို ဂေါဓမ ဗုဒ္ဓ ဘုရားပွင့်တဲ့၊ ပရိနိဗ္ဗာန်ပြုတဲ့ နေ့လည်း ဖြစ်ပါတယ်။ ဗုဒ္ဓ ဖွားမြင်မှု၊ … Read more
ကိုဗစ်၁၉ လူနာအသစ် တွေ့ရှိမှုနဲ့ ပတ်သတ်ပြီး ဒီနေ့ မေလ ၇ ရက်နေ့ မနက် ၇ နာရီအချိန် ထုတ်ပြန်ကြော်ငြာ
၁။ (၆-၅-၂၀၂၀) ရက်နေ့၊ ညပိုင်းတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှ (ဒုတိအသုတ်) ဓာတ်ခွဲစစ်ဆေးပြီးစီးခဲ့သည့် ဓာတ်ခွဲနမူနာ (၈၄) ခုတွင်..၊ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁) ဦးတွေ့ရှိခဲ့ပါသည် ။ ၂။ သို့ဖြစ်ပါ၍ (၇-၅-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၁၆၂) ဦးရှိပြီ ဖြစ်ပါသည် ။   ၃။ ဓာတ်ခွဲနမူနာများတွင် (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း (၅၀) ဦး ရှိပြီး ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည် ။ ၄။ (၆-၅-၂၀၂၀) ရက်နေ့တွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှ ဓာတ်ခွဲနမူနာ (၁၇၈) ခု၊ ဆေးသုတေသနဦးစီးဌာနမှ … Read more
၇ရက်သားသမီး တစ်ပါတ်စာဟောစာတမ်း 7.5.2020 မှ 13.5.2020 အထိ
၇ရက်သားသမီး တစ်ပါတ်စာဟောစာတမ်း 7.5.2020 မှ 13.5.2020 အထိ တနင်္ဂနွေ (မြန်မာစာမမှန်လျှင် အောက်သို့ဆွဲဖတ်ပါ) လုပ်ငန်းတူပြိုင်ဘက်တို့၏ အကွက်ချထိုးနှက်မှုကို ခံရတတ်ကြောင်းသတိထားသင့်ပါတယ်။ ရောဂါဘယ နည်းပါး နေတတ်ချိန်ပါ။ဒါပေမယ့် စိတ်ဓါတ်ကျလွယ်၊ စိတ်ထိခိုက်ချိန်ပါ။ စိတ်အာရုံရှုတ်ထွေးခြင်း၊ ဒွိဟသံသ ယများခြင်းများ ကြုံတွေ့ရတတ်ပါတယ်။ ထို့ကြောင့် သွက်လက်၍ ထက်မြက် အောင် လေ့ကျင့်နေထိုင်သင့် ပါတယ်။ မေတ္တာစိတ်ထားပြီး မိမိကိုယ်မိမိယုံကြည်စိတ်မွေးမြူကြည့်ပါ။ အားသွန် ခွန်စိုက် တတ်ကြွစွာလုပ်ကိုင် ဆောင်ရွက်မှုများကြောင့် အောင်မြင်ခြင်းဆိုင်းဘုတ်ချိတ်ဆွဲခွင့်ရမည်။ လုပ်ငန်းကိစ္စ ရပ်တိုင်း ကို စိတ်ရှည်ရှည်ထား လျှက်ဆောင်ရွက်ရပါလိမ့်မည်။ မမျှော်လင့်ထားသောအံ့ဩစရာ၊ ဝမ်းသာစရာမင်္ဂလာသတင်းစကားများ ကြားသိရ တတ်သည်။ သင့်ကိုအရေးမပါသူတစ်ဦးအဖြစ် ဥပေက္ခာပြုထားသောသူ အချို့ကို ကလဲ့စားခြေခွင့်ရလိမ့်မည်။ လုပ်ငန်းကိစ္စ ရပ်အသေးအမွှားအချို့ကို ပုံကြီးချဲ့၍ လုပ်ကိုင်ဆောင်ရွက်နေတတ်သည်။ အလွဲလွဲအချော်ချော်လုပ် ဆောင်နေတတ် ချိန်ဖြစ်၍ စီးပွားဥစ္စာတိုးတတ်မှုနှုန်းယာယီကျဆင်းနေလိမ့်မည်။ … Read more
ရန်ကုန်ရဲ့ အပူချိန် ၄၀’ C အောက်မှာ PPE ဝတ်စုံတွေနဲ့တနေကုန် အပူဒဏ်ကို အန်တုကြပြီး တိုင်းပြည်အတွက်တာဝန်ကျေနေကြတဲ့ စေတနာ့ဝန်ထမ်းများ ….
ရန်ကုန်ရဲ့ အပူချိန် ၄၀’ C အောက်မှာ PPE ဝတ်စုံတွေနဲ့တနေကုန် အပူဒဏ်ကို အန်တုကြပြီး တိုင်းပြည်အတွက်တာဝန်ကျေနေကြတဲ့ စေတနာ့ဝန်ထမ်းများ …. လေးစားဂုဏ်ယူ ချီးကျူးလိုက်ပါတယ်ဗျာ …. ယနေ့ သဲအင်းဂူကျောင်းမှာ ညနေ၃နာရီဝန်းကျင်မှ ည၉နာရီအထိ PPEဝတ်စုံတွေနဲ့ အလုပ်လုပ်ချင်းအခုမှပီးဆုံးပါတယ်ဗျာ… ပြည်တော်ပြန်လာကြတဲ့ ဂျပန်နိုင်ငံနှင့် ကိုရီးယားနိုင်ငံမှမြန်မာများကို ကြိုဆိုရင်း သဲအင်းဂူ Quarantine Centerသို့ ဝင်ရောက်သူ အယောက်(၂၀၀)နီးပါးနှင့်ခရီးဆောင်အိတ် အလုံး(၃၀၀)နီးပါးကို ပိုးသတ်ဆေးဖြန်းပေးပြီး ခရီးဆောင်အိတ်များသယ်ပီးသကာလဟန်မဆောင်နိုင်ဘဲ ခြေကုန်လက်ပန်းကျခဲ့သည်…. ပေါ်ပင်မဟုတ်ကိုယ်လည်းမရိုက်ခိုင်းသူမျးရိုက်ထားတာတွေ့ရင် ပြန်ယူပီးပြန်တင်ချင်းပါ….. အများနည်းတူ_ကိုယ်လည်းကူ GMW / Myint Myat Myat Hein ZN.H 🇦🇺 / 🇹🇼KoNaing. unicode version ရန်ကုန်ရဲ့ အပူချိန် ၄၀’ C အောက်မှာ PPE … Read more
.ရှေးရိုးစွဲ​ အယူအဆတစ်ခုကြောင့် နိမိတ်မကောင်းဘူးဆိုပြီး တင်ပါးကမွေးရာပါအသားပိုဖုလေးကို ဆံပင်နဲ့ချည်ပြီးဖြတ်လိုက်သောအခါ…
စအိုဝနားမှာအနာကြီးဖြစ်နေတဲ့ သမီးလေးဆီသွားတွေ့ခဲတယ် အနားမကပ်ခဲ့ဘူး သူ့အနာ​လေးကိုလှန်ပြတော့ လက်ကလေးနဲ့စကတ်ကိုဆွဲဆွဲဖုံးရှာတာ စိတ်မကောင်းလိုက်တာသမီးလေးရေ…. အစားလည်းမဝင်လို့ အားအရမ်းနည်းနေတော့ အနာကိုခွဲစိတ်ဖို့မလုပ်နိုင်သေးဘူးပေါ့ …..အခုသွေးသွင်းထားတာပါ…. ဒီအနာရဲ့ဖြစ်စဉ်ကတော့ …..ရှေးရိုးစွဲ​ ပလောင်တိုင်းရင်းသားတို့ရဲ့ အယူအဆတစ်ခုကြောင့်ပေါ့…. ရှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်ထဲက တောအရမ်းကျတဲ့ပလောင်ရွာလေးမှာ သမီးလေးကိုမွေးတော့ တင်ပါးမှာအသားပိုလို အဖုလေးပါလာတယ်…..   အဲ့ဒီလိုမျိုးမွေးရာပါ ပါလာရင်နမိတ်မကောင်းဘူးဆိုပြီး အသားပိုအဖုလေးကို ဆံပင်နဲ့ချည်ပြီးဖြတ်ပစ်လိုက်ကြတယ်…. #မသိခြင်း #ရှေးရိုးစွဲခြင်းရဲ့နောက်ဆက်တွဲပြသနာကတော့ သမီးလေးမှာ ပိုးဝင်ပြီးခုလိုအနာအကြီးကြီးဖြစ်လာတာပါပဲ…. တောင်ကြီးဆေးရုံကြီးမှာပြတော့ခွဲစိတ်ရမယ်ဆိုတာနဲ့ဆေးရုံစရိတ်မတတ်နိုင်လို့ မိဘတွေကရွာပြန်ခေါ်လာကြတယ်…. ရွာစာသင်ကျောင်းမှာ တာဝန်ကျနေတဲ့ ပလောင်တိုင်းရင်းသူဆရာမလေးတစ်ယောက်က မြင်တွေ့ပြီး မန္တလေးဆေးရုံကြီးကို သူကိုယ်တိုင်ဦးဆောင်ပြီးခေါ်လာပေးတာပါ….. လမ်းခရီးစရိတ်မရှိကြလို့ ကျန်းမာရေးဆရာမဆီကငွေတစ်သိန်းချေး​ပြီးလာကြတာ ဟိုပေးဒီပေးနဲ့ကုန်သလောက်ဖြစ်နေပြီ…. သမီးရယ် သူ့အမေရယ် သူ့ဦးလေးရယ် ဆရာမရယ် လူကြီးသုံးယောက်စားစရိတ်ကအရင်ကုန်နေရတာမို့ ခွဲစိတ်ကုသကုန်ကျစရိတ်အပြင် စားစရိတ်ပါထည့်တွက် လှူဒါန်းပေးမှအဆင်ပြေကြရှာမှာပါ….. အလှူရှင်များ ဆက်ပြီးဝိုင်းကူပေးကြပါအုံးနော်…..ကလေးခွဲစိတ်ရမယ့်နေ့သိရရင်ထပ်ပြောပါ့မယ်…. 6.5.20 မနက်ဖြန်ကျရင် ကလေးအတွက် လိုအပ်တာလေးတွေဝယ်​ပေးရင်း သွားတွေ့ပါအုံးမယ်နော်…..။ … Read more
ဒီတိုင်းဆို ညတိုင်းအဲကွန်းကို Timer ပေးပြီးမှ အိပ်ရတော့မယ်
အဲကွန်းနဲ့အိပ်တဲ့ အတွက်ဘာတွေဖြစ်နိုင်မလဲ။ အဲကွန်းနဲ့အိပ်တဲ့သူများ ဖတ်ဖြစ်အောင် ဖတ်သွားပေးပါ။ အဲကွန်းနဲ့အိပ်တယ် ချွေးမထွက်ဘူး အိပ်လို့ ကောင်းတယ် မနက်ကျတော့ လေးလံနေတယ် သွေးပျစ်လို့ ပါ အအေးတွေက ကိုယ်ထဲစိမ့်ဝင်တာပေါ့ တညလုံး အေးနေတာ ညဆိုတာ ၁၂ နာရီကျော်တာနဲ့ အပူ ချိန်ပြောင်းပြီ သွေးပျစ်တော့ လူလည်း မကျန်းမာတော့ဘူး ။ အအေးလွှတ်ထားတော့ ချွေးလည်းမထွက်တော့ ဘူး ။ အခိုး ပိတ် သွားပြီ အခိုး ဆိုတာ မြန်မာ့ဆေးပညာရပ် မှာဘဲရှိပါတယ်။ အနောက်တိုင်းဆေးပညာအရ လုံးဝနားမလည်နိုင်ပါ။ အခိုးပိတ် လို့  ရောဂါ ရ နိုင် ပါတယ်။ ဂျပန် ပညာရှင်သုတေသနအရ ကိုယ်အနွေးဓာတ်လျော့နည်းခြင်း ကကိုယ်ခန္ဓာ ၏ရောဂါခုခံအားကို ကျဆင်းစေပါသည်။ ကိုယ်အနွေးဓာတ် သည် … Read more
သိက္ခာရှိအောင်နေ မေတ္တာရှိတဲ့သူတွေ မင်းဘဝထဲရောက်လာလိမ့်မယ်။
ကိုဗစ် ကြိုတင်ကာကာကွယ်ရေးကာလ အများပြည်သူအကျိုးအတွက် မုန့်ဖိုးလေးထဲကဖဲ့လှူတာတဲ့ဗျာ
မော်လမြိုင် RESCUE လူမှုကယ်ဆယ်ရေးအဖွဲ့သို့အလှူငွေ (၂)သောင်းကျပ် လာရောက်လှူဒါန်း ဖခင် ဦးဌေးဝင်း နှင့် မိခင် ဒေါ်စန္ဒာအောင် တို့၏(၃၂)နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည် အထိမ်းအမှတ်အဖြစ်သမီးဖြစ်သူ မသဇင်နွေးနွေး မှ မုန့်ဖိုးထဲမှဖဲ့၍ #အလှူငွေ (၂)သောင်းကျပ် တိတိအား မော်လမြိုင် RESCUE လူမှုကယ်ဆယ်ရေးအဖွဲ့၏ ကိုဗစ် ကြိုတင်ကာကာကွယ်ရေးကာလ အများပြည်သူအကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရာ၌အသုံးပြုရန် လာရောက် လှူဒါန်းပေးခဲ့ပါသည်။ ယခုလို လှူဒါန်းပေးပါသော အလှူရှင်များနှင့်တကွမိသားစုဝင်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ ယခုထက်မက လုပ်ငန်းကိုင်ငန်း များ အဆင်ပြေ၍ ဘေးဘယာများ ကင်းဝေးပါ စေကြောင်းမော်လမြိုင် RESCUE အဖွဲ့မှ ဆုမွန်ကောင်းများ တောင်းပေးလိုက်ပါသည်ခင်ဗျား။ မော်လမြိုင် RESCUE လူမှုကယ်ဆယ်ရေးအဖွဲ့ 09 784 784 199 09 785 785 … Read more
ကဆုန်လပြည့်နေ့မှာ သာသနာ့ဘောင်ထဲ ဝင်ရောက်ခဲ့တဲ့ သရုပ်ဆောင် ဘုန်းလျှံ . . .
ရုပ်ရှင်သရုပ်ဆောင် ဘုန်းလျှံကတော့ မကြာသေးခင်ကပဲ အပြစ်ဒဏ်ကျခံရာကနေ လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ် ။ ပရိသတ်တွေရဲ့အရှေ့ကို ပြန်လည်ရောက်ရှိလာတဲ့ ဘုန်းလျှံကို အားလုံးကနွေးနွေးထွေးထွေး ကြိုဆိုခဲ့ကြတာလည်းဖြစ်ပါတယ်။ အခုဆိုရင် ဘုန်းလျှံက ဘဝကိုအသစ်နေပြန်စပြီး ကောင်းမှုကုသိုလ်တွေလည်း ပြုလုပ်နေတာ ဖြစ်ပါတယ် ။ ဒီနေ့မေလ(၆) ရက် ကဆုန်လပြည့်နေ့အခါသမယမှာတော့ သရုပ်ဆောင်ဘုန်းလျှံက ရဟန်းဘဝကိုခံယူလိုက်တာပဲ ဖြစ်ပါတယ် ။ ဘုန်းလျှံက အလိုတော်ပြည့်ကျောင်းတိုက်မှာ ဒီနေ့ကစပြီး ရက်အတော်ကြာအောင် ရဟန်းဝတ်မှာပဲ ဖြစ်ပါတယ် ။ သရုပ်ဆောင်ဘုန်းလျှံရဲ့ ရဟန်းခံအလှူမှာတော့ ခန့်စည်သူကလည်း တစ်ဖက်တစ်လမ်းကနေ ပါဝင်ကုသိုလ်ယူခဲ့တာ ဖြစ်ပါတယ် ။ ဒါကြောင့် ဘုန်းလျှံက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ “ကိုခန့်စည်သူရဲ့အလှူ…..သာဓုသာဓုသာဓုပါ ……”ဆိုပြီး တင်ထားတာ ဖြစ်ပါတယ် ။ ခန့်စည်သူကတော့ ရဟန်းဖြစ်သွားတဲ့ ဘုန်းလျှံကို သူကိုယ်တိုင်ဆွမ်းကပ်လှူဒါန်းခဲ့တာလည်း ဖြစ်ပါတယ် ။ ကဲ … Read more
ဗုဒ္ဓရဲ့ အဆုံးအမတွေကို ကျင့်ကြံ လိုက်နာပြီး ကပ်ရောဂါဆိုးကို စုပေါင်း တွန်းလှန်ဖို့ ကုလသမဂ္ဂ တိုက်တွန်း . . .
ကပ်ရောဂါ ဖိစီးမှု ကြုံနေရတဲ့ လက်ရှိ ကာလမျိုးမှာ ဗုဒ္ဓ ဘုရားရှင်ရဲ့ အဆုံးအမတွေကို ကျင့်ကြံ လိုက်နာကြဖို့ ပိုပြီး အရေးကြီးလာကြောင်း ကဆုန်လပြည့်နေ့ အထိမ်းအမှတ် သတင်းစကားအဖြစ် ကုလသမဂ္ဂ အကြီးအကဲက ပြောကြားလိုက်ပါတယ်။ မေလ ၆ ရက်ဟာ ကဆုန်လပြည့် ကျရောက်ပြီး ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွဋ်အမြတ် နေ့ထူးနေ့မြတ် တစ်ခုအဖြစ် သတ်မှတ် ခံထားရပါတယ်။ ကဆုန်လပြည့်နေ့မှာ ဗုဒ္ဓအလောင်းအလျာ မင်းသားကို ဖွားမြင်ခဲ့သလို ဂေါဓမ ဗုဒ္ဓ ဘုရားပွင့်တဲ့၊ ပရိနိဗ္ဗာန်ပြုတဲ့ နေ့လည်း ဖြစ်ပါတယ်။ ဗုဒ္ဓ ဖွားမြင်မှု၊ ဘုရားပွင့်မှုနဲ့ ပရိနိဗ္ဗာန် ပြုမှုတွေကို အောက်မေ့ ဂုဏ်ပြုတဲ့ နေ့ထူးနေ့မြတ်မှာ ဗုဒ္ဓရဲ့ အဆုံးအမတွေကိုလည်း မှတ်မှတ်ထင်ထင် လေးစား လိုက်နာကြဖို့ ကုလသမဂ္ဂရဲ့ အတွင်းရေးမှူးချုပ် အန်တိုနီ … Read more